ကဆုန်လပြည့် ဗုဒ္ဓ၏နောက်ဆုံးနေ့သို့ ရောက်ခါနီလေလေ ၊ ဗုဒ္ဓကို သတိရ အမှတ်ရစိတ်များကလည်း တဖွားဖွားဖြစ်ပေါ်လာလေလေဖြစ်သည်။ ဗုဒ္ဓတစ်ဆူ တစ်ဆူ ပွင့်ထွန်းပေါ်ဖို့သည်၊ လွယ်ကူသော ကိစ္စ မဟုတ်၊ အချိန်အခါ ကျရောက်မှ ပွင့်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း ပါရမိရှင် ဗုဒ္ဓကိုယ်တိုင် ခက်ခက်ခဲခဲကျင့်မှ ဗုဒ္ဓအဖြစ်သို့ ရရှိတော်မူခဲ့၏ ၊ဒါတောင် ဒေဝဒတ်၊မာရ်နတ်တို့ကဲ့သို့ အဖျက်ရန်များကို များစွာကျော်ဖြတ်ခဲ့ရ၏။
ဗုဒ္ဓပွင့်ပေါ်လာခြင်းသည် ၊ သတ္တဝါများအားလုံးအတွက်ကောင်းကျိုးများဖြစ်ထွန်းခဲ့ပါ၏ ။ သို့သော်လည်း လူသားအားလုံးအတွက်တော့ မဟုတ်ခဲ့၊ ဒေဝဒတ်လိုလူသားများလည်း များစွာရှိခဲ့ပါ၏။ တိတ္တိဆရာကြီး (၆) ယောက်တို့ကဲ့သို့ ငါဟာ ဗုဒ္ဓအစစ်၊ သူဟာ ဗုဒ္ဓအစစ်ဟု ဘုရားပြိုင်များနှင့်လည်း ရင်ဆိုင်ခဲ့ရပါ၏ ၊
ဗုဒ္ဓ၏ ဘဝအခက်အခဲအနှောက်အယှက်များနှင့်အပြိုင်အဆိုင်များကို
တွေးမိတိုင်း ၊ သတိတရားရမိ၏။ “ မင်းကကော ဘာမလို့လဲ…၊ ပါရမီရှင် ဗုဒ္ဓဂေါတမတောင် သတ်မည့်သူ၊ ပြိုင်မည့်သူ၊ အပုတ်ချသူ၊ မာဂန္ဓိလို လူငှားပြီး ဗုဒ္ဓနောက်ကို လိုက်ကာ (၇) ရက်လုံး ဆဲရေးကြိမ်းမောင်း မည့်သူများ ရှိတာပဲ” ဟု သံဝေဂများရမိပါသည်။
ုထိုအဖြစ်ပျက်များကား၊ ပုထုဇဉ်လူများ ရှိနေသ၍ ရှိနေဦးမည်ဖြစ်၍ ..၊ အထူးအဆန်းအဖြစ် တုန်လှုပ်စရာ မလိုတော့…၊
တစ်နေ့တွင်.. ဗုဒ္ဓသည် အရှင်အာနန္ဒအား “ ငါ.. ပရိနိဗ္ဗာန် ပြုတော်မည် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုတော်မူသည်။ ထိုအခါ ပုထုဇဉ်ဖြစ်သော၊ အမြဲတန်း အတူသွားအတူလာဖြစ်၍ သံယောဇဉ်ဖြစ်နေသော အရှင်အာနန္ဒာက မျက်ရည်များ ဖြိုင်ဖြိုင်ကျလာ ပူဆွေးသောကများဖြင့် ငိုကြွေးလေတော့သည်။
ထိုအခါဗုဒ္ဓက…
“အာနန္ဒာ… ချစ်သောသူတို့နှင့်လည်း တစ်နေ့နေ့တွင် သေကွဲ (သို့) ရှင်ကွဲ ကွဲရမည်။
မည်သူမဆို ကိုယ့်လမ်း ကိုယ်သွား၊ သူ့လမ်း သူသွားကြရမည်။
ဖြစ်ပွား ပေါ်ပေါက်လာသည့် အရားအားလုံး ပျက်စီး တတ်သော သဘောရှိသည် ၊ မပျက်စီးပါစေနှင် ဟု တားဆီး၍မရ” ဟု တရားဓမ္မများဟောကြားကာ နှစ်သိမ့်စကား ပြောတော်မူသည်။
ထို့နောက် ဗုဒ္ဓသည် အရှင်အာနန္ဒအား ဝေသာလီပြည်ရှိ ရဟန်းတော်များအားလုံး စည်းဝေးစေရန် ဖိတ်ကြားစေပြီ
“ ရဟန်းတို့…ငါဘုရားသည် ယနေ့မှစ၍ သုံးလမြောက်သောနေ့တွင် ပရိနိဗ္ဗာန်ပြုတော့မည် ၊ ထို့ကြောင့် ချစ်သားတို့ မမေ့မလျော့ နေကြ၊ သတိရှိသူ၊ သီလရှိသူဖြစ်ကြ၊ ကောင်းစွာ တည်ကြည်ကြ၊ ကောင်းသောအကြံကို ကြံကြ၊ မိမိကိုယ်ကိုစောင့်ရှောက်ကြဟု မိန့်ကြားတော်မူခဲ့သည်။
ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းကား နှစ်ပေါင်း ၂၅၅၇-ကြာအောင် ရှေးအကျဆုံး အဖွဲ့အစည်း ဖြစ်သော်လည်း ယနေ့ ထက်တိုင် ညီညီညွတ်ညွတ်၊စည်းစည်းလုံးဖြင့် ဆက်လက်ရှင်သန်နေဆဲဖြစ်ပါ၏။
မိမိလည်း ဤကဲ့သို့ စစ်မှန်သော သံဃာ့အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ခွင့်ရသည်အတွက် ဝမ်းသာ ကြည်နှုးပါ၏။
သို့သော်လည်း မြတ်ဗုဒ္ဓတရားတော်အတိုင်း ဖြစ်ဖြစ်သမျှ အရာအားလုံးဟာ ပျက်စီးခြင်း အဆုံးရှိသည် မဟုတ်ပါလား….၊ ထာဝချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာ……၊
No comments:
Post a Comment