နှစ်ဦးမင်္ဂလာ နုတ်ဆက်လွှာပါဘုရား
ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၀၈
ကျေးဇူးတော်ရှင် ဆရာတော် ဦးနန္ဒ၀ံသ၊ ဆရာတော်ဦးနန္ဒသိရီ၊ နှင့် ဆရာတော် ဦးပညာဇောတတို့ဘုရား၊ ဆရာတော်များ နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာဖြင့် မြတ်စွာဘုရားသာသနာတော်ကို လက်တွဲပြုနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဆရာတော်ဘုရားများ မေတ္တာကြောင့် စက်စကာတွန်း (၃) ရက် တရားစခန်း အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်ကြောင်း၊ ဆရာတော်များ ၀မ်းသာစေရန်၊ သာဓုခေါ်နိုင်ရန် တပည့်တော်များ ကုသိုလ်ကို အမျှပေးဝေအပ်ပါသည်ဘုရား။ တရားစခန်းအပြီးတွင် ဓမ္မယောဂီများ သံပြိုင်ရွတ်ဆို၍ ကျောင်းတော်ကြီး ဦးစီး တည်ထောင်ခဲ့သော ဆရာတော်များ၊ ကျောင်းဒကာများ၊ ကျောင်ထိုင်ဆရားတော် ဦးသြသဓတို့အား ကျန်းမာစေကြောင်း ဘေးကင်း စေကြောင်း မေတ္တာသံပြိုင်ရွတ်ဆိုကြပါသည်ဘုရား။
ဤစခန်းပွဲတွင် မျိုးဆက်သစ် ကိုရင်တစ်ပါးဝတ်၍ စက်စကာတွန်းမှ ကနေဒီယန် တစ်ယောက် လာရောက် တရားထိုင်ပါသည်။ တရားပွဲကို အဂ်လိပ်၊မြန်မာ (၂) ဘာသာဖြင့် အောင်မြင်စွာ ပြသနိုင်ခဲ့ပါသည်။
ဆရာတော်များအား မနှစ်ကလျှောက်ထားခဲ့သော အင်တာနက် (အွန်လှိုင်) ဗုဒ္ဓဘာသာ သင်ကြားရေး အစီအစဉ်ကို တပည့်တတ်နိုင်သလောက် စတင်နေပါပြီ၊ "Facebook နှင့် Hi 5" တို့မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဗဟုသုတများ တင်ထားပါသည်။ တပည့်တော်၏ ဗုဒ္ဓဘာသာ အွန်လှိုင်း ၀င်ကြည်သူ ကလေးပေါင်း (၁၀၀) ကျော်ရှိပါသည် ဘုရား၊
တရားလာထိုင်သော အဖြူလူမျိုးမှာလည်း တပည့်တော် အွန်လှိုင်းမှတွေ့၍ လာရောက် ထိုင်ခြင်းပါဘုရား၊ အွန်လှိုင်းမှ သာသနာတော်ကို ဖြန့်နိုင်ပါပြီဘုရား။
စက်စကာတွန်းမှ ဒကာ၊ဒကာများလည်း တပည့်တော်ရောက် ကတည်းက အလှူရေစက် အပတ်တိုင်းလိုလိုရှိကြပါသည်ဘုရား၊ ဆရာတော် ဦးသြဓမှလည်း အရှင်းဘုရား ကြွလာ၍ အလှူဒါန ပေါးများကြောင်းပြောပါသည်ဘုရား၊ မနက်ဖန်ဆို ကိုလူကျော် ကလေး နာမည်ပေး ကင်မွန်းမင်္ဂလာပါဘုရား။
ဆရာတော်များနှင့် အနေဝေးသော်လည်း ဆရာတော်များ၏ ဆုံးမသြ၀ါဒကို နာခံလျှက်ရှိပါသည်ဘုရား၊ ဆရာတော်ဘုရား၏ `တရွာမပြောင်း သူကောင်းမဖြစ်´ ´တနေရာမှာ ကြာကြာ မနေရဘူး´ ဆိုတဲ့ သြ၀ါဒကို အမြဲနာခံမှတ်သားလျှက်ပါဘုရား၊ နေရာ အစွဲအလမ်းမရှိပါဘုရား၊
နှစ်သစ်မဂ်လာမှာ တပည့်တော်မှ ဆရာတော်များ အပေါ်၌ အမှတ်တမဲ့ ပြောမှား ဆိုမှားများ ရှိက ခွင့်လွှတ်ပါရန် တောင်းပန် ပါသည်ဘုရား၊
ဆရာတော်ဘုရားများ ကျန်းမာစွာဖြင့်် သာသနာပြုနိုင်ပါစေ၊
တပည့်ဃောသက
စက်စကာတွန်း ၂၈၊၁၂။၂၀၀၈
No comments:
Post a Comment