Saturday, August 25, 2012

အမျိုးသမီး အခွင့်အရေးတောင်းဆိုခဲ့သူ

မိထွေးတော် ဂေါတမီ
ယခုခေတ် မိဒီယာလောကတွင် ထိပ်တန်းရောက်နေသော အမျိုးသမီးအခွင့်အရေးသည် ဗုဒ္ဓလက်ထံကပင်  တောင်းဆိုကာ  ယောကျာ်းများနှင့် တန်တူ ဗုဒ္ဓသာသနာမှာ အခွင့်အရေးရှိခဲ့ဖူးပါတယ်။
ထိုအခွင့်အရေးကြီးကို အမျိုးသမီးများက ဆက်လက်ထိမ်းသိမ်းမထားနိုင်သည်ကား ဝမ်းနည်းဖွယ် ပင်ဖြစ်ပါတယ်။

သုဒ္ဓေါဒနမင်းကြီး ဈာပနပြီးသောအခါ မိထွေးတော် ဂေါတမီဟာ နိရောဓာရုံကျောင်းမှာ သီတင်းသုံးတော်မူသော ဗုဒ္ဓထံရောက်လာပါတယ်။  ထိုနောက် အမျိုးသမီးများကို ရဟန်းမ - ပြုခွင့်ပေးရန် တောင်းပန်လျှောက် ထားပါတယ်။ ဗုဒ္ဓက ခွင့်မပြု၊ သုံးကြိမ်းတိုင်အောင်
 လျှောက်ထားသော်လည်း ဗုဒ္ဓက လွယ်လင့်တကူ ခွင့်မပြုလို့ ဝမ်းနည်းညိုးငယ်စွာဖြင့် ပြန်သွားပါတယ်။

ထိုနောက် ဝေသာလီပြည်သို့ ဗုဒ္ဓပြန်ကြွပြီး မကြာမီပင် မိထွေတော် ဂေါတမီဟာ သာကီဝင်မင်းသမီး ငါးရာနှင့် အတူ မိမိဘာသာ မိမိ ရဟန်းမ- အသွင်ပြုကြပါတယ်။  ဆံပင်ကိုရိတ် ၊ သစ်ခေါက်ဆိုး အဝတ်ကို ဝတ်ကြပါ တယ်။ 

( ထိုသာကီဝင် မင်းသမီး ငါးရာမှာ ကပိလဝတ်နှင့် ကောလိယပြည်တို့မှ ရဟန်းပြုသွားကြသော သာကီဝင် မင်းသား ငါရာ၏ ဇနီးများဖြစ်ကြပါတယ်)

ထိုနောက် သူတို့ဟာ ဝေသာလီပြည်ရှိ ဗုဒ္ဓထံပါးသို့ ခြေကျင်သွားကြပါတယ်။ ခရီးလမ်းမှာ ဝေလံလှသည့်ပြင် ကြမ်းတမ်လှပါတယ်။ အလွန်ပင်ပန်း ဆင်းရဲကြပြီး ခြေဖဝါးများမှ သွေးများယီုစီးကြပါတယ်။ ကိုယ်တို့မှာလည်း မြူမှုန့် အလိမ်လိမ်ကပ်လျက်ရှိကြပါတယ်။ သို့သော် ရဟန်ုးမ-ဖြစ်လိုသော ဇွဲကားမရှော့။

မိထွေးတော်နှင့်ဗုဒ္ဓ


ကျောင်းတံခါဝသို့  မိထွေးတော် ဂေါတမီရောက်သောအခါ အရှင်အာနန္ဒာ အလွန်အံသြသွားပါတယ်။ ပင်ပန်း ဆင်းရဲလှသောကြောင့် ငိုကြွေးနေရှာသော မိထွေးတော်ဂေါတမီကိုလည်း များစွာ သနားကြင်နာသွားပါတယ်။

ချက်ချင်းပင် ဗုဒ္ဓထံဝင်ကာ   အဖြစ်အပျက်အားလုံးကို လျှောက်ထားတင်ပြကာ မယ်တော်ကို ရဟန်းမ- ပြုခွင့်ပေးပါရန် တောင်းပန်လျှောက်ထားကြပါတယ်။ ဗုဒ္ဓကလက်မခံပါ။
“ ချစ်သား အာနန္ဒာ .. ငါဘုရားသာသနာမှာ မာတုဂါမကို ရဟန်းမ- ပြုပေးရန် မသင့်”  ဟု ငြင်းဆန်ပါတယ်။
ထိုနောက် အရှင်အာနန္ဒာက ထပ်မံ၍..
“ အရှင်ဘုရား၊ မယ်တော် ဂေါတမီဟာ ကိုယ်တော်မြတ်ကို နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့သော မိထွေးချစ်ဖြစ်ပါတယ်။  မယ်တော်ရင်းထက်ပင် ပို၍ဆင်းရဲခံသူဖြစ်ပါတယ်။  မယ်တော်ကြီးရဲ့ ဆန္ဒအတိုင်း ရဟန်းမ-ပြုပေးတော်မူပါ” ဟု မိထွေးတော်ရဲ့ ကျေးဇူးကို ဖော်ကျူး၍ လျှောက်ထားတော့မှ

“ ချစ်သားအာနန္ဒာ …  မယ်တော်ကို ရဟန်းမ -ပြုခွင့်ပေလိုက်မယ်၊သို့သော် ရဟန်းမိန်းမတို့ လိုက်နာကျင့်ရမည့် ဂရုဓမ္မတရား ရှစ်ပါးကို ဝန်ခံစေ၍ စွဲမြဲစွာ လိုက်နာပါစေ” ဟုဆိုကာ ဘိက္ခုနီသာသနာကို ခွင့်ပြုလိုက်ပါတယ်။

မိထွေးတော် ဂေါတမီးကို အကြောင်းပြု၍  ဗုဒ္ဓသာသနာသမိုင်းတွင် မှတ်တမ်းတင်လောက်အောင် ရဲရဲတောက် အမျိုးသမီးများစွာ ပေါ်ပေါက်ခဲ့ပါတယ်။

No comments:

Post a Comment