Friday, January 16, 2009

မပြီးဆုံးသေးသော မြန်မာ့ဒီမိုကရေစီ နိုင်ငံရေး နောက်သမင်လည်ပြန်

(၁၉၆၂-ခုနှစ် ပြည်ထောင်စုမှု အကျဉ်းချုပ်နှင့် သုံးသပ်ချက်)

ဝန်ကြီးချုပ် ဦးနုမိန့်ခွန် သုံးသပ်ချက်.....
- လူကြီးမင်းများခင်ဗျာ..... ဆွေနွေးမယ့် ပြဿနာဟာ တခြားမဟုတ်ပါ ဘူး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးပဲဖြစ်ပါတယ်။

ပြည်ထောင်စုကြီးတော့ တည်တံ့ခိုင်မြဲ့ ပါရဲ့ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဖြစ်နေတယ် ၀န်ကြီးချုပ်ရေ.....
ပြည်ထောင်စုကြီး ဆင်းရဲနေပြီ...

- ဒီပြဿနာကြီးကို ပြည်ထောင်စုကြီး စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့ တတွေရဲ့လက်ထက်မှာမှကျေကျေလည်လည်ပြေရှင်းသွား အောင် ကျန်တော်တို့ မဖြေရှင်ဘူးဆိုရင် နောက်လက်ထက်တွေမှာ တော့ ဘယ်နည်းနဲ့မှ ဖြေရှင်နိုင်မှာ မဟုတ်ဘူးလို့ ကျနော် တထစ်ချ ယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးဆိုတာ ကျန်တော် ယုံကြည်ပါတယ်။

အိမ်း... ၀န်ကြီးချုပ်ရေ ... ယုံကြည်ချက်တွေမှားကုန်ပြီ.. နအဖ ..က ဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေပြီလေ... မှန်မှန် ကန်ကန်မှ ဟုတ်ပါလေစ...

“ဒါကတော့ မပွားသေးသောပွဆေး၊ မပေသောရွှံဗွတ် ဆိုသလိုပေါ့...”
မဟုတ်သေးပါဘူး...“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ပါ။

ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင် ပြည်နယ်သားတွေ အတွက်ရော ပြည်မသားတွေအတွက်ပါ ဘယ်သူအတွက်မှ အမြတ် ထွက်မှာမဟုတ်ဘူး၊ အရှုံးသာထွက်မယ်လို့် ကျန်တော်ယူဆထားသလို လူကြီးမင်းများလည် ယူဆထားပြီးပြီဆိုတာ ကျန်တော် ယုံကြည် ပါတယ်။

မှန်လိုက်လေ ၀န်ကြီးချုပ်ရေ..... အားလုံးရှုံးထွက်လို့.. ကလေးကော ခွေးကော ဘုန်းကြီးတွေကော တိုင်းတစ်ပါးရောက်ကုန်ပြီ အမြတ်ထွက်တာကတော့ “နအဖ” ပဲဗျို.....။
ဆွေနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးရှိပါတယ်
၁။ ရန်သူအချင်းချင်းဆွေးနွေးပွဲ
၂။ မိသားစုချင်းဆွေးနွေပွဲ

မိသားစုဆွေနွေးပွဲမျိုးဆိုတာ ရန်သူအချင်းချင်း စာပွဲမှာထိုင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲနဲ့မတူပါဘူး၊ ရန်သူအချင်းချင်း ဆွေးနွေးကြ တဲ့အခါ ...
ကိုယ်ယူဆတာသာမှန်တယ်။ မှန်ရမယ်၊ ကိုယ်ယူဆတာသာ အောင် ရမယ်၊ ဒီလိုမအောင်ရင် ဘယ်သူသေသေချမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး နှစ်ဖတ်မှာရှိပါတယ်။
မိသားစုချင်း ဆွေနွေးကြတဲ့ ဆွေနွေးပွဲမျိုးကတော့ ဒီမိသားစုထဲမှာ ပါကြတဲ့ ညီးအကိုမောင်နှမတွေဟာ ကိုလိုတာတွေ ကိုယ်တင်ပြကြ တယ်၊ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောထားကွဲလွဲချက်တွေ ရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် အပေးအယူလုပ်ပြီး သဘောထား ကွဲလွဲ ချက်တွေကို ညှိနှိုင်းကြတယ်။
ဝန်ကြီးချုပ်ရေ... ၂၀၁၀ ရွှေကောက်ပွဲတော့ မိသားစုပွဲလား ရန်သူပွဲလား မပြောတတ်ပါ။ “နအဖ” ကတော့ ငါပဲ ဆရာကြီးလုပ်တော့မယ် ဆိုပဲ။
ဆက်ဖတ်ပါရန်

No comments:

Followers

My Blog List