နာရခြင်း၊ အိုးရခြင်းသည် ပင်ပန်း၏ ( ဆင်းရဲ၏)
နာရခြင်း၊ အိုးရခြင်းထက် ၊ သေရခြင်းကာ အလွန်ပင်ပန်းဆင်းရဲလေစွတကား
***********************
မြတ်ဗုဒ္ဓသည် သက်တော် (၈၀) ဝါတော် (၄၅) ဝါတိုင်တိုင် နေရောညပါမနေမနား တရားဓမ္မများကို နတ်၊ဗြဟ္မာတို့အား ဟောကြား ပြသဆုံးမှုစဉ်က ၊ “ အာနန္ဒာ ငါ ဒီနေ့တော့ ပင်းပန်းလိုက်တာ” ဟု တစ်ချက်ကလေးမှ မငြီးငြူဖူးခဲ့ပါ။
မဟာသက္ကရာဇ် ၁၄၈-ခု ၊ (ဘီစီ -၅၄၃) ကဆုန်လပြည့်နေ့ ညနေချမ်းအချိန်အခါတွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ရောက်တော်မူသည်။ ထိုအခါကျမှ အာနန္ဒာ “ ငါဘုရား ပင်ပန်းတော်မူသည် ဒီအင်ကြင်းပင် နှစ်ပင်ကြားမှာ
ခဏလောက် နားဖို့ နေရာထိုင်ခင်း ခင်းပေးတော်မူပါ” ဟု နောက်ဆုံးခရီး ငြီးငြူတော်မူသည်။
မြတ်ဗုဒ္ဓ၏ နောက်တော်ပါးမှာ အမြဲအလုပ်အကျွေးပြုတော်မူသော အရှင်အာနန္ဒာသည် ၊ အရင်က မြတ်ဗုဒ္ဓခိုင်းသမျှကို ပြုစုလုပ်ကျွေရတာ စိတ်အားထက်သန်သလောက် ဒီတစ်ခါတော့ စိတ်မပါတပါဖြင့် မျက်ရည်များ တဖြိုင်ဖြိုင်ကျကာ နောက်ဆုံးပြုစုခြင်းဖြင့် နေရာထိုင်ခင်းကို ခင်းပေးလိုက်သည်။
မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးကို တသောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာအပေါင်းတို့ စုဝေးရောက်လာကြသည်၊
မြတ်ဗုဒ္ဓကို နောက်ဆုံးပူဇော်သောအနေဖြင့် ပန်းမျိုးစုံ၊ နံ့သာမျိုးစုံ၊ နတ်တူရီယာမျိုးစုံဖြင့် သီဆို တီမှုတ်ပူဇော်ကြသည်။
ထိုအခါမြတ်ဗုဒ္ဓက.. လာရောက်ပူဇော်ကြသော နတ်ဗြဟ္မာများအား “ ငါဘုရားအား ဤကဲ့သို့ အဆောင်အယောင်များဖြင့် ပူဇော်ခြင်းထက်၊ ငါဘုရားဟောကြားသည် တရားတော်များကို လိုက်နာကျင့်ကြံခြင်းသည် သာ၍ မွန်မြတ်ပေသည်။ ငါဘုရား ပါရမီတော်တို့ကို
ဖြည့်ဆည်းခဲ့ခြင်းသည်းလက် ထိုအဆောင်အယောင်များကို
မျှော်ကိုး၍ ဖြည့်ဆီးခဲ့ခြင်းမဟုတ် ၊လောကီလူသားများ ဝဋ်ဒုက္ခမှ လွှတ်မြောက်ဖို့ရာ ဖြည့်ဆီးခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူသည်။
မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးတွင် ကုသိနာရုံမှ မလ္လာမင်းများနှင့် မြို့သူ မြို့သားများလည်း ကြိတ်ကြိတ်တိုး လာရောက် ဖူးမျှော်ကြသည် ၊ လုတွေများလွန်းလှ၍ တစ်ယောက်စီ ဖူးမျှော်ခွင့်ကို မပေးတော့ပဲ ဗုဒ္ဓလျောင်းတော်မူရာ ညောင်စောင်းတစ်ဝိုက်ကို တင်းတိမ် ကန့်လန့်ကာများ ကာရံထားလိုက်သည်။
ထိုပရိတ်သတ်များထဲတွင် အသက်အရွယ်ကြီးပြီး အိုမင်းရင့်ရောက်နေပြီဖြစ်သော သုဘဒ္ဒမည်သော ပရဗိုဇ်တစ်ဦးပါလာသည်။ သူသည် သံယဖြစ်နေသော အချက်တစ်ခုကို မေးလျှောက်လိုသောကြောင့် မြတ်ဗုဒ္ဒ၏ နောက်ဆုံးခရီးတွင်လာရောက်လျှောက်ထားခြင်းဖြစ်သည်။
ထိုပရဗိုဇ်ကြီးက မြတ်ဗုဒ္ဓအား ဖူးတွေ့ခွင့်ရဖို့ မြတ်ဗုဒ္ဓအားသုံးကြိမ်တိုင်တိုင် ဆုတောင်းသည် ၊အရှင်အာနန္ဒာက မြတ်ဗုဒ္ဓပင်ပန်းနေပြီးဖြစ်၍ တားမြစ်တော်မူသည်။ ဗုဒ္ဓက ..စကားသံကိုကြားတော်မူသော် သုဘဒ္ဒကို ဝင်ခွင့်ပြုစေလိုက်သည်။
ထို့နောက်သုဘဒ္ဒလည်းသူသံသယဖြစ်နေသော မေးခွန်းကို မေးလျှောက်ခါ ယုံမှားသံယသကင်း၍ မြတ်ဗုဒ္ဓထံ၌ ရဟန်းအဖြစ်ကို ရတော်မူသည်။
လူ၊နတ်၊ဗြဟ္မာ ပရိတ်သတ်များကာ မြတ်ဗုဒ္ဓနောက်ဆုံးခရီးကို ရင်တမမဖြင့် လာရောက် အားမလို အားမရ လာရောက်စောင့်မျှောင်နေကြသည်၊ အချိန်ကလည်း နံက်မိုးသောက်ယံသို့ ရောက်ခါနီးနေပြီ မြတ်ဗုဒ္ဓကတော့ မှာကြားစရာကို ဆက်လက်မှာကြားနေဆဲဖြစ်သည်။
“ အာနန္ဒာ … ငါဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါ ငါတို့မှာ ဆရာမရှိတော့ဘူး” ဟု ဝမ်းနည်းပူးဆွေး ငြိုးကြွေးမနေကြနှင့်၊ ငါဗုဒ္ဓဟောကြားသည့် သုတ်၊ဝိနည်း ၊ အဘိဓမ္မာ ၊ တရားတော်များကား သင့်တို့ ဆရာပဲဟု” မှာကြားတော်မူသည်။
ထို့နောက် ရဟန်းပရိတ်သတ်များအား …၊ “ ရဟန်းတို့ သင်တို့မှာ ငါဘုရား ဟောကြားထားသည့် တရားတော်များ၌ ယုံမှားသံသယဖြစ်နေသောအချက်များ ရှိခဲ့လျှင် ယခုငါဘုရား သက်တော်ထင်ရှား ရှိခိုက် မေးလိုက်ကြ၊ နောင်အခါကျမှ ဗုဒ္ဓသက်တော်ထင်ရှား ရှိနေစဉ်က မမေးလိုက်ရလေခြင်း ဟု နောင်တ မဖြစ်ကြစေနှင့် ဟူ၍ မိန့်ကြားတော်မူပြန်သည်။
ရဟန်းတော်များကာ မည်သို့မျှ မလှုပ် ၊ ငြိမ်သက် တိတ်ဆိတ်နေကြသည်။
နောက်ဆုံး၌ ဗုဒ္ဓက..
ရဟန်းတို့..သင်္ခါရတရားတို့ကား ပျက်စီးခြင်း သဘောရှိကြသည်။ သင်ချစ်သားတို့သည် မမေ့မလျော့သော သတိတရားဖြင့် အားထုတ်ကြ” ဟု မြွတ်ကြားတော်မူကာ ငြိမ်သက်သွားလေသည်။
ကျမ်းကိုး
မင်းယုဝေ၊ ဗုဒ္ဓဝင်အကျဉ်း

No comments:
Post a Comment