Saturday, April 7, 2012

ရုပ် ၂၈ ပါး

ရုပ်= မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘော

စိတ်ကလည်း ဖောက်ပြန်တတ်ပါတယ်။ သို့သော်လည်း  စိတ်ဖောက်ပြန်ခြင်းဟာ သိပ်မြန်ဆန်လွန်းလို့  မျက်မြင် ထင်ထင်ရှားရှား မတွေ့နိုင် ၊ ရုပ်ကြတော့ သိနိုင်ပါတယ်။

မဟာဘုတ် ၄-ပါး
အခြေခံအကျဆုံးဖြစ်လို့ မဟာဘူတ= မဟာဘုတ်လို့ခေါ်တယ်။
ပထဝီ = မာမှု၊ ပျော့မှု၊ ကြမ်းတမ်းမှု၊ ၊ နူးညံ့မှု၊
အာပေါ = ယိုစီးမှု၊ ဖွဲ့စည်းတတ်သော သဘော။
တေဇော = ပူမှု ၊ အေးမှု
ဝါယော = တွန်းကန် ထောက်ကန်တတ်သော သဘော။

ဥပါဒါရုပ် ၂၄-ပါး
မဟာဘုတ်လေးပါးကို အမှီပြုဖြစ်လို့ ဥပါဒါလို့ခေါ်တယ်။
ပသာဒရုပ် - ၅ပါး
၁) စက္ခုပသာဒ
၂) သောတပသာဒ
၃) ဃာနပသာဒ
၎) ဇိဝှာပသာဒ
၅)ကာယပသာဒ

ဝိသယရုပ် ၇-ပါး
ပါဠိတော်တွေမှာ - ဝိသယ ၊ အာရမ္မဏ ၊ ဂေါစရဟု သုံးမျိုးတွေ့နိုင်ပါတယ်။
၁) ရူပါရုံ
၂) သဒ္ဒါရုံ
၃) ဂန္ဓာရုံ
၎) ရသာရုံ
၅) ဖောဋ္ဌဗ္ဗာရုံ ( ပထဝီ၊ တေဇော၊ ဝါယော) မဟာဘုတ်လေးပါး အပေါင်း။
အဘိဓမ္မာသဘောအရ - အာပေါဓာတ်ကို တွေ့ထိ၍မရ။

ဘာဝရုပ် ၂-ပါး
ဣတ္ထိဘာဝရုပ် ၊ ပုမ္ဘာဝရုပ်

ဟဒယရုပ် -၁
နှလုံးအိမ်အတွင်း ကံကြောင့်ဖြစ်သော သွေးတစ်မျိုး။

ဇီဝိတရုပ်-၁
ရုပ်တို့ကို မပုပ်မသိုးအောင် ၊ မဆွေးမြေ့အောင် စောင့်ရှောက်တတ်သောအသက်။
အာဟာရရုပ် -၁
အစားအသောက်ထဲတွင်ပါသော သြဇာဓာတ်။



ဤမဟာဘူတ ၄+ ပသာဒ ၅+ ဝိသယ ၄+ ဘာဝ ၂+ ဟဒယ + ဇီဝိတ + အာဟာရ = ၁၈ ပါးတို့ကို

  • သဘာဝရုပ် = တကယ့်ဖောက်ပြန်တဲ့ရုပ်
  • သလက္ခဏရုပ် = သဘောလက္ခဏာရှိသောရုပ်
  • နိပ္ဖန္နရုပ် =  ( ကံ၊ စိတ်၊ ဥတု၊အာဟာတို့က ဖြစ်စေသောရုပ်)
  • ရူပရုပ်=  (တကယ်ဖောက်ပြန်သောရုပ်)
  • သမ္မသနရုပ် ( လက္ခဏာရေးသုံးပါ ဆင်ခြင်ရသောရုပ်) အခြားအမည်များဖြင့်လည်း ခေါ်ဝေါ်။ 
==================================================

အကာသရုပ် = ၁ ဟင်လင်ပြင်ဖြစ်သောသဘော
ဝိညတ်ရုပ် = ၂ သိစေခြင်း သဘော။
ကာယဝိညတ်၊ ဝစီဝိညတ်
ဝိကာရရုပ် - ၅ပါး
ကာယဿလဟုတာ - ပေါ့ပါးသည့်သဘော
ကာယဿမုဒုတာ - နူးညံ့မှုသဘော
ကမ္မညတာ အမှု၌ ခန့်သောသဘော

လက္ခဏရုပ် ၄-ပါး
အမှတ်အသားဖြစ်သော သဘော
ဥပစယ- ပထမဖြစ်သော သဘော
သန္တတိ - ပထမဖြစ်ပြီး ဖြစ်သောအခိုက်အတန့်သဘော
( ဇာတိတစ်ခုတည်းကိုပင် အဘိဓမ္မာ၌   ဥပစယ၊ သန္တတိ အမည်နှစ်မျိုးတွေ့ရ။

ဇရတာ - အိုမင်းရင့်ရော်ခြင်း
အနိစ္စတာ -  မမြဲခြင်း
ဤ အာကာသရုပ် ၁+ ဝိညတ်ရုပ် ၂+ ဝိကာရုပ် ၃+ လက္ခဏရုပ် ၄ = ၁၀ပါးကို
  • အဘာဝရုပ်
  • အလက္ခဏရုပ်
  • အနိပ္ဖန္နရုပ်
  • အရူပရုပ်
  • အသမ္မသနရုပ်  ခေါ်ဝေါ်ကြပါသေးသည်။

No comments:

Followers

My Blog List