မိထွေးတော် ဂေါတမီ
ယခုခေတ် မိဒီယာလောကတွင်
ထိပ်တန်းရောက်နေသော အမျိုးသမီးအခွင့်အရေးသည် ဗုဒ္ဓလက်ထံကပင် တောင်းဆိုကာ
ယောကျာ်းများနှင့် တန်တူ ဗုဒ္ဓသာသနာမှာ အခွင့်အရေးရှိခဲ့ဖူးပါတယ်။
ထိုအခွင့်အရေးကြီးကို
အမျိုးသမီးများက ဆက်လက်ထိမ်းသိမ်းမထားနိုင်သည်ကား ဝမ်းနည်းဖွယ် ပင်ဖြစ်ပါတယ်။
သုဒ္ဓေါဒနမင်းကြီး
ဈာပနပြီးသောအခါ မိထွေးတော် ဂေါတမီဟာ နိရောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူသော ဗုဒ္ဓထံရောက်လာပါတယ်။ ထိုနောက် အမျိုးသမီးများကို ရဟန်းမ - ပြုခွင့်ပေးရန်
တောင်းပန်လျှောက် ထားပါတယ်။ ဗုဒ္ဓက ခွင့်မပြု၊ သုံးကြိမ်းတိုင်အောင်
လျှောက်ထားသော်လည်း
ဗုဒ္ဓက လွယ်လင့်တကူ ခွင့်မပြုလို့ ဝမ်းနည်းညိုးငယ်စွာဖြင့် ပြန်သွားပါတယ်။
ထိုနောက်
ဝေသာလီပြည်သို့ ဗုဒ္ဓပြန်ကြွပြီး မကြာမီပင် မိထွေတော် ဂေါတမီဟာ သာကီဝင်မင်းသမီး ငါးရာနှင့်
အတူ မိမိဘာသာ မိမိ ရဟန်းမ- အသွင်ပြုကြပါတယ်။ ဆံပင်ကိုရိတ် ၊ သစ်ခေါက်ဆိုး အဝတ်ကို ဝတ်ကြပါ တယ်။
( ထိုသာကီဝင်
မင်းသမီး ငါးရာမှာ ကပိလဝတ်နှင့် ကောလိယပြည်တို့မှ ရဟန်းပြုသွားကြသော သာကီဝင် မင်းသား
ငါရာ၏ ဇနီးများဖြစ်ကြပါတယ်)
ထိုနောက်
သူတို့ဟာ ဝေသာလီပြည်ရှိ ဗုဒ္ဓထံပါးသို့ ခြေကျင်သွားကြပါတယ်။ ခရီးလမ်းမှာ ဝေလံလှသည့်ပြင်
ကြမ်းတမ်လှပါတယ်။ အလွန်ပင်ပန်း ဆင်းရဲကြပြီး ခြေဖဝါးများမှ သွေးများယီုစီးကြပါတယ်။
ကိုယ်တို့မှာလည်း မြူမှုန့် အလိမ်လိမ်ကပ်လျက်ရှိကြပါတယ်။ သို့သော် ရဟန်ုးမ-ဖြစ်လိုသော
ဇွဲကားမရှော့။
မိထွေးတော်နှင့်ဗုဒ္ဓ
ကျောင်းတံခါဝသို့ မိထွေးတော် ဂေါတမီရောက်သောအခါ အရှင်အာနန္ဒာ အလွန်အံသြသွားပါတယ်။
ပင်ပန်း ဆင်းရဲလှသောကြောင့် ငိုကြွေးနေရှာသော မိထွေးတော်ဂေါတမီကိုလည်း များစွာ သနားကြင်နာသွားပါတယ်။
ချက်ချင်းပင်
ဗုဒ္ဓထံဝင်ကာ အဖြစ်အပျက်အားလုံးကို လျှောက်ထားတင်ပြကာ
မယ်တော်ကို ရဟန်းမ- ပြုခွင့်ပေးပါရန် တောင်းပန်လျှောက်ထားကြပါတယ်။ ဗုဒ္ဓကလက်မခံပါ။
“ ချစ်သား
အာနန္ဒာ .. ငါဘုရားသာသနာမှာ မာတုဂါမကို ရဟန်းမ- ပြုပေးရန် မသင့်” ဟု ငြင်းဆန်ပါတယ်။
ထိုနောက်
အရှင်အာနန္ဒာက ထပ်မံ၍..
“ အရှင်ဘုရား၊
မယ်တော် ဂေါတမီဟာ ကိုယ်တော်မြတ်ကို နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့သော မိထွေးချစ်ဖြစ်ပါတယ်။ မယ်တော်ရင်းထက်ပင် ပို၍ဆင်းရဲခံသူဖြစ်ပါတယ်။ မယ်တော်ကြီးရဲ့ ဆန္ဒအတိုင်း ရဟန်းမ-ပြုပေးတော်မူပါ”
ဟု မိထွေးတော်ရဲ့ ကျေးဇူးကို ဖော်ကျူး၍ လျှောက်ထားတော့မှ
“ ချစ်သားအာနန္ဒာ
… မယ်တော်ကို ရဟန်းမ -ပြုခွင့်ပေလိုက်မယ်၊သို့သော်
ရဟန်းမိန်းမတို့ လိုက်နာကျင့်ရမည့် ဂရုဓမ္မတရား ရှစ်ပါးကို ဝန်ခံစေ၍ စွဲမြဲစွာ လိုက်နာပါစေ”
ဟုဆိုကာ ဘိက္ခုနီသာသနာကို ခွင့်ပြုလိုက်ပါတယ်။
မိထွေးတော်
ဂေါတမီးကို အကြောင်းပြု၍ ဗုဒ္ဓသာသနာသမိုင်းတွင်
မှတ်တမ်းတင်လောက်အောင် ရဲရဲတောက် အမျိုးသမီးများစွာ ပေါ်ပေါက်ခဲ့ပါတယ်။
No comments:
Post a Comment