Tuesday, April 10, 2012

အတာသင်္ကြန်ပွဲ ...ဆင်ကာနွှဲ..



ဧပြီလလယ်.. ရောက်တာနဲ့ ပြည်တွင်းကော ၊ ပြည်ပမှာရှိကြတဲ့ မြန်မာတွေ သင်္ကြန်ပိုး ထလာတတ် ကြပါတယ်။  မြန်မာနိုင်ငံမှာဆို ရပ်ကွက်တိုင်း၊ ရွာတိုင်းမှာ သင်္ကြန်းမဏ္ဍပ်တွေ၊ စတုဒိသာအလှူမဏ္ဍပ်    တွေနဲ့အတူ သင်္ကြန်းသီချင်းတွေကလည်း လူငယ်၊လူကြီးမရွေး သင်္ကြန်းစိတ်ကိုး နိုး ဆွပေးနေသလိုပါပဲ။

ပြည်ပရောက်မြန်မာများမှာတော့ အင်တာနက်မှာရှိတဲ့ သင်္ကြန်သီချင်းများ နားထောင်ရင်းနဲ့ သင်္ကြန်ပိုး ထကြရ သည်ပေါ့။

မြန်မာပြည်မှာတော့ တရားဝင်ရုံးပိတ်ရက်ဖြစ်လို့ သင်္ကြန်အကြို ၊  သင်္ကြန်အကျ ၊ သင်္ကြန်အကြတ်၊ သင်္ကြန်အတက် ၊ နှစ်ဆန်းတစ် ရက်နေ့ထိအောင် အလုပ်နားလို့  ပျော်ပျော်ပါးပါး   မော်တော်ကားနဲ့ ရေး စကားကြမည်ပေါ့။

ပြည်ပရောက် မြန်မာများမှာတော့ လူကြီး၊လူငယ်စုပေါင်းပြီး ခန်းမတစ်ခုငှားကာ မြန်မာသင်္ကြန်အတု တစ်ရက်တော့ ကျင်းပကြပါတယ်။ သင်္ကြန်အတုလို့ ပြောရတာက မြန်မာပြည်မှာလို့ ပတ်ဝန်ကျင် တခုလုံး သင်္ကြန်မကျပဲ၊ မြန်မာလူများသာ သင်္ကြန်ကျရတော့ခြောက်ကပ်ကပ်ဖြစ်နေရသလို.ရာသီဥတု အေးတဲ့နိုင် ငံ   တွေ မှာဆို  ရာသီဥတု အေးလို့ ရေမကစားရပဲ သင်္ကြန်းပွဲကို  မိန်းကလေးများ လှလှပပ ကြွကြွရွရွ ဝတ်သွားလို့မရပဲ ထူထူထဲထဲ ဝတ်ပြီး သွားရပါတယ်။

ဘာပဲဖြစ်ဖြစ်လေ ကိုယ့်လူမျိုး၊ ကိုယ်ယဉ်ကျေးမှုကို မပျောက်ပျက်အောင်  ဘယ်နေရာ ၊ဘယ်ဒေသ   ရောက်ရောက်  ထိမ်းသိမ်းထားဟာ ကောင်းမြတ်တဲ့အစဉ်အလာတခုပါ။

ပိုပြီးချစ်စရာကောင်းတဲ့ မြန်မာသင်္ကြန်ယဉ်ကျေးမှုလေးယဉ်ကျေးမှုလေးက..  ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေ တဲ့ မြန်မာ့ဓလေ့ပါ။ မြန်မာ့နှစ် သစ်ကူးမဂ်လာ သင်္ကြန်အခါဟာ ဗုဒ္ဓဘာသာနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့်။ သင်္ကြန်းရက်တွင်းမှာ  စတုဒိသာ အလှူဒါနတွေ ပေးလှူတာ၊ ကျောင်း၊ကံ၊ဘုရားသွားပြီး  ဥပုသ်သတင်းဆောက်တည်တာ၊ သတ္တဝါတွေ ဘေးမဲ့ပေတာ၊ သက်ကြီးရွယ်အိုဆွေကို လက်သဲချေသဲ ညှပ်ပေတာ၊ ခေါင်းလျှော်ပေးတာ သိပ်ကောင်တဲ့အလေ့အထလေးပါ။ 
ပန်းပိတောက်နှင့်အတူ..


မြန်မာ့သင်္ကြန်သမိုင်းနဲ့ပတ်သတ်လို့ တော်ဝင်FM  
မှ တင်ဆက်ထာတဲ့ .. မှတ်သားဖွယ်ရာများကို တင်ပြလိုက်ပါတယ်။

ဘာသာတိုင်း လူမျိုးတိုင်းမှာ နှစ်သစ်ကူးပွဲတော်ဆိုတာ ရှိပါတယ်။    မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ဟာ အခြားသော နိုင်ငံများရဲ့ ပွဲတော်များနဲ့ မတူပဲ ထူးခြားလှပါတယ်။ ဘာကြောင့်လဲဆိုတော့   မြန်မာလူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော်ကို အတာရေ ပက်ဖျန်းပြီး ကျင်းပကြလို့ဖြစ်ပါတယ်။

 နှစ်ဟောင်းက အညစ်အကြေးကို နှစ်သစ်ကို သယ်ဆောင် မသွားချင်တဲ့သဘောနဲ့ အတာရေးနဲ့ ပက်ဖျန်းပြီး ကျင်းပကြ တာဖြစ်ပါတယ်။
 မြန်မာ့ရာသီ စက်ဝန်းရဲ့ ပထမဆုံးသောလဟာ တခူးလဖြစ်ပါတယ်။ နှစ်ဟောင်း ကုန်ဆုံးပြီး နှစ်သစ်ကူးတဲ့ တကူးလမှာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကျင်းပကြပါတယ်။ သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ ပါဠိဘာသာ သင်္ကန္တ၊ သက္ကဘာသာ သကြန္တမှ ဆင်းသက်လာပါတယ်။ သကြန္တမှ တဖျောက်ပြီး သင်္ကြန်းဆိုတာ ဖြစ်လာပါတယ်။ ဝေါဟာရလီနတ္တဒီပနီမှာတော့ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုလ် သင်္ကြန်တာ ကူးပြောင်းသောကြောင့် တခူးလဟုခေါ်ကြောင်း ဖ်ာပြထားပါတယ်။  မြန်မာ့အဘိဓာန်မှာတော့ ၁၂-လရာသီမှာ  နှစ်ဟောင်းမှ နှစ်သစ်ကူးတဲ့အချိန်းအခါသမယ ဖြစ်ပြီး ရေးပျက်ဖျန်း၍ ကူးပြောင်းသော   ကြောင့် သင်္ကြန်ဟုခေါ်ကြောင်း ဖော်ပြထားပါတယ်။

သင်္ကြန်ရဲ့မူလအစက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်မရှိခဲ့ပါဘူး ။ ဟိန္ဒူတွေရဲ့ ဘာသာရေးပွဲတော် တခုသာဖြစ်ပါတယ်။

တခါတုန်းက ဓရမဆိုတဲ့ ဗြဟ္မာမင်းတပါးဟာ နတ်အပေါင်းတို့ရဲ့ ဘုရင်ဖြစ်တဲ့ သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီလို စစ်ရှုံခဲ့တဲ့အတွက် သကြားမင်းဟာ ဗြဟ္မာမင်းရဲ့ ဦးခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သကြားမင်းဟာ ပျက်သွားတဲ့ ဗြဟ္မာမင်းရဲ့ ဦးခေါင်းနေရာမှာ ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို အစားထိုးဖို့  ဗြဟ္မာမင်းကို ညှိနိုင်းပါတော့တယ်။ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်းဟာ သကြားမင်းရဲ့ ညှိနှိုင်းမှုကို  သဘောတူရခဲ့ရပါတယ်။

 ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား “ကနေဇာ”  ဖြစ်လာ ပါတယ်။ ဒါပေမယ့်  ဗြဟ္မာမင်းဟာ အလွန်တန်ခိုးကြီးတဲ့အတွက် ပျက်သွားတဲ့ ဦးခေါင်းကို ပင်လယ် ထဲမျောပစ်ရင် ပင်လယ်ရေ ခန်းခြောက်သွားမယ်။ မြေကြီးပေါ်တင်မယ်ဆိုရင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲပြတ် သွားနိုင်းပါတယ် ။ အကယ်၍များ မိုကောင်းမထဲကို  ပစ်လိုက်မယ်ဆိုရင်လည်း မိုးကောင်းကင် တစ်ခုလုံး မီးတောက်လောင်သွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သကြားမင်းကို  ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို အဲဒီလို ပျက်စီး မှုတွေ မဖြစ်စေဖို့အတွက် ဗြဟ္မာမင်းဦးခေါင်းကို  နတ်သမီးတွေလက်ထဲမှာ တစ်နှစ်တခါ အလှည့်ကျစီ ကိုင်ထားရမယ်ဆိုပြီး အဲဒီလို တနှစ်ကုန်လို့ နောက်တနှစ်ကူးပြောင်းတဲ့ အလှဲ့ပြောင်းတဲ့အချိန်ကို သင်္ကြန်းပွဲတော်အဖြစ် ဆင်နွဲခဲ့ကြပါတယ်။ 
အတာရေ ပက်ခါဖျန်း


သင်္ကြအကြိုနေ့နဲပတ်သတ်ပြီး ပထမဦးဆုံးတွေ့ရှိချက်က ဥပေါသထမင်းကြီး ရဲ့ ခေါင်းဆေးမဂ်လာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်တခါ ဦးခေါင်းတော် ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါ တယ်။

 မြန်မာမင်း များကလည်း အဲဒီအချိန်ရောက်ရင် ယခု မော်လမြိုင် ၊ မုတ္တမှာရှိတဲ့ ခေါင်းဆေး ကျွန်းမှာ ခေါင်းဆေးလေ့ရှိပါတယ်။ သင်္ကြန် အကျနေ့မှာတော... သကြားမင်းဟာ နတ်ပြည်ကနေ လူပြည်ကို ဆင်းသက် လာပါတယ်။ အဲဒီလို ဆင်းသက်လာတဲ့ အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖောက်ကြပါတယ်။

အဲဒီအခါ လူတွေဟာ အတာအိုး ထဲမှာ ရေထည့်လို့ သပြေခက်နဲ့  မြေကြီးကို ရေဖျန်းကာ ပူဇော်ကြပါတယ်။ အဲဒီအခါမှာတော့   ဘုရင်ဆရာများဖြစ်တဲ့ ၊ အန္ဒိယမျိုးနွယ် ဗြဟ္မဏပုဏ္ဏများက နှောင်လာမယ့်နှစ် အတွက်ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေညာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သကြားမင်းက ဘယ်တိရစ္ဆာန်ကို စီးပြီး ဘာကို ကိုင်လာသလဲဆိုတာ အခြေခံပြီး ဟောတာဖြစ်ပါတယ်။

 ကလေးတွေကို အဲဒီအချိန်မှာ လူကြီးတွေ ပြောလေ့ပြောထရှိတာက ကောင်းတာလုပ်တဲ့သူရဲ့ အမည်းစာရင်းကို  သကြားမင်းက ရွှေပရဗိုရ်မှာ  ရေးမှတ်ထားပြီး ဆိုးသွမ်းသူရဲ့ အမည်စားရင်း ကို ခွေသားရေး ပရဗိုဇ်မှာ ရေးမှတ်ထား တယ်လို့ ပြောလေ့ ပြောထ ရှိပါတယ်။  သင်္ကြန်အကြတ်နေ့ မှာလည်း သကြားမင်းဟာ အထက်က လိုပဲ ကောင်းမှု ကုသိုလ်ပြုလုပ်သူတွေကို ရွှေပရဗိုရ်မှာ ရေးမှတ်၊ မကောင်းတဲ့ သူတွေကို ခွေသားရေ ပရဗိုရ်မှာ ရေးမှတ်ပြီး အတက်နေ့မှာတော့ လူပြည်ကနေ နတ်ပြည်ကို ပြန်တတ်သွားတယ်လို့ ဆိုလေ့ရှိပါတယ်။


တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူဝါဒ ယုံကြည်မှုထုံလမ်းစဉ်လာမှ ဆင်းသက်လာခဲ့တာပါ။ ဒါပေမယ့် ပညာရှင် ကဝိများက  ထေရဝါဒဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးက စလို့ ရှင်ပြုခြင်းဓလေ့  ဘုရားကျောင်းကံများမှာ ဥပုသ်သီလဆောက်တည်ခြင်းဓလေ့၊ လူကြီးသူမတွေကို   ခေါင်းလျှော်ပေးခြင်း ၊ ခြေသဲ၊ လက်ညှပ်ပေးခြင်း ၊ သတ္တဝါတွေကို ဘေးမဲ့ပေးခြင်းဓလေ့   တွေနဲ့ ပေါင်းစပ် ခဲ့ကြတာဖြစ်ပါတယ်။ 


သင်္ကြန်းအခါ.တရားဘာဝနာပွားများကာဖြင့်
သင်္ကြန်ပွဲတော်ကို တချိန်က ဟိန္ဒူယဉ်ကျေးမှု အလွမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှတော်တော်များများမှာ နှစ်သစ်ကူးပွဲတော် အဖြစ်ကျင်းပကြပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံ၊ ထိုင်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ ကမ္ဘောဒိယာ နိုင်ငံတွေမှာ ဆက်လက်ကျင်းပ ဆဲဖြစ်တာကိုတွေ့ရပါတယ်။



သင်္ကြန်လို့ဆိုလိုက်တာနဲ့ လူတွေရဲ့စိတ်ထဲမှာ အလိုလိုမြူးကြွလာ ကြပါတယ်။ တချို့ကတော့ သင်္ကြန်ရက်တွေ မှာ ရိပ်သာဝင်ခြင်း ၊ သာသာနာ့ဘောင်ဝင်ခြင်း ၊ ဥပုသ် သီလဆောင်တည်းခြင်းများနဲ့ သင်္ကြန်ရက်ကို ကုန်ဆုံးစေပြီး ။ တချို့ကတော့ သင်္ကြန်   ရေသဘင်ပွဲတော် ကို နွှဲပျော်ရင်း သင်္ကြန်းအခါကိုပျော်ပျော်ကြီး ဖြတ်သန်းကြပါတယ်။  

မြန်မာ့ရိုးရာ ပွဲတော်များအနက် သင်္ကြန်ပွဲတော်ဟာ ရက်အကြာဆုံး ကျင်းပတဲ့ ပွဲတော်တစ်ခု လည်း ဖြစ်ပါတယ်။  သက်ြန်ပွဲတော်ကို အကျိုနေ့၊ အကျနေ့ ၊ အကြတ်နေ့၊ အတက်နေ့ နှစ်ဆန်းတစ်ရက်နေ့ စသဖြင့် ( ၅) ရက်တိုင်တိုင်ကျင်းပကြပါတယ်။ အချို့နှစ်တွေမှာတော့ အကျနေ့ကို ၂-ရက် သတ်မှတ်ပြီး   ၆-ရက် ကျင်းပကြပါတယ်။ ရေသဘင် ပျက်ဖျန်းတဲ့ပွဲတော်ကိုတော့ အတက်နေ့အထိပဲ ကျင်းပကြပြီး ။ အချို့ဒေသ တွေမှာတော့ နှစ်ဆန်း ၁-ရက်နေ့အထိကျင်းပကြ တာကို လေ့လာတွေ့ရှိရပါတယ်။ နှစ်ဆန်း ၁-ရက်နေ့ ရောက်တဲ့ အခါမှလည်း ရက်ကွက်အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် သံဃာတော်များကို ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်များကို နာကြားကြပါတယ်။ အချို့ကလည်း  စတုဒီသာကျွေး ၊ တိရစ္ဆာန်တွေကို ဘေးမဲ့ ပေးကာ ကုသိုလ်ယူကြပုံကို..

“နွားကြီးလည်း ပါသဟေ့..၊
 ကြောပေါ်မှာ ရွှေကောဇော ၊
 အမွေးကော ရွှေသနပ်ခါး၊
 ဂျိုးပြားမှာ ပိတောက်ပန်းတွေက၊
 အလျှမ်းလျှမ်း ရွှေအဆင်း၊
   နွားစိတ်ထဲ အခဲသားဝင်လိုက်ရရင်ဖြင့်၊
  ရွှင်လိုက်မည့်ဖြစ်ခြင်း  ..။

စသည်ဖြင့် ..
ဆရာဇော်ဂျီက တစ်ခုသော သင်္ကြန်ကဗျာမှာ သတ္တဝါတွေ ဘေးမဲ့ပေးပုံကို ရေးစပ်ထားပါတယ်။
သင်္ကြန်ရောက်ပြီးဆိုတာနဲ့ သင်္ကြန်မဏ္ဍပ်များမှာ အဓိက ကျွေးမွေးတဲ့ အစားအစာ အချို့ကတော့ မှုန့်လုံး ရေပေါ်ပဲဖြစ်ပါတယ်။   ဖရောင်းနံ့စွဲနေအောင်ခိုးသက်ထားတဲ့အိုးမှာ ဆန်ထည့်ပြီး   ရေခန်းချက်ကာ ရိုးရိုးရေ သိုမဟုတ် ဖရောင်းနံ့သင်းတဲ့ ရေမှာစိမ်ထားပြီး သင်္ကြန်ထမင်းနဲ့ ငါးခြောက်ကျော်စသည်တို့ကို  ကျွေမွေးကြပါတယ်။ အချို့ကလည်း မုန့်လက်ဆောင်၊ ရွှေရင်အေး စသည့်ဖြင့် တက်နိုင်ရာရာ မုန့်များကို ပြုလုပ်ပြီး တအိမ်နှင့် တအိပ်ပေးလှူကြတာဟာဖြင့် မြန်မာ လူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့တခု    ဖြစ်ပါတယ်။  မြန်မာတွေရဲ့ သဒ္ဓါတရားထက်သန်ပုံကိုလည်း..

သင်္ကြန်တွင်းမှာ တရားဘာဝနာပွားများကာဖြင့်...
ဒါနက တဝေဝေ..၊
 ရေတွေက တရွဲရွဲ..၊
 ပျော်ပွဲက တဝင်းဝင်း၊
  ကဲလို့သာဆိုရင်တော့၊
 အရွယ်သင့် အရွယ်ငယ်၊
 မြန်မာလို့ထင်လိုက်ကြ..။

ဆိုပြီး ရှေးစာဆိုများက ဖွဲ့ဆိုခဲ့ကြပြန်ပါတယ်။
သင်္ကြန်ပွဲတော်ဟာ ရိုးရာ အစဉ်အလာများထင်ဟပ်နေတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ   ကောင်းမြတ် အေးချမ်းသာယာလှပပြီး  ယဉ်ကျေးသိမ်မွေ့တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀-စုနှစ်များအတွင်း မြန်မာ ပွဲတော်ဆင်နွဲရာမှာ သင်္ကြန်အကများကို စီစဉ်၍ ဆုချီးမြှင်ခဲ့ကြပါတယ်။   ရေပက်ခံအဖွဲ့မှလည်း တဖွဲ့နှင်တဖွဲ့ သံကြပ်များထိုးကာ ကျီစယ်ကြပါတယ်။

ဒါကြောင့် ပြည်တွင်းကော ၊ ပြည်ပမမှာပါ.. ကြည်နှုးဖွယ်ကောင်းသော မြန်မာ့သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါဟု တိုက်တွန်းရင်းဖြင့်…။

သကြန်းပိုးထသူများအတွက်…။

No comments:

Followers

My Blog List