ချစ်သူများနေ့ ဆယ်စုနှစ် ကျော်ဖြတ်ခဲ့ပေမဲ့ စိတ်ကူးယဉ်အချစ်များစွာဖြင့် အဘိုးနှင့်အဘွား
“အချစ်ကို ရှာဖွေဖို့အတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး” လို့ "ချစ်သူများနေ့"မှာ အသက် ရာနီပါးရှိတဲ့ အဘိုးနဲ့အဘွားက ဆိုလိုက်ပါတယ်။
အဘွား'ပတ်'ကတော့ ၈၄-နှစ်ရှိပြီး ၊အဘိုး'ဘတ်'ကတော့ အသက် ၉၉-နှစ်ပါ။ သူတို့နှစ်ယောက် လွန်ခဲ့တဲ့ ၄-နှစ်လောက်က စတင်ချစ်ကြိုက်ခဲ့ကြပြီး ၊ အဲဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင်အောင် ချစ်ခင်ကြတဲ့ စုံတွဲအဖြစ် အမြဲတမ်းတွဲလျှက် မြင်တွေ့ရတတ်ပါတယ်။
လူတွေက “ သူမ မလှတော့ဘူး မဟုတ်လား” လို နှောက်ပြောင်စတဲ့အခါမျိုးမှာ..အဘိုးက ပြုံးရွှင်သော မျက်နှာတဲ့ အဘွားဘက်ကို မျက်လုံးကလေး ဒေါင့်ကပ်ပြီး တစိမ့်စိမ့်ကြည့်ရင်းနဲ့ ‘ ငါ မိန်းကလေးတိုင်းကို ချစ်တတ်ပါတယ်။ ဒါပေမယ့် သူမကတော့ ၊ ချစ်စရာအကောင်းဆုံးပေါ့” ပြုံးစိစိနဲ့ ပြန်ပြောလေ့ရှိပါတယ်။
သူတို့စုံတွဲဟာ လွန်ခဲ့တဲ့ ၄-နှစ်ယောက်မှ လက်ထက်ဖြစ်ခဲ့ကြတယ်ဆိုပေမယ့် နှစ်ခြောက်ဆယ်နီးပါး ခင်မင်ရင်းနှီးကြတဲ့ မောင်လှယ်၊ နှမလှယ် ဆွေးမျိုးရင်းခြာတွေပါ။
ဘတ်ရဲ့ ဦးလေးက ပတ်ရဲ့အဒေါ်ကို လက်ထပ်ခဲ့ကြပြီး၊ ပတ်ရဲ့ယောက်ျားဟောင်း ဝမ်းကွဲက ဘတ်ရဲ့ ညီမနဲ့ လက်ထပ်ခဲ့တဲ့သူတွေပါ။
သူတို့နှစ်ယောက် မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာကတော့ (၁၀) နှစ်ကျော်ပြီပေါ့။
ပတ်မိဘတွေကတော့ လူကုံထံအသိုင်းအဝိုင်းကဖြစ်ပြီး၊ ဘတ်ကတော့ လယ်သမားမိသားစုက ဆင်းသက်လာကြတာပါ။
နှစ်ယောက်လုံးဟာ အိမ်ထောင်ပျက်များဖြစ်ကြပြီး ပတ်မှာက အရွယ်ရောက်ပြီး ကလေး ၆-ယောက်နှင့် ၊ ဘတ်မှာကတော့ ကလေး ၅-ယောက်ရှိနေပါသေးတယ်။
အဘိုးဘတ်ကတော့ ၊အဘွားပတ်ရဲ့ယောက်ျားဟောင်းနဲ့အိမ်နီးချင်း မိတ်ဆွေများနဲ့အတူ မကြာခဏ ပေါ်ကာ ကစားလေ့ရှိပြီး။ ပတ်ကတော့ ဘတ်ရဲ့ ရေကူးကန်းမှာ မကြာခဏ ရေလားကူးလေ့ရှိပါသတဲ့။
၁၉၉၆-ခုနှစ်မှာ ဘတ်ရဲ့ဇနီးဟောင်းဆုံးပါးသွားပြီး၊ ၁၉၉၉-ခုနှစ်မှာ ပတ်ရဲ့ ယောက်ျားဟောင်းဆုံးပါးသွားခဲ့ပါတယ်။ သူတို့နှစ်ယောက် မိတ်ဆွေရင်းတွေလို့ အတူဆက်လက်နေထိုင်လာခဲ့ကြပြီး ၊ နှစ်ဖက်သားသမီးတွေရဲ့ အချစ်မြှာနတ်မောင် ၊အောင်သွယ်ပေးမှုကြောင့် မုဆိုးဖိုနှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြတာပါ။
ပထမဆုံး ချစ်သူတွေအဖြစ် တွေ့ဆုံခဲ့ကြတာကတော့ သူတို့လက်မထပ်ခင် ၂-နှစ်လောက် ၂၀၁၀ ကတည်းကပါ။ နောက်တော့ ဘတ်ရဲ့မိသားစုကနေ လက်ထက်ကြဖို့ စီစဉ်ပေးလိုက်တာပါ။
ဒီနှစ် ချစ်သူများနေ့မှာတော့ ဘတ်တစ်ယောက် အခြားမြို့မှာနေပေမယ့် ၊ သူရဲ့ ခါးပတ်အောက်မှာ ချစ်သူများနေ့ပေါင်းများစွာနဲ့ ချစ်သူရှိရာ မြို့ကလေးကို သွားခဲ့ပါတယ်။ ဘတ်ဟာ ပတ်ရဲ့ ရှေ့မှာ အချစ်ကဗျာလေးတွေ ရွတ်ဆိုပြတာ၊ အချစ် သီချင်းစာသားလေးတွေ သီဆိုပြတာ လုပ်ရင်းနဲ့ အချစ်စိတ်ကူးယဉ်ဆန်းဆန်း ရှင်သန်နေဆဲပါ။
" ဒီမိန်းကလေးနဲ့ ငါတူနေချင်သေးတယ်" လို့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လို့ ချက်ပြုတ်ခန်းမှာ ထိုင်းကာ ဘတ်က ပြောလိုက်ပါတယ်။
ဒီတော့ ပတ်က “ သူရဲ့အပြုံးနဲ့ ဟာသနှောတဲ့ သူ့ရဲ့ အပြောလေးတွေကို ချစ်ပါတယ်တဲ့။ သူဟာ ကမ္ဘာမှာ သိပ်အပွင့်လင်းဆုံးသူပဲ” လို့ ပြောဆိုနေပုံက ၊ သူတို့ရဲ့ အချစ်ကို ပုံပေါ် စေခဲ့ပါတယ်။
သူနှစ်ယောက် ဧည့်ခမ်းထဲက ထိုင်ခုံပေါ်မှာ အတူထိုင်ကြရင်း..အချစ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရင်းနဲ့ အချိန်ကို ကုန်လွန်စေပါတယ်။
ပြီးခဲ့တဲ့နှစ်က အလစကာ အပျော်စီးသင်္ဘောနဲ့ သူတို့နှစ်ယောက်ခရီးအတူးသွားတုန်းက .. ရိုက်ခဲ့တဲ့ စုံတွဲ ဓာတ်ပုံ အယ်(လ်) ဘဏ်ကို တစ်ရွက်ချင်း လှန်ကြည့်ရင်း သူတို့နှစ်မှာ ပျော်ရွှင်ဖွယ်ရာ အချစ်များစွာနဲ့ ၊အချိန်တွေကို ကုန်လွန်စေခဲ့တာဆိုတာ သိလိုက်ရပါတော့တယ်။
ဘာသာပြန်

No comments:
Post a Comment