မြန်မာပြည်မှာ ကျေးလက်ဒေသ ဖွင့်ဖြိုးရေး ကနေဒါစင်တာတည်ဆောက်မည်ဆိုသော သတင်းကြောင့် ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ အထူးစိတ်ဝင်းစားကြသလို ၊ မိတ်ရင်းဆွေရင်း ဒကာရင်းများမှလည်း ကူညီထောက်ပံ့လှူဒါန်းသည်မှာ မြန်မာငွေ ကျပ်သိန်းတရာကျော်သွားပြီး ဖြစ်ပါသည်။
ကနေဒါစင်တာအတွက် ခန့်မှန်း ကုန်ကျငွေမှာ မြန်မာကျပ် သိန်း (၅၀၀) ဖြစ်သည်။
ကနေဒါစင်စင်တာ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ပညာရေး ကျန်းမာရေး နောက်ကျ ကျန်ရစ်နေသော ကျေးရွာများကို
ပြည်ပရောက်မြန်မာများနှင့် ပြည်တွင်းရှိ စေတနာရှင်များ ပူးပေါင်းပြီး ကျေးလက်ဒေသ ပညာရေး ကျန်းမာရေး အတူတကွမြှင့်တင်ရန်ဖြစ်ပါသည်။
ပညားရေးဆိုလို့…ယနေ့သတင်းများတွင် ဝမ်းသာစရာ သတင်းမှာ မြန်မာနိုင်ငံ တဝှမ်းကျောင်းသားများတောင်းဆိုနေသော ဒီမိုကရေစီ ပညာရေးစနစ် မူ (၁၁) ချက်ကို လက်ရှိအစိုးရမှ သဘောတူ လက်ခံထားပြီး ဖြစ်ကြောင်းနှင့် ပညာရေးသုံးစရိတ် ၂၀% ကို (၅) နှစ်အတွင်း ကျင့်သုံး သွားမည်းဟု နားထောင်လိုက်ရပါသည်။
မြန်မာပြည် ပညာရေးမြှင့်တင်ရန် ကြိုးပန်းနေသော ပြည်ပရောက်မြန်မာများအဖို့ အထူးပင် ဝမ်းသာကြည်နှုးမိပါသည်။
ကနေဒါနိုင်ငံတွင် ..အခြေခံပညာရေးမှ အထက်တန်းပညာရေးအထိ အခမဲ့ ပညာရေးဖြစ်ပါသည်။ မြန်မာပြည်တွင် အထက်တန်းပညာလေ့လာခွင့် မရခဲ့သော စာရေးသူအဖို့..၊ မြန်မာနိုင်ငံတွင်လည်း အထက်တန်းအထိ အခမဲ့ ပညာရေးဖြစ်ချစ်ခဲ့တာ ကြာပြီဖြစ်ပါသည်။
ဤစေတနာအရင်းခံကြောင့် မိခင်ကြီးထားခဲ့သော အိမ်နှင့်မြေနေရာကို ၊ ကျေးလက်ဒေသ ပညာရေး ကျန်းမာရေးအတွက် ကျန်ရစ်သူမိသားစုများမှ ရေစက်ချ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
ကနေဒါစင်တာလူမှုရေးအသင်း စတင်ဖွဲ့စည်းပြီးနောက်..၊၂၀၁၅-ခု ဇန္နဝါရီလ (၁၁) ရက်နေ့တွင် ကနေဒါနိုင်ငံမှ တာဝန်ရှိ ဗဟိုအလုပ် အမှုဆောင်များ စင်တာရှိရာ ၊ကျောက်ပန်တောင်းမြို့နယ် သနပ္ပင်ရွာသို့ ကွင်းဆင်းလေ့လာပြီး
ဒေသခံများနှင့် တွေ့ဆုံကာ ၊ ဒေသခံလူကြီးမင်းများနှင့် အဖွဲ့ဝင် (၁၉)ဦးပါသော ကနေဒါစင်တာ လူမှုရေးအသင်းကြီးကို စတင်ဖွဲ့စည်းဖြစ်ခဲ့ပါသည်။
ကနေဒါနိုင်ငံမှ ခေတ္တမြန်မာပြည်ရောက်နေသော အလုပ်အမှုဆောင်များမှ အသင်းအဖွဲ့၏ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့် ၊ အသင်းကြီး၏ ရည်ရွယ်ချက်များကို ရှင်လင်းတင်ပြီးနောက် ပထအကြိမ်အဖြစ် ကနေဒါစင်တာအတွက် မ,တည်အလှူငွေ သိန်း (၂၀) ကျပ်
ပညာထူးချွန်း ဆုချီးမြှင့် ( ၇) သိန်း
အခြေခံမူလတန်းကလေးငယ်များတွက် သင်ထောက်ကူ တစ်သိန်းခွဲ
လောလောဆယ် အသဲရောဂါ ခံစားနေရသော သူတွက် (၅)သိန်း
ကျေးလက်ဒေသ အဘိုးအဘွားများအတွက် ကျန်းမာရေးအလှူ (၂) သိန်းနှင့်
ကျေးလက်ဒေသ ကျန်းမာရေးအတွက် အရေးပေါ် သုံးရန် ဆေးဝါးတစ်သိန်းခွဲကျော်ဖိုး လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ကနေဒါစင်တာ အဆောက်အဦးကို ၂၀၁၅-ခုနှစ် ဒီဇင်္ဘာလလောက်တွင် စတင် အုဋ္ဌ်မြစ်ချမည် ဖြစ်ပြီး ၊စိတ်ဝင်စားသူများ ၊ အလှူရှင်းများကိုလည်း အားလုံး ပါဝင်ကူညီဆောက်ရွက်ရန် ဖိတ်ခေါ်အပ်သည်။
ဗုဒ္ဓရံသီဆရာတော်၊ကနေဒါစင်တာဖြစ်မြောက်ရေး

No comments:
Post a Comment