မြန်မာဗုဒ္ဓဘာသာအသင်း၊ ကနေဒါ ၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို သတိရပူဇော်သောအားဖြင့် မြတ်စွာဘုရား၏ ထူးခြားချက် ဖွား၊ပွင့်၊စံ၊ နေ့ထူးနေ့မြတ် (၃) ရက်တွင် ဖွားတော်မူခန်းနှင့်၊ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ရောက်တော်မူ ပုံကို တင်ပြခဲ့ပြီးဖြစ်ပါသည်။
ဗုဒ္ဓအကြောင်းတွေကို လေ့လာမိတိုင်း မိမိဘဝဖြင့် ထပ်ဟပ်ကာ .. ဗုဒ္ဓ၏အစွမ်းသတ္တိဓာတ်များကူးစပ်ကာ လောကဓံကို ကျော်ဖြတ်နိုင်ကြမည် ဟု ယုံကြည်မိပါသည်။
မည်သို့ပင် ပါရမီရှင် ၊တန်ခိုးရှင် ဖြစ်လင့်ကစား...၊ လောကအခက်အခဲများကား ရှိတတ်ပါသည်။
သို့အတွက်ကြောင့် ဗုဒ္ဓကိုယ်တော်တိုင် ခက်ခက်ခဲခဲကျင့် အဖျက်အဆီးများစွာကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်း ၊ ထိုမှတဆင့် မဇ္ဈိမပဋိပဒါလမ်းစဉ် တဆင့်ပြန်ရွေးချယ်ကာ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ရောက်တော်မူရသည်။
သို့သော်လည်း...သက်တော်ကုန်ဆုံးသောအခါ ..၊ ဗုဒ္ဓကိုယ်တော်တိုင် တစ်ဘဝချုပ်ငြိမ်းရလေသည်။
သံဝေဂ ရဖွယ်တကား
----------------------------
မြတ်ဗုဒ္ဓသည် ကုသိရုံပြည်မှာ ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုမြို ပရိနဗ္ဗာနစေတီတွင်း၌
မြောက်ဘက်သို့ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့မျက်နှာမူကာ ထုလုပ်ထားသော မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပုံကို ဖူးတွေ့နိုင်ပါသည်။
ကုသိနာရုံမျာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ရခြင်းမှာ...
၁ ။ ။မြတ်စွာဘုရားရှင်ရဲ့ အတိတ်ဘဝ ၆ဘဝက ဦးခေါင်းချခဲ့သောနေရာဖြစ်ခဲ့ခြင်း ။
၂ ။ ။ မဟာသုဒဿန သုတ်တော်ကို ဟောတော်မူလိုခြင်း ။
၃ ။ ။ သုဘဒ္ဒပရိဗိုဇ်အား တရားဟော၍ ချွတ်လိုခြင်း ( ဘုရားရှင်၏ နောက်ဆုံးကျွတ်တန်းဝင်သူ)။
၎ ။ ။ဘုရားရှင်၏ ဓါတ်တော်ဝေရာတွင် ဖြစ်လာမည့် ပဋိပက္ခ ကို ဖြေရှင်းပေးနိုင်သူ ဒေါန ပုဏ္ဏားကြီးရှိခြင်း ..စတဲ့ အချက်တွေကြောင့်
ပါဝါပြည်မှ ကုသိနာရုံသို့ ၆မိုင်ဝေးတဲ့ခရီးကို ၂၅ကြိမ်နားပြီး ကြွလာတော်မူခြင်းဖြစ်သည်။
No comments:
Post a Comment