ဗုဒ္ဓလက်ထက်က လူကုံထံလောကမှာ
နာမည်ကျော်ကြား လူကြိုက်များတဲ့ ဈေးကြီး ပြည်တန်ဆာ ဆိုတာ အမ္ဗပါလီပဲဖြစ်ပါတယ်။ ဆွေမျိုးမရှိ
သရက်ပင်က မွေးဖွားလာတဲ့ ၁၆- ရွယ် ချစ်စဖွယ် နုနယ်လှပပြောစရာ အပြစ်မရှိလောက်အောင်
အလှပိုင်ရှင် လူပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ပေါ့။
ရုပ်ရေအဆင်း ပြိုင်ဖက်ကင်းအောင် လှပသော်လည်း ပြည်တန်ဆာမဖြစ်ရခြင်းက..
ရှေးဘဝက ရဟန္တာမထေရ် ရီတစ်ပါး ဘုရားစေတီ ရင်ပြင်ပေါ်မှာ တံထွေးထွေးတာကို မြင်တော့ “စုတ်ပဲလိုက်တာ .. ပြည့်တန်ဆာမ ကြနေတာပဲ”
လို့ ကဲ့ရဲ့ခဲ့လို့ ဝစီကံဝဋ် ပေးဆပ်ရခြင်းဖြစ်ပါတယ်။
အမ္ဗပါလီဟာ ဘဝအကျိုးပေးမကောင်းသော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားပါတယ်။
တစ်နေ့ ဗုဒ္ဓ ဝေသာလီပြည် ကောဋိကရွာမှာ သီတင်းသုံးတော်မူစဉ် အမ္ဗပါလီက ဗုဒ္ဓကိုလာရောက်ဖူးမြော်ပြီး ။ ဆွမ်းကပ်ဖို့
အိမ်ပင့်သောအခါ ညင်သာစွာ လက်ခံတော်မူပါတယ်။
အမ္ဗပါလီဟာ ဗုဒ္ဓကို ဆွမ်းပင်တာ ရခဲ့လို့ ဝမ်းပန်းတသာ အိမ်အပြန်လမ်းခရီးမှာ
လစ္ဆဝီမင်းတို့ရဲ့ ရထားများနဲ့ လမ်းမှာဆုံဖြစ်ပါတယ်။အမ္ဗပါလီဟာ ပြည့်တန်ဆာဖြစ်သော်လည်း ဗုဒ္ဓကိုဆွမ်းပင့်ခဲ့တာရခဲ့လို့
ဝမ်းသာစိတ်ဖြင့် ဝင့်ကြွားကာ လစ္ဆဝီမင်းတို့ရဲ ယာဉ်ရထားကို ရှောင်မပေး ထမ်းပိုချင်း
၊ ဝင်ရိုးချင်း၊ ဘီချင်း ထိခိုင်စေလျှက် မောင်နှင်းပါတယ်။
“ဟယ်.. အမ္ဗပါလီ ၊ တယ်ထူးဆန်းပါလား ဒိနေ့မှ ငါတို့ကိုတောင်မရှောင်နိုင်ပဲ
မောင်းနှင်းရသလဲ”
လို့မေးတော့
“ ကျမ.. ဗုဒ္ဓနဲ့သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ပင်လျှောက်လာတာ ရခဲ့လို့ရှင့်”
“ဟယ်… အမ္ဗပါလီ.. နင့်ကို
ငွေတသိန်းပေးမယ် ငါတို့ ဗုဒ္ဓနှင့်သံဃာတော်တွေကို ဆွမ်းကပ်ရပါစေ”
“ အရှင်တို့ ပိုင်းဆိုင်ပဲ တိုင်ပြည်ကို ပေးသော်လည်း သင်တို့အား
ကျမရဲ့မဟာအခွင့်အရေး ဆွမ်းကျွေးခွင် မပေးနိုင်ပါ။”
ခွဲခြားမှုမရှိသောဗုဒ္ဓ
လိစ္ဆဝီမင်းတို့ဟာ ဗုဒ္ဓထံကို ဆက်သွားပြီး တရားနာကြပါတယ်။ တရားပွဲအပြီးမှာ
“အရှင်ဘုရား.. နက်ဖြန်တွင် သံဃာတော်များနှင့် အတူ ဆွမ်းဘုဉ်ပေး ကြွတော်မူပါလို့ ” ပင့်ဖိတ်ပါတယ်။
“ချစ်သာ လစ္ဆဝီမင်းတို့.. မနက်ဖြန်အတွက် အမ္ဗပါလီရဲ့ ဆွမ်းကို လက်ခံပြီ့ပီ”ဟု
ဆိုကာငြင်းပယ်တော်မူပါတယ်။
ထိုအခါ.. လိစ္ဆဝီမင်းတို့က “
အမ္ဗပါလီဟာ ငါတို့ကို အနိုင်ရသွားပါလား”လို့ အချင်းချင်းပြောဆိုကာ ပြန်လာကြရပါတယ်။
No comments:
Post a Comment