Wednesday, March 5, 2014

ကောလဟလကြားဖန်များသော်

တစ်ခါတုန်းက ပညာရှိဟောပြောသူတစ်ဦးဟာ နားထောင်သူတွေရှေ့မှာ ထိုင်နေတယ် ။ ပြီးတော့ ရယ်စရာပြက်လုံးတစ်ခုကို ပြောပြလိုက်တယ် ။ လူတိုင်းလူတိုင်းက ဟက်ဟက်ပက်ပက်ပဲ လိုက်ရယ်မောကြတယ် ။

ခဏကြာပြီးတဲ့အခါ အဲဒီဟောပြောသူက ဒီဟာသကိုပဲ ထပ်ပြီးပြောလိုက်တယ် ။
အဲဒီအချိန်မှာ လိုက်ရယ်မောတဲ့သူ နည်းသွားခဲ့ပါတယ် ။

ပြီးတော့ ဟောပြောသူဟာ အဲဒီဟာသကိုပဲ ထပ်ခါထပ်ခါ ပြောခဲ့တယ်။
 နောက်ပိုင်းမှာ လူအုပ်ကြီးထဲမှာ
ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ဘူး ။

အဲဒီအခါ ပညာရှိဟောပြောသူက ပြုံးပြီးပြောလိုက်တယ်

“ ဟာသတစ်ခုကိုထပ်ခါထပ်ခါ ကြားနေရတဲ့အခါ ခင်ဗျားတို့အားလုံး ဘယ်သူမှ မရယ်မောနိုင်ကြတော့ဘူး၊

 ဒါဆို ငိုကြွေးခြင်းကိုလည်း ၀မ်းနည်းပူဆွေးစရာတွေကြုံလာတဲ့အခါ ထပ်ခါထပ်ခါပြုလုပ်ကြည့်ပါလား အဲ့ဒီအခါ ၀မ်းနည်းပူဆွေးမှုတွေထပ်ခါထပ်ခါ ငိုချလိုက်တဲ့အခါ နောက်ဆို သင် ငိုချင်မှာ မဟုတ်တော့ဘူး ”

ပုံပြင်လေးကဒါပါပဲ.. စာဖတ်သူတို့ရဲ့အတွေ့အကြုံတွေနဲ့  ပညာရှိစကားကို ထပ်တူခံစားနိုင်ပါတယ်။

စားရေးသူ အတွေ့အကြုံအရ ပြောရရင်
အမှားတစ်ခုကို ထပ်ခါထပ်ခါ ပြောလာရင် အမှန်ထင်သွားတတ်တယ်ဆိုတာလည်း ရှိပါတယ်။
လူတစ်ယောက်ကို ၊ ယုတ္တိတန်အောင် တစ်ကြိမ်ထက်နှစ်ကြိမ် ထပ်ပြောရင် ၊နားထောင်သူက စဉ်းစာပြီး ဟုတ်လေမလားလို့ တွေးတော ရင်းနဲ့ နောက်ဆုံး ယုံကြည်လက်ခံသွားတတ်ပါတယ်။

ဒါကြောင့် ဟာသတစ်ခုဟာ ထပ်ခါ ထပ်ခါ ကြားရလို့ မရယ်ရပေမယ့် ၊ မဟုတ်ကို အဟုတ်လုပ် မိမိနားမှာ ထပ်ခါထပ်ခါ လာပြောရင် ၊ ဇဝေဇဝါ  ယုံသွားတတ်ပါတယ်။
ဒါကြောင့် ကိုယ်ပိုင်ဥာဏ်ရှိဖို့လိုပါတယ်။
....
နောက်တစ်ခု..
ပုံပြင်ထဲက ဟာသလိုပါပဲ
သူတစ်ပါးကို  အပုတ်ချချင်လို့ .. မကောင်းသတင်းကို ၊ ထပ်ခါထပ်ခါ လိုက်ပြောနေရင်တော့ ၊နောက်ဆုံးပြောတဲ့လူက လူပေါကြီးဖြစ်သွားတတ် ပြန်ပါတယ်။
သူတစ်ပါး မကောင်းကြောင်းပြောရင်နဲ့ ကိုယ်ပါ မကောင်းသူဖြစ်သွားတတ်ပါတယ်။
...
ဒါကြောင့်..ဘဝမှာ  ဘာတွေ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ...၊ အကြောင်းတရားကြောင့်သာ အကျိုးဖြစ်ထွန်းရတယ်။
သူ၊ငါ ..ဘယ်သူ ၊ဘယ်ဝါကြောင့်မဟုတ်ဘူးလို့ တရားသဘောနဲ့ဖြေဆည်း နိုင်ခြင်းဟာ အကောင်းဆုံးပါ။

No comments:

Followers

My Blog List