ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဘုရားလောင်းဟာ ဗြဟ္မဒတ်မင်းရဲ့ ရာဖြတ်ဝန်ဖြစ်ခဲ့ဘူးပါတယ်။
ဘုရင်က ပစ္စည်းတန်ဖိုးဖြတ်စရာရှိရင် သူ့ဘက် မျာက်နှာလိုက်ပြီး ဖြတ်ပေးစေလိုတယ်တဲ့။
ဘုရားလောင်းကတော့ အဂတိ မလိုက်စားဘဲ မှန်မှန်ကန်ကန် သာ ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကြောင့် ဘုရင်က သူကို ရာထူးဖြုတ်ပစ်ပြီး အခြာလူညံ့တစ်ယောက်ကို ရာဖြတ်ဝန် ခန့်လိုက်ပါတယ်။
တစ်နေ့မှာ ဥတ္တရပထမှ မြင်းကုန်သည်တစ်ဦးဟာ မြင်းငါးရာ လာရောင်းတယ်။ ဘုရင်က သူ့ရာဖြတ်ဝန်အသစ်ကို
မြင်းရာငါရဲ့တန်ဖို့း ဖြတ်ပေးဖို့ ပြောပါတယ်။ ရာဖြတ်ဝန်အသစ်က" မြင်းငါးရာဟာ ဆန်တစ်ပြည်သာ တန်တယ်လို့"အဖိုးဖြတ် ပေးလိုက်ပါတယ်။
ဒီတော့ ကုန်သည်က မကျေနပ်ဘူး ၊ ရာဖြတ်ဝန်ဟောင်း ဘုရားလောင်ထံ သွားပြီး တိုင်ကြားတယ်။ ဘုရားလောင်းက " ရာဖြတ်ဝန် အသစ်အား လာဘ်ပေးပြီး ဆန်တစ်ပြည်ရဲ့ တန်ဖိုး ဖြတ်ခိုင်းပါ" လို့ အကြံပေးပါတယ်။
ကုန်သည်လဲ ဘုရားလောင်းပေးတဲ့ အကြံအတိုင်း ရာဖြတ်မိုက်အား လာဘ်ပေတယ်။ နောက်နေ့ ညီလာခံကြတော့ " ဆန်တပြည် ဘယ်လောက် တန်သလဲ" လို့ ဘုရင်ရှေ့ လူပိုင်လယ်မှာ ရာဖြတ်ဝန်ကို ကုန်သည်က
မေးပါတယ်။
ရာဖြတ်ဝန်က " ဆန်တစ်ပြည်ဟာ ဗာရာဏသီတစ်ပြည်လုံး တန်ပါတယ်" လို့ အဖိုးကိုဆုံးဖြတ်လိုက်ပါတယ်။
ဒီတော့ ရာဖြတ်ဝန်ဟောင်း ဘုရားလောင်းနှင့်တကွ ညီလာခံရှိ ပရိတ်သတ်များက ဝိုင်းလှောင်ကြ ရယ်ကြတယ်။ ဘုရင်ကြီးဟာ အရှက်ရပြီး သူ့ရာဖြတ်ဝန်ကို ရာထူးဖြုတ်ပစ်ရတော့တယ်။
ဤဇာတ်တော်မှာ ဘုရင်းကြီးဟာ အဂတိလိုက်စားပြီး ရာထူး မပေးသင့်သူကို ရာထူးပေးမိလို့ ညီလာခံ လူပုံအလယ်မှာ အရှက်ကွဲရတယ်။ ရာဖြတ်မိုက်လည်း အဂတိလိုက်စားပြီး အမှားဆုံးဖြတ်လို့ ရားထူးမှ ပြုတ်သွားရပါတယ်။
တဏ္ဍုလနာဠီဇာတ်
ယခုခေတ် ဒီမိုကရေစီ နိုင်ငံများမှားလည်း မီဒီယာတွေမှ တဆင့် နိုင်ငံတော် သမ္မတမှ အစ အောက်ခြေ အုပ်ချုပ်ရေးမှူးထိ မိမိရဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြ့ရပါတယ်။ ယုတ်စွအဆုံး အစိုးရကို နှစ်စဉ်ပုံမှန် အခွန်ပေး၊ မပေးဆိုတာကိုတောင် ပြည်သူ လူထု သိအောင် ကြေညာရပါတယ်။
မြန်မာနိုင်ငံမှာတော့ တစ်လောက နိုင်ငံတော် သမ္မတမှ ဝန်ကြီးများ လွှတ်တော်ကိုယ်စလှယ်များရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြဖို့ အဆိုတင်သွင်းတာ မအောင်မြင်ဘူးလို့ ကြားရတယ်။ အဂိတိလိုက်စားမှုတွေများ ရှိနေသလားမသိဟု တွေးတောမိပါတယ်။
No comments:
Post a Comment