မိဘတွေဟာ သား၊ သမီးတွေအပေါ်ထားတဲ့ ချစ်မေတ္တာဟာ နှောင်ကျိုးကင်းပါတယ်လို့ ဝိဂတပစ္စည်းမှာ ပြောခဲ့ပါတယ်။ မိဘမေတ္တာဟာ ဖြူစင်သန့်ရှင်း နှောင်ဖွဲ့ကင်းပေမယ့် မိဘတွေရဲ့ အရှိန်အဝါတွေ၊ အထောက်အပံတွေက သား၊သမီးတိုင်း မကင်းကွာကြပါဘူး။ ဥမာတစ်ခုက.. သမုဒ္ဒရာကြီးက .. ငါးတွေ၊ လိပ်တွေကို အသက်ရှင်အောင် မကင်းကွာသော အဝိဂတသဘောနဲ့ ကျေးဇူးပြုပါတယ်။
အတ္ထိပစ္စယောနဲ့ အဝိဂတပစ္စယောတို့ရဲ့ စိတ်၊ စေတသိက်တရားကိုယ် သဘေားတွေတူကြပါတယ်။
* အတ္ထိ= ဥပါဒ်၊ ဌီ၊ ဘင် ( ဖြစ်၊တည်၊ ပျက်) ရှိစဉ်မှာ ကျေးဇူးပြုတယ်။
* အဝိဂတ= ဥပါဒ်၊ ဌီ ၊ဘင် ၊ မကင်းကွာခင်မှာ ကျေးဇူးပြုတယ်။
ဘားထူးလဲဆိုတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက…
အတ္ထိသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ ၊ဘင် ရှိနေစဉ်ခဏမှာ ကျေးဇူးပြုတယ်။
အဝိဂတသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ၊ ဘင် မကင်းမချုပ်ပျောက်ခင်ခဏမှာ ကျေးဇူးပြုတယ်ဟု မိန့်တော်မူပါတယ်။
ဥပမာ။ ၊။ လူကြီးတွေ အရှိန်အဝါရှိစဉ်က ပတ်ဝန်းကျင်က သူရဲ့ သား၊သမီးများကို လေးလေးစားစားရှိတာဟာ အတ္ထိပစ္စယောရဲ့ သဘော၊ လူကြီးတွေအရှိန်အဝါကျ အသက်တွေကြီးလာတဲ့အခါ သူ့ရဲ့သား၊သမီးများကို ပတ်ဝန်းကျင်က မရိုမသေလုပ်တဲ့အခါ .. ဟေ! ငါ.. မသေသေးဘူး ငါ့သား၊ သမီးတွေကို မနှိပ်စက်နဲ့၊ မစော်ကားနဲ့လို့ ပြောတဲ့သဘောက အဝိဂတပစ္စယောသဘောပါပဲ။
ပဋ္ဌာန်ပစ္စည်းများ တူရာတူရာတွဲကြည့်ရအောင်..
* စိတ်၊စေသိတ်တွေအတူတကွဖြစ်ခြင်း = သဟဇာ+ အတ္ထိ။
* စိတ်၊စေတသိတ်တွေ အတူတကွ မကင်းရာ၊မကင်းကြောင်းဖြစ်ခြင်း = သဟဇာတ + အဝိဂတ။
* ရှေးမှကြိုတင်ဖြစ်ကြတဲ့ ဥပါဒ်၊ဌီ၊ ဘင် စိတ္တခဏများလည်း ရှိနေစဉ်ဖြစ်ခြင်း = ပုရေဇာတ + အတ္ထိ။
* ရှေးမှကြိုတင်ဖြစ်တဲ့ စိတ္တခဏများ မကင်းမကွာကျေးဇူးပြုခြင် = ပုရေဇာတ + အဝိဂတ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ ရှိနေစဉ်မှာ ကျေးဇူုးုပြုခြင်း = ပစ္ဆာဇာတ+ အတ္ထိ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ မကင်းမကွာအတူဖြစ်ခြင်း = ပစ္ဆာဇာတ+ အဝိဂတ။
* ရုပ်အဟာရများဖြစ်တဲ့ အဆီသြဇာတို့သည် စိတ္တခဏများရှိနေစဉ်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ+အတ္ထိ၊
*အဆီသြဇာတို့သည် စိတ္တခဏများ မကင်းမကွား မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ + အဝိဂတ။
*ရုပ်ဣနြေ္ဒတို့ ရုပ်သက်ထင်ရှားရှိစဉ်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အတ္ထိ
*ရုပ်ဣနြေ္ဒတို့ ရုပ်သက် မကင်းမကွာ မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အဝိဂတ
စသည်ဖြင့် တူရာတူရာလေးတွေကို တွဲ၍မှတ်နိုင်ပါတယ်။
ဘာကြောင့် မြတ်ဗုဒ္ဓ ပဋ္ဌာန်း(၂၄) ပစ္စည်းကိုဟောရလဲဆိုရင် ပုဂ္ဂိုလ်၊ သတ္တဝါတွေဟာ အကြောင်းကြောင့် အကျိုးတရားတွေဖြစ်ပေါ်လာရတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ သူငါ မရှိဘူးဆိုတာ သိစေချင်လို့ပါ။
ဒါကြောင့် မိမိတို့မှာ တွေ့ကြုံခံစားနေရတဲ့ ကောင်းကျိုး ၊ ဆိုးပြစ်များသည် မူလအရင်းခံသည် အကြောင်းကြောင့်ဖြစ်ပါတယ်၊ ဒီအကြောင်းတရားတွေဖြတ်တောက်လိုက်ရင် ကောင်းကျိုး၊ ဆိုးပြစ်များလည်းဖြစ်တော့မှာမဟုတ်ပါ။
မြင်းခြင်းဆိုတဲ့ အကြောင်းတရားတစ်ခုကို လေ့လာကြည်ရအောင်…
ကိုယ်သဘောကျတဲ့သူ၊ လှပတဲ့ ရူပါရုံ မြင်ရသူမှာ စိတ်ချမ်းသာမယ်၊ ပျော်ရွှင်ရပါမယ်။
ကိုယ်သဘောမကျတဲ့သူ၊ မလှပတဲ့ အာရုံတွေ မြင်တွေရရင်တော့ စိတ်ဆင်းရဲရမယ်ပေါ့၊
ဒီလိုမြင်ခြင်းဖြစ်ဖို့အတွက် အကြောင်းတရား လေးချက်ပြည့်စုံရပါတယ်။
၁၊ မျက်ကြည်လွှာဆိုတဲ့ မျက်စိ၊
၂၊ ရူပါရုံဆိုတဲ့ အဆင်း
၃၊ အလင်းရောင်
၎၊ နှလုံးသွင်းမှု ဤအကြောင်းလေးချက် ပြည့်စုံမှ မြင်ခြင်းဖြစ်ရပါတယ်။
ပဋ္ဌာန်းတရားတော်က သိပ်နက်နဲတဲ့အတွက် ဒီလောက်ပဲ အတိုချုပ် မှတ်ခဲ့ရအောင်.. မိမိတို့ တွေ့ကြုံခံစားနေရတဲ့ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းများ ကင်းရအောင် ပဋ္ဌာန်းဒေသနာတော် လမ်းညွှန်ချက်ဖြင့် ပူးဆွေး၊ ငိုကြွေးခြင်းများကို ဖြစ်စေတဲ့ အကြောင်းကိုဖြတ်ပါလေ။
အကြောင်းကောင်း၍ အကျိုးကောင်းကြပါစေ….။
No comments:
Post a Comment