Wednesday, August 29, 2012

မင်္ဂလာ

 လောကကြီးပွားကြောင်းတရား




ဗုဒ္ဓတရားတော်များကို တချို့က လောာငြီးငွေ့ကြောင်းတရား၊ လူတိုင်းလိုက်မမှီသော ဆုံးမဩဝါဒများလို့ မှတ်ထင်နေကြပါတယ်။ဗုဒ္ဓသည် ကလေး၊ လူကြီးမရွေး လိုက်နာကျင့်သုံးနိုင်သော တရားအမျိုးမျိုး ကို ဟောတော်မူပါတယ်။

မင်္ဂလာတရားတော်ဟာ လူသားအားလုံး အတွက် ကြီးပွားရေးလမ်းညွှန်ကြီးဖြစ်ပါတယ်။
ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် သန်းခေါင်ယံ အချိန်မှာ နတ်သာ တစ်ပါး ရော်ကလာပါတယ်။ 

“ အရှင်ဘုရား လူ ၊ နတ်တို့ ကြီးပွား ချမ်းသာရာဖြစ်သော မင်္ဂလာတရားတော်ကို ဟောတော်မူပါလို့ ” ဗုဒ္ဓအား တောင်းပန် လျှောက်ထားပါတယ်။ 

ဗုဒ္ဓက.. “လူမိုက်တို့ကို ပေါင်းသင်း ဆက်ဆံမှု မပြုခြင်းဟာ ကြီးပွားတိုးတက် ချမ်းသာရာ မင်္ဂလာတစ်ပါး ဖြစ်တယ်” စသည်ဖြင့် ၃၈-ပါးမင်္ဂလာတရားတော်ကို ဟောတော်မူပါတယ်။
နံနက်မိုသောက်သောအခါ.. အရှင်အာနန္ဒာအား ထိုတရားတောကို ပြန်လည်ဟောကြားပါတယ်။

သိင်္ဂါလသူဌေးသား
လောကကြီးမှာ သိင်္ဂါလသူဌေးသားလို အဓိပ္ပါယ်မဲ လုပ်ငန်းဖြင့် အချိန်ကုန်နေသူများလည်း ဒုနှင့်ဒေးပါပဲ။

တစ်ခုသော နံက်ခင်းမှာ သာဝတ္ထိပြည်မှာ သိင်္ဂါလ သူဌေးသားဟာ သေခါနီးမှာ ဖခင်မှာခဲ့တဲ့အတိုင်း  အရပ် ခြောက်မျက်နှာကို ရှိခိုးပူဇော်နေပါတယ်။

ထိုအခိုက် ဗုဒ္ဓမြို့တွင်း ဆွမ်းခံကြွစဉ်နဲ့ တိုင်ဆိုင်နေပါတယ်။ ဗုဒ္ဓက ဘာကြောင့် အရပ် ၆-မျက်နှာကို ရှိခိုး နေတလာလဲ မေးတော့ သေခါနီး ဖခင်၏ညွှန်ကြားချက်သားဖြစ်ကြောင့် အဓိပ္ပါယ်ကို နာမလည်း ကြောင်း ပြောတော့မှ ဗုဒ္ဓက အရပ်မျက်နှာများကို ရှိခိုးတယ်ဆိုတာ.....

မိဘဝတ်၊သားသမီဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ခင်ပွန်းကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ် စသည်တို့ကို လိုက်နာရမည် ကိုဆိုလိုကြောင်း သိင်္ဂါလသုတ် 
( သို့) လောကလူများ လိုက်နာရမည့် တာဝန် ဝတ္တရား တရားများကို ဟောတော်မူပါတယ်။

No comments:

Followers

My Blog List