တပည့်မ ဘုန်းဘုန်းပြောပြမှာတွေကို သေချာနားထောင်နော်. နားထောင်ပြီးမှ တပည့်မ ကိုယ်တိုင် ဆုံးဖြတ်၊ ဘုန်းဘုန်းကတော့ ဖြစ်သင့်တာ၊ ဖြစ်စေချင်တာ တွေကိုတော့ ပြောပြပါမယ်။
မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ထဲမှာပါတဲ့ လူတို့ စောင့်ထိမ်းအပ်သော ငါးပါသီးလထဲမှာ ‘ကာမေသု မိစ္ဆာစာရာ’ = လင်ရှိ ၊ မယားရှိတဲ့ သူတို့ရဲ့ အသိုက်အဝန်းကို မဖျက်ဆီးကောင်းဘူးတဲ့။ ယုတ်စွအဆုံ ငှက်သိုက်လေးတောင်မှ မဖျက်ဆီးကောင်းဘူး။
ဂေါတမမြတ်စွာဘုရားရဲ့ ညီတော်အာနန္ဒာ အတိတ်ဘဝက ချမ်းသာတဲ့ ရွှေပန်းတိမ်သည်သား ဖြစ်ခဲ့ဖူးတယ်။ သူဌေးသားလေးဟာ အကျင့်စာရိတ္တ မကောင်းတဲ့ သူငယ်ချင်းများနဲ့ ပေါင်းသင်းမိလို့ ကာမေသုမိစ္ဆာစာရကံ - သူတပါး သားမယားကို ကျုးလွန် စော်ကားမိခဲ့ဖူးတယ်။ ဤအပြစ်တွေကြောင့် အလွန်ပြင်းထန်တဲ့ ဝေဒနာတွေ ခံစားနေရတဲ့ ရောရူဝငရဲမှာ ကျရောက်ခဲ့ရတယ်။ ငရဲဘဝကလွန်မြောက်လို့ မျောက်ဘဝ ဖြစ်ပြန်တော့လည်း မွေးမွေးခြင်း ဂွေးသင်းခံရခဲ့တယ်။ တဖန် ဆိတ်ဖြစ်ပြန်တော့လည်း ဂွေးသင်းခံရပြန်တယ်။ လူ့ဘဝဖြစ်ပြန်တော့လည်း ယောက်ျားမဟုတ် မိန်းမဟုတ် နပုံးပဏ္ဍုက် ဖြစ်ရပြန်တယ်။ ကုသိုလ်ကံ ထောက်မလို့ နတ်ပြည်မှာဖြစ်ရပြန်တော့လည်း နတ်သမီးပဲဖြစ်ရတယ်။ သူတပါး သားမယားကို စော်ကားမိခဲ့လို ယောက်ျားအဖြစ်ကို မရခဲ့ဘူး။ နောက်ဆုံးသူဟာ ကုသိုလ်ကံ အထောက်အမကြောင့် ရုစာ အမည်ရှိတဲ့ မင်းသမီးတစ်ယောက် အဖြစ်မွေးဖွားလာခဲ့ပါတယ်။
ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့သူဟာ..
၁) မလိုမုန်းထားသူ ပေါများတတ်တယ်။
၂) မုန်းရုံမက ရန်သူလည်းများတတ်တယ်။
၃) ဘယ်လိုပင် အလုပ် လုပ်သော်လည်း အဆင်မပြေ ဆင်းဆင်းရဲရဲ
ဘဝမှာရပ်တည်ရတတ်တယ်။
၎) ဘဝမှာ ပျော်ပျော်ရွှင်ရွှင် မနေရဘူး။
၅) မိန်းမဘဝကိုပဲ ရတတ်တယ်။
၆) လူဘဝရပြန်တော့လည် ယောက်ျားမဟုတ် မိန်းမ မဟုတ်
နပုံးပဏ္ဍုက်ဖြစ်ရတတ်တယ်။
ရ) အမျိုးစဉ်ဆက် ယုတ်နှိမ့်တဲ့ ဘဝမှာဖြစ်ရတတ်တယ်။
၈) အရှက်တကွဲ အဖြစ်မျိုးနဲ့ ကြုံရတတ်တယ်။
၉) ကိုယ်လက်အင်္ဂါတွေလည်း ချို့ယွင်းတတ်တယ်။
၁၀) ချစ်ရသူနဲ့လည်း ခွဲခွာရတတ်တယ်။
၁၁) စီးပွားဥစ္စာ ပျက်စီးဆုံးရှုံးခြင်းဖြင့်ကြုံတွေ့ရတတ်တယ်။
နောက်ဇာတ်လမ်းတစ်ခု ပြောပြဦးမယ်နော်..
မြတ်ဗုဒ္ဓလက်ထက်က ဥဇ္ဇေနီပြည်မှာ ဣသိဒါသီထေရီမဆိုတဲ့ သူဌေးသမီးတစ်ယောက်ရှိခဲ့တယ်။ ထေရီမကြီး ဟာလည်း ကာမေသု မိစ္ဆာစာရကံ အကုသိုလ်ကံကြောင့် ပစ္စုပ္ပန်မှာ လင်ယောက်ျားကို ကောင်းကောင်း ပြုစုသော်လည်း အကောင်းမထင် ပြစ်တင်ခြင်းကိုသာခံရပြီး အိမ်မှ နှစ်ကြိမ်တိုင်အောင် နင်ထုတ်ခြင်း ခံခဲ့ရတယ်။
အတိတ်ဘဝတွေတုန်းကလည်း ဘုရားရဲ့ညီတော်အာနန္ဒာလို ငရဲကျလိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊ ယောက်ျာမဟုတ် မိန်းမ မဟုတ် ပဏ္ဍုက်ဖြစ်လိုက်နဲ့ ဖြစ်လေရာဘဝတိုင်းမှာ ကောင်းကောင်းကိုမဖြစ်ရပါဘူး
တတိယအကြိမ်မှာ ဖခင်ကြီးက သမီးလေးဘဝ လင်းကံဆိုးတာနဲ့ သူတောင်းစားနှင့် ပေးစားပြန်သော်လည်း သူတောင်းစားက သူနဲ့မပျော် သူတောင်းစားဘဝမှာပဲ ပြန်သွားခဲ့တယ်။ ထေရီမက.. ငါ့ဘဝ လင်ကံ ခေရလေးခြင်းကို သတိသံဝေဂရပြီး တရားအားထုတ်လိုက်တာ ရဟန္တာထေရီမကြီး ဖြစ်သွားခဲ့ပါတယ်။ (ထေရီအဋ္ဌကထာ)
နောက်တခုကတော့.. ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ မဟာပဒုမမင်းသားဆိုတာရှိခဲ့တယ်။ မိခင်ကြီး ကွယ်လွန်တော့ မိဖုရားတွေကထဲက မိဖုရားတဦးကို အဂ္ဂမဟေသီ မိဖုရားအရာကို တင်မြှောက်လိုက်တယ်။
ထိုနောက် ဖခင်ကြီးက ရန်သူတွေ နှိမ်နင်းဖို့ တိုင်းဖျား ပြည်ဖျား သွားနေချိန်မှာ မိထွေး မိဖုရားက ပဒုမမင်းသားလေးကို အမျိုးမျိုးဖြားယောင်းတယ်။ မင်းသားလေက အမှောင့်တကာ အမှောင်ကို အသိနဲ့ ခွါရှောင်လျှက် “အရှင်သခင်မ.. မတော်လှပါ.. သခင်မဟာ.. ဖခင်ရဲ့ မိဖုရားသာဖြစ်ပါတယ်။ အမိအရာ၌ တည်တော်မူပါ။ လင်ရှိမယားလည်ဖြစ်၍လည်း အပြစ်ကြီးမားလှပါတယ်”ဟု သုံးကြိမ်တိုင်တိုင် ငြင်းသည်ရှိသော် အမြတ်ဒေါသထွက်၍ .. မိထွေးက “ငါ့ဆန္ဒကို မလိုက်လျှောတဲ့လူ သင့်အဖေ ပြန်လာလျှင် ဦးခေါင်း ပြတ်စေ ရမယ်ဟု ကြီမ်မောင်းခဲ့တယ်။
ဖင်ကြီး တိုင်းဖျား ပြည်ဖျားမှ ပြန်လာတဲ့အခါ မယားရဲ့ မုသားစကားကို ယုံပြီး ကာမမွှန်ကာ အသိတရားကင်းမဲ့ လျှက် အမျက်ဒေါသဖြင့် .. “သားတော် ပဒုမကို လက်ပြန်ကြိုးတုတ်ပြီး အသူရာနတ်တဲ့ ချောက်ထဲသို့ ဦးစောက် ပြောင်းပြန် တွန်းချစေဟု အမိန့်ချခဲ့တယ်”။ ထိုသို့ တွန်းချသော်လည်း မေတ္တာအစွမ်း၊ ကာမေသုမိစ္ဆာ စာရကံကို ထိမ်းသိမ်းခဲ့တဲ့ အစွမ်းများကြောင့် အသက်မသေ တောင်စောင့်နတ် နဂါးမင်းရဲ့ စောင့်ရှောက်ခြင်းကို ရကာ ဟိမဝန္တာတော၌ တရားဓမ္မ ပွားများ၍ နေခဲ့တယ်။
တနေ့သ၌ မုဆိုးတစ်ယောက် ဟိမဝန္တာတောသို့ရောက်စဉ် ပဒုမမင်းသားလေးကို တွေ့မြင်ရ၍ ဖခင်ဘုရင်းကြီးထံ အကြောင်းကြားသော် အဖြစ်မှန်ကိုသိရသောကြောင့် ဘုရင်းကြီး နောင်တရကာ သားတော်ကို နေပြည်တော်ကိုပြန်ခေါ်ခဲ့တယ်။ သို့သော်ငြားလည်း ရှုပ်ထွေးလှသော ကာမလောကကို ပြန်မလိုက်လိုတော့ ဟိမဝန္တာမှာပဲ တရားဓမ္မပွားများနေတော့တယ်။ မဟာပဒုမမင်းကြီးဟာ ကာမဖြင့် သွေးဆောင်ဖြားယောင်းသော မိဖုရားအား အသူရာနတ်သော ချောက်ကမ်းပါးမှ ဦးစောက်ပြောင်းပြန်တွန်းချရန် အမိန့်ပေးခဲ့တယ်။
တပည့်မရေ… ဒါတွေကတော့ ကာမေသုမိစ္ဆာစာရကံတွေရဲ့ အပြစ်တွေပါပဲ။ ဒါကြောင့် ဒိကိစ္စကို လွယ်လွယ်လေး မဆုံးဖြတ်လိုက်ပါနဲ့ ခေါင်းအေးအေနဲ့ စဉ်းစာပါနော်။
“မှန်ပါဘုရား ….အဲဒါဆို တပည့်တော်မ ဘာတွေ ဆက်လုပ်ရမလဲဘုရား အကြံပေးပါဦးဘုရား”
“အိမ်း….ကောင်းပြီး.. ဒီလိုလုပ် သူနဲ့ မတွေ့ရမမြင်ရအောင် တပည့်မ ဒီအလုပ်က ထွက်လိုက်တော့ နောက်ပြီး သူတပည့်မကို ပြန်မဆက်သွယ်နိုင်အောင် ဒီနိုင်ငံမှာလည်း မနေနဲ့တော့ အမေရိကမှာ ကျောင်းဆက်တက်ပြီး ဘွဲ့တွေထပ်ယူလိုက်ပါဦး။ ဒါဆို တပည့်မ သူနဲ့လည်း ဝေးသွားမယ် ၊ သူတပါးရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးရာလည်း မရောက်တော့ဘူး၊ တပည့်မမှာလည်း ကျောင်းဆက်တက်တော့ ဘဝမှာတက်လမ်းတွေ အများကြီးရလာမှာပေါ့”။
“မှန်ပါ့ဘုရား တပည့်တော် ဘုန်းဘုန်း အမိန့်ရှိတဲ့အတိုင်း ဘဝတတက်လှမ်းကို ရှာပါဦးမည်ဘုရားဆိုးပြီး ဦးသုံးကြိမ်ချ ကန်တော့ကာ အိမ်ပြန်သွားခဲ့ပါတယ်။
နောက်သုံးနှစ်ကြာသော်အခါ …
တပည့်မ တစ်ယောက် အမေရိကမှာ ဘွဲ့တွေထပ်ရ အလုပ်တွေရလို့ အဆင်ပြေ နေကြောင်းကြားရပါတယ်။ အဲနောက်များမကြားမှိမှာပဲ…မွေးကင်းစကလေးတစ်ယောက်နှင့် သူရဲ့အချစ်ကိုကိုနှင့် ဘုန်းဘုန်းထံရောက်လာပြန်ပါပြီ၊
ဒီတခါတော့ အရင်လို မဟုတ်တော့
ဘဝအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သော အပြုံးများဖြင့်..
ဘဝမှာ ဖြူစင်သော လက်တွဲဖော်နှင့်…
ဘဝမှာ အမှတ်တရ အားအင်တွေဖြစ်စေသော သားလေးနှင့်..
အောင်မြင့်သောအပြုံး
ဖြူစင် ဝင်းပ ပြည့်ဝသောအပြုံး
အင်အားရှိသောအပြုံးများဖြင့်
ဘုန်းဘုန်းလျှောက်ထား လာသည်မှာ..
“ဘုန်းဘုန်း .. ဒါက တပည့်တော်ရဲ့ သားလေးပဲ … တပည့်တော်ရဲ့ သားလေးကိုလည်း နာမည်ပေးပါဦးတဲ့..”
“အိမ်း….ကောင်းပြီး ဘုန်းဘုန်းနာမည်ပေးမယ် . အနောက်တိုင်းက အင်္ဂလိပ်နာမည်လား. သို့မဟုတ် မြန်မာဆန်ဆန် နာမည်လား”
“နှစ်ခုလုံးဆိုပိုကောင်းတာပေါ့ဘုရား အင်္ဂလိပ်နာမည်က ကျောင်းမှာသုံးရပြီး မြန်မာဆန်ဆန်နာမည်က အိမ်မှာ ခေါ်ရတာပေါ့ဘုရား”
“ကဲ….ဒါဆို မြန်မာလိုကော အင်္ဂလိပ်လိုတစ်ခါတည်း ခေါ်လို့ရအောင် “ပီတာ” လို့ပဲပေးလိုက်မယ်နော်။
ပီတာဆိုတာ မူရင်းက ပါဠိကလာတာကွဲ ဒါပေမယ့် ဒီနာမည်က ဘာသာတိုင်းနဲ့ သက်ဆိုင်နေတယ်၊ ပီတာ=‘ဖခင်’ လို့အဓိပ္ပါယ်ရတယ်။
“မှန်ပါဘုရားဟုဆိုကာ ဦးသုံးကြိမ်ချလိုက်တာကတော့.. အချစ်းမမှားခဲ့တဲ့ တပည့်မလမင်တစ်ယောက်ပင် မဟုတ်ပါလား။
ကျေနပ်ပြုံးများဖြင့် ပြုံးနေသူကတော့…
အချစ်အချစ်မှန်ဖြင့်.. သာယာလှပသော ဘဝခရီးကို ချစ်ကြသူတိုင်း လျှောက်လှမ်းနိုင်ပါစေဟု..

No comments:
Post a Comment