ကလေးများတို့ရေ..
ရှေးတုန်းက မိန်းမတစ်ယောက်မှာ မျောက်နီစပ်ကလေးနှင့်တူသော သားကလေးတစ်ယောက်
မွေးဖွား၍ “နီစပ်” ဟုနာမည်ပေးသတဲ့၊
ထိုနီစပ်ကလေး လူပျိုအရွယ်ရောက်လာတဲ့အခါ မျောက်နီစပ်နှင့် တူတုန်းပင်ဖြစ်၍
အားလုံးက “နီစပ်” ဟုပင်ခေါ်ကြ၏။ အသက်ကြီး၍ မိန်းမရသည့် အခါလည်း
မျောက်နီစပ်နှင့်တူမြဲတူနေသောကြောင့် “ နီစပ်ကြီး..နီစပ်ကြီး” ဟုခေါ်မြဲ
ခေါ်နေကြသတဲ့။
ငယ်ငယ်က
မျောက်နီစပ်နှင်တူသူသည် ကြီးတော့လည်း
မျောက်နီစပ်နှင့်တူသကဲ့သို့ …ထို့အတူ ကလေးများသည် ငယ်ငယ်က မလိမ္မာလျှင်
လူပျိုဘဝ အပျိုဘဝရောက်သော်လည်း လိမ္မာကြမည်မဟုတ်၊ တစ်သက်လုံး လူမိုက်ဘဝနှင့်
အညွန့်တုံးပြီး နောက်သေသည့်အခါ ဆင်းရဲ သော မိဘတို့ထံ ပြန်ရောက်ဖို့နှင့် ငရဲကျဖို့သာ
ဖြစ်ကြပေလိမ့်မည်။
ဤ- မြန်မာပြည်ထောင်စုသည်
လူမတရား
လူမိုက်များနေသော ပြည်ထောင်စုကြီးဖြစ်ဖို့ရာ ကလေးများ အရွယ် ငယ်ခါကစ၍ အစွမ်းကုန်
လိမ္မာကြစေလိုသောကြောင့် ဤ- မင်္ဂလသုတ်ကို ဖတ်ချင်စဖွယ် - မှတ်သားဖွယ်-
မှတ်သားလွယ်အောင် ကြိုးစား၍ ရေးပေးခဲ့ပါမည်။
မင်္ဂလာရှိသောကလေးများဖြစ်ကြပါစေ…
ကလေးအရွယ်လိမ္မာမှ
ကြီးရင့်က လိမ္မာမည်၊
မလိမ္မာ ပြုထောင်စုလျှင်
ကောင်းမှု့ မတည်၊
ကလေးတို့ နေပြည်
တည်စေဖို့ စိတ်စော၊
နံက်မင်္ဂလာနှင့်
နေ့မကွာ ညဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသား။
အရှင်ဇနကာဘိဝံသ ( အခြေပြုမင်္ဂသုတ်မှ)
No comments:
Post a Comment