(လူငယ် ရည်စား ဇာတ်လမ်း-၁)
ရှေးခေတ်က စာတတ် ပေတတ် ဆရားတော်များ နေရာဒေသ အလိုက် ပေါ်ထွန်းခဲ့ဖူးပါတယ်။ ဒါကြောင့် စာတတ်“ငခုံ” စာကုန် “မကျီးတော” စာပြော “သဲအင်း” လို့ စာသင်သား ဘုန်းကြီးလောက မှာ စကားဆိုးရိုးပေါ်ခဲ့ဖူးပါတယ်။ စာတတ်ချင်ရင် “ငခုံဆရာတော်“ ထံမှာ စာသွားသင်ကြဆိုတဲ့ အဓိပ္ပါယ်ပေါ့။
ငခုံဆရာတော်ရဲ့ လူငယ်ဘ၀ ဇာတ်လမ်းလေးကို ပြောချင်လို့ပါ....
သသာနာ့ဘောင် မ၀င်ခင် လူငယ်ဘ၀က ငခုံဆရာတော်လောင်းဟာ “ရုပ်သိပ်ဆိုး”တယ်လို့ဆိုပါတယ်။ သို့သော်ငြားလည်း လူငယ်သဘာဝ ရွာမှ မိန်မပျိုလေထံ ရည်စားစကား လိုက်ပြောပါတယ်။
မိန်မပျိုမလေးက ဘာပြောလိုက်တယ်မှတ်လဲ....“တိုင်မှတ်လို့ နှပ်တောင် မသုတ်ဘူးတဲ့“
မှတ်ချက်၊ ၊ရှေးတုန်းက လက်ကိုင်ပုဝါ၊ တစ်ရှူးစက္ကူများ သုံးလေ့ မရှိပါ၊ ကျေးရွာ ဓလေ့အရ အိမ်တိုင် ၊ အိမ်နံရံများ နှပ်သုတ်လေ့ သုတ်ထ ရှိပါသည်။
ဒီလို အပြောခံရတော့ ဒီလောက် ရုပ်ဆိုးတဲ့ ငါ့ဘ၀ သိပ်ကံ ဆိုးပါ့လားဆိုပြီး နောက်ဆုံးလမ်းကို ရွေးချယ်လိုက်ပါတယ်။ နောက်ဆုံးလမ်းကတော့ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ သာသနာ့ဝင် ရှင်ပြုလိုက်တာပါပဲ။
ငခုံဆရာတော်လောင်းဟာ လူဘ၀ စိတ်ကုန်လို့ ဗုဒ္ဓစာပေများကို အစွန်းကုန် ကြိုးစားလိုက်တာ အဲဒီခောတ်က “ငခုံဆရာတော်တစ်ပါး“ အဖြစ်ကျော်ကြားခဲ့ပါတယ်။
ဆရာတော်က နိုင်ငံတော်ဘွဲ့တံဆိပ်တွေရလို့ မင်းကိုးကွယ်တဲ့ ဆရာတော်ဖြစ်လာတော့ ငါဘာကြောင့် ဒီလိုဖြစ်လာရတာလဲလို့ စဉ်းစားလိုက်တော့ “ငခုံရွာက မချောလေးကို သတိရပါတဲ့ “အဲဒီအချိန်မှာ မချောတစ်ယောက် အိုနာရောက်လို့ သား သမီး မြေတွေနဲ့ သောကရောက်နေပါသတဲ့။ ငခုံဆရာတော်က ဒကာမ မချောကို ခေါ်၍ အတိတ်ကြောင်းကို မေးပါတယ်။
ဒကာမကြီး ငယ်ငယ်တုန်းက ဇာတ်လမ်းလေးတွေကို သတိရပါသေး သလားတဲ့...။ ဒကာမကြီး ပြုံး၍ မှန်ပါ မမေ့သေးကြောင်းပါလို့ လျောက်ထာလိုက်သတဲ့။
အိမ်.. ဒကာမ မချောရဲ့ ကျေးဇူးကြောင့် မင်းဆရာ စာတတ် ပေတတ် ဆရာတော် တစ်ပါးဖြစ်ရလေတယ် မင်းကိုလည်း ငါ့ရဲ့ ကျေးဇူးရှင် ဒကာမတစ်ယောက် ပြန်လည် စောက်ပါရစေတဲ့.....
သာဓု....သာဓု.... သာဓု..........
ငယ်စဉ်က စာချဆရာတော်များ ပြောပြသော ပုံပြင်ကို တင်ပြပါသည်။
အရှင်ဃောသက (စကားဝါ)
No comments:
Post a Comment