Wednesday, February 29, 2012

တွေဝေ မိန့်မောသူ အေးချမ်းမှု့ မရနိုင်


ဗုဒ္ဓနည်းအရ
 မင်္ဂလာတရားတော်များနဲ့ နေကြမယ်ဆိုရင်.. လူးသားတိုင်း . ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြမှာဖြစ်ပါတယ်။ 

မင်္ဂလာယဉ်ကျေးမှု့တွေနဲ့ နေကြတဲ့သူတွေကို .. နေရာတိုင်းမှာ ယဉ်ကျေး လိမ္မာ၊ ပညာရှိပြီး ၊ ဖြူစင် ရိုးသား ကူညီခြင်းများကြောင့် မြင့်မြတ်တဲ့ သူတော်ကောင့်အဖြစ် သတ်မှတ်ကြပါလိမ့်မယ်။ 

မင်္ဂလာလူမှု့ ပေါင်းသင်းဆက်ဆံရေးဟာ.. လူမျိုးမရွေး ၊ ဘာသာမရွေး၊ အရုပ်အလှ၊ အမြတ်အရွေး လူးသားတိုင်း လက်ခံကျင့်သုံးသင်တဲ့ လမ်းစဉ်တစ်ခုပါ။

မင်္ဂလာယဉ်ကျေးမှုများနဲ့ ပြည့်စုံကြမယ်ဆိုရင်..  ကမ္ဘာ့  နေရာတိုင်းမှာ အေးချမ်း ၊ တည်ငြိမ်၊ ပျော်ရွှင်မှုများနဲ့ပြည့်စုံတဲ့ မင်္ဂလာရှိသော ကမ္ဘာကြီးဖြစ်လာမှာပါ။

မြတ်ဗုဒ္ဓရဲ့ 
မင်္ဂလာယဉ်ကျေးမှု အကြံပြုချက်များဟာ မိမိတို့ ယုံကြည်မှုများကို အခြေခံထား၍   လူမှုပတ်ဝန်ကျင်နဲ့ သင့်လျှော်မည့် အချက်များကို ယူကာ  ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်ဟော်လည်း မင်္ဂလာယဉ်ကျေးမှုများကို လိုက်နာခြင်းအားဖြင့် လောကကောင်းကျိုးတွေကို ရရှိခံစားနိုင်ပါတယ်။ 

ကိစ္စများမြောင် လူတို့ဘောင်မှာ.. 
စိတ်တင်းကြပ်မှုများနဲ့  ပြည့်နက်နေကြပါတယ်။   တကယ်တော့ ဒီစိတ်တင်းကြမ်မှုတွေဟာ ကိုယ်တိုင်းဖန်တီး ယူကြတာပါ၊

 စိတ်လှုပ်ရှားမှုတွေများလာတဲ့ အမျှ  နှလုံးခုံနှုန်းတွေ ၊ တောင်းဆိုမှုတွေကြောင့် ကိုယ်ကလည်းဂနာမငြိမ်တော့ပါဘူး။  

ဒီတင်းကြမ်မှုမျိုးတွေက
 ခန္ဓာကိုယ်ရဲ့ အင်အားတွေကို ကျဆင်းစေပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  ပုံမှန် မှန်မှန်ကန်ကန် မဆောင်ရွက်နိုင်တော့ပဲ .. အမှားများစွာပြုလုပ်မိကြပြီး .. အကျိုးဆိုးတွေကို ခံစားကြရတတ်ပါတယ်။

မင်္ဂလာယဉ်ကျေးမှု့များနဲ့
 နေကြမယ်ဆိုရင်တော့ လောကဝန်ထုပ်ဝန်ပိုးတွေ  လောကပြဿနာတွေ ကင်းဝေပြီး   အေးအေး ချမ်းချမ်း နေကြရပါလိမ့်မယ်။  လောကကြီးမှာ တွေတွေ ဝေဝေနဲ့ အာရုံငါးပါး ကာမဂုဏ်များကို ခံစားပြီး မာန၊ လိုချင်မှု၊ မနာလိုဝန်တိုမှုများနဲ့ နေကြမယ် ဆိုရင် ဘယ်တော့မှ  တည်ငြိမ်အေးချမ်းမှုကို ရနိုင်မှာမဟုတ်ပါ။ 

အနောက်တိုင်း....စကားပုံအရပြောရရင်တော့…
တွေဝေ မိန့်မော ၊ ဥာဏ်ပညာနည်ပါးသူထံမှာ အေးချမ်းမှုဆိုတာ မရှိနိုင်ပါ” တဲ့။

No comments:

Followers

My Blog List