မြတ်စွားဘုရားအား နေ့စဉ်ပူဇော်သောအားဖြင့် ရှားပါး အစိန္တေယျ ဘုရားရှိခိုးဖြင့် နေ့စဉ် တစ်ပိုဒ်စီပူဇော်ပါမည်။ ဓမ္မမိတ်ဆွေများလည်းစာကိုဖတ်ရင်း ပူဇော်နိုင်ပါစေသတည်း။
*****
၁* အစိန္တေယျ ၊အပ္ပမေယျ၊ သေဋ္ဌဇေဋ္ဌ ၊ အတုလပရမံ၊ အရဟံ ဘဂဝါ သမ္မာသမ္ဗုဒ္ဓ၊ အနုတ္တရမာရဇိ၊တိလောကန္တဂူ သယမ္ဘူဘဝိဿရ ၊ ဤသို့စသား အသင်္ချေယျ ၊နာမတံဆိပ်၊ ဂုဏ်ဝိသိဌ်ဖြင့်၊ ဇမ္ဗူဒိပ်မှာတက်၍ ဘဝဂ်တိုင်ကြေညာလျက်၊ ကာမရူပ၊အရူပဟု သြကာသသုံးရပ်၊လောကဓာတ်၌ အမြတ်ထက် အမြတ် သမိုက်အပ်သော လူနတ်ဗြဟ္မာ၊ မဟာကဝိန် သုခမိန်တို့သည် ပညိနြေ္ဒရှိတိုင်းဖြင့်၊ ခြားပိုင်တွက်ကျုံး၍ ၊ မဆုံးမကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များးပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူထသော မြတ်စွာဘုရား ရိုးသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန့်တော့ပါ၏ အရှင်ဘုရား။
ခက်ဆစ် အပိုင်း (၁)
အစိန္တေယျ = မကြံစည်နိုင်သော ၊ ကြံတွေးမရနိုင်သော
အပ္ပမေယျ = မနှိုင်းယှဉ်နိုင်သော
သေဋ္ဌ = လောကထက်မြတ်သော
ဇေဋ္ဌ = လောကထက်ကြီးသော
အတုလ = တုဖက်ကင်းသော
ပရမံ = မြတ်သော
အရဟံ= ပူဇော်အထူးကို ခံထိုက်သော
သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားကို မဖောက်မပြန် မှန်ကန်စွာ ကိုယ်တော်တိုင် ထိုးထွင်း၍ သိသော။
အနုတ္တရ = မိမိထက် လွန်မြတ်သူ မရှိသော
မာရဇိ = မာရ်ငါးပါးကို အောင်မြင်တော်မူသော
တိလောကန္တဂူ = လောကသုံးပါ၏ အဆုံးသို့ရောက်တော်မူသော
သယမ္ဘူ = တရားကို ကိုယ်တိုင်သိတော်မူသော
ဘဝိဿရ = ဘဝကို စိုးမိုးနိုင်သော
အသင်္ချေယျ နာမတံဆိပ် = မရေမတွက်နိုင်သော အမည်တော် ဘွဲ့တံဆိပ်
ဂုဏ်ဝိသိဌ် = ဂုဏ်ထူး
ဇမ္ဗူဒိပ် = ကျွန်းကြီးလေးကျွန်းအနက် ဇမ္ဗူဒီပါတောင်ကျွန်း
ဘဝဂ်= သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံးဘုံ။
ကာမ၊ရူပ၊ အရူပ= ကာမဘုံ ၊ ရူပဘုံ၊ အရူပဘုံဟူသော
သြကာသသုံးရပ် = သတ္တဝါတို့ တည်ရာ ဘုံကြီးသုံးရပ်
လောကဓာတ် = စကြာဝဠာ လောကကြီး။
သမိုက်အပ်သော = သမုတ်အပ်သော
မဟာကဝိန်= ပညာရှိကြီး။
သုခမိန်= ပညာရှိ
ပညိနြေ္ဒ = ဥာဏ်ပညာ
ကျေးဇူးတော်အပုံ = ကျေးဇူးတော်အများအပြား။
အပိုဒ် (၂)
၂* အမျိုးအားဖြင့် မြတ်သောသူ ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့် မြတ်သောသူတို့သည် မာန်မူဖက်ပြိုင်ခြင်းငှာ မထိုက်၊မကိုဋ်မင်္ဂလာ ၊ဤကမ္ဘာနှိုက် ၊ ပထမာဒိက ၊ ဘူမိပါလ ၊အာဒိစ္စဂိုဏ်း၊ တိုင်းပြု ၊ပြည်ပြု သမ္မုတိဒေဝရာဇ်၊ နေနွယ်ဖြစ်၍ စင်စစ် အမျိုးတော်အားဖြင့်မြတ်သော ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွတ်ရာဖြစ်၍ စင်စစ် ဘုန်းတော်အားဖြင့်လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊အဏ္ဏဝါကို ဖြူလွှာပြုလျှက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင် ၊မကုန်နိုင်သည်ဖြစ်၍ ၊စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ် ဤသုံးစုံကြောင့် လူ့ဘုံနတ်ဌာန် ပြိုင်စံယှဉ်ဖော် ၊ မပေါ်မပြူ၊ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်လည်းဖြစ်တော်မူထသော မြတ်စွာဘုရားအား အဟံ - အကျွုန်ုပ်သည် ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
အပိုဒ် ( ၂) ဆက်ခစ်
မကိုဋ်မင်္ဂလာ = ထူးခြားသည် မကိုဋ်သရဖူ
ပထမာဒိက = အစဦးဆုံး
ဘူမိပါလ မင်း ( ဤ၌ သမ္မတမင်းကို ဆိုလိုသည်)
အာဒိစ္စဂိုဏ် = နေမျိုးမှ ဆင်းသက် ပေါက်ဖွားလာသော။
သမ္မုတိဒေဝရာဇ် မင်း၊မင်းကို သမ္မုတိနတ်ဟုခေါ်သည်။
ဇာတိမဟတ္တဂုဏ် =အမျိုးဇာတ်အားဖြင့် ကြီးမြတ်သော ဂုဏ်။
ပုညမဟတ္တဂုဏ် =ဘုန်းတော်အားဖြင့် ကြီးမြတ်သောဂုဏ်
ဝသုန် မြေ
သေလာ = ကျောက်တောင်
အဏ္ဏဝါ = သမုဒ္ဒရာ
ဂုဏမဟတ္တဂုဏ် = ဂုဏ်အားဖြင့် ကြီးမြတ်သော။
အပ္ပဋိပုဂ္ဂိုလ် ယှဉ်ပြိုက်ဖက်မရှိသော ပုဂ္ဂိုလ်
*****
အပိုဒ် (၃)
ဇမ္ဗူ့ ကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလနှိုက် ၊ ကာမလောကဓာတ်၊ ခုနစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်၊ တုန်ဘနန်းမျှ၊ သန်းအကုဋေ၊နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ ခေမာဂီရိ ၊ တောင်တရှိမျှ ပြောင်ကြီးသဌ်နင်း၊ မာရ်နတ်မင်းကို ၊ ဖြည့်တင်တော်မူခဲ့သော၊ ပါရမီဥာဏ် ၊ကံသမ္ဘာရှိန် ၊ ဝရဇိန်လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင် ၊ အောင်မြင်တော်မူစေ၍ ၊ ကိလေသာစက်၊ သုံထောင်ဝက်ကို ၊ ဖြိုဖျက် တိုက်လှန်ခြင်းငှာ၊ အာနာပါန ဘာဝနာဖြင့်၊ ရုပါဝစရ၊ အရူပါဝစရ ၊ စတုတ္ထသမာပတ်တို့ကို ၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝေက္ခဏဝသီ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာနဝသီတည်းဟူသော၊ ဝသီဘော်ငါးတန်ဖြင့် ၊ အဖန်ဖန် လေ့လာတော်မူပြီလျှင် ၊ ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဖူးသမျှ ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည်အမျိုးစသော ၊ ပရမတ် ပညတ်တို့ကို ၊ တပ်အပ်သိစွမ်းနိုင်သော ၊ ပုဗ္ဗေနိဝါသဥာဏ်၊ သုံးတန်ဘုံသား၊ အများသတ္တ ၊ ဝေနေယျတို့၏၊ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန်ဌာနနှင့်တကွ၊ ဒူရပဋိစ္ဆန္န ၊ သဏှသုခုမဖြစ်သော၊ ရူပါရုံကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခဥာဏ်၊ လေးတန်သြဃ၊ အာသဝနှင့်၊ ယောဂဂန္ထာ၊ လေးဖြာ ဥပါဒါန်၊ ခြောက်တန်နီဝရဏ၊ အနုသယခုနှစ်အင်၊ သံယောဇဉ်ဆယ်တန် ၊ခြံရံလျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ထောင့်ငါးရာတို့ကို ၊စင်ကြယ်စွာ ပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် ၊ အရဟတ္တမဂ္ဂ၊ အမည်ရသော၊ အာသဝက္ခယဥာဏ် ၊ ဤသုံးတန်သော ဝိဇ္ဇာ ၊ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ၊ ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်၊ လူတမွတ်ဟု၊မချွတ်သမိုက်ထသော ထိုမြတ်စွာဘုရားအား၊ အဟံ - အကျွုန်ုပ်သည် ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
ဆက်ရန် - ၎
ဣနြေ္ဒရင့်မရင့်ကို ၊ ထောက်ချင့်သိစွမ်းနိုင်သော ၊ *ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်၊
ပရမတ်ပညတ် ၊အရပ်ရပ်လုံးစုံကို ၊ အကုန်အစင်၊ သိမြင်နိုင်သော ၊ သဗ္ဗညုတဥာဏ်၊ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဥေယျဓံ ငါးအင်ကို ၊ သိမြင်တော်မူရာ၌၊ ဆီးကာ ပိတ်ပင်ခြင်းမရှိသော ၊ *အနာဝရဏဥာဏ်၊
ယမိုက်ပြာဋိဟာ ၊ လွတ်ခြင်းအရာ၌၊ လေ့လာတော်မူနိုင်သော ၊*ယမကပါဋိဟာရိယဥာဏ်၊
သနားထိုက်လှစွာသော ၊ ဝေနေယျ သတ္တဝါတို့ကို လွန်စွာ သနားတော်မူသော *မဟာကရုဏာ သမာပတ္တိဥာဏ် ၊
ဤခြောက်တန်သော ဆ အသာဓာရဏ ၊ ဥာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍ ၊ ဝေးနီစကြဝဠာ ၊ သမန္တာရပ် ၊ လောကဓာတ်တို့ကို၊ ထုတ်ခတ်ထင်ထင် ၊ ရှုမြင်တော်မူနိုင်သော၊ *ပသာဒစက္ခု၊ *ဥာဏစက္ခု၊ *ဒိဗ္ဗစက္ခု၊ *ဗုဒ္ဓစက္ခု၊ * သမန္တစက္ခုတည်းဟူသော၊ မျက်စီတော် ငါးလုံးဖြင့်၊ အဆုံးမဲ့၊ မြင်တော်မူပြီးထသော
၊ မြတ်စွာဘုရားအား၊ အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
မြတ်စွားဘုရားအား နေ့စဉ်ပူဇော်သောအားဖြင့် ရှားပါး အစိန္တေယျ ဘုရားရှိခိုးဖြင့် နေ့စဉ် တစ်ပိုဒ်စီပူဇော်ပါမည်။ ဓမ္မမိတ်ဆွေများလည်းစာကိုဖတ်ရင်း ပူဇော်နိုင်ပါစေသတည်း။
****
ပလ္လင်အနိမိသ၊ စင်္ကမမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်တော် မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊လေ့လာဆင်ခြင်တော်မူသော၊ အနုဘော်တော်ကြောင့်၊ အသွေးတော် ၊အသားတော်၊ အရိုးတော်စု၊ ဝတ္ထုပသာဒိနြေ္ဒအလုံးမှ၊ ပြိုးပြိုးပျက်ပျက်၊ ရိုးရိုးရက်တောက်ပလျက်၊ နီလ၊ ပီတ၊လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ ၊ပဘာသရာ၊မိလ္လာရည်လို ၊ ဖိတ်ဖိတ်ယိုမျှ၊ *ညိုသောရောင်ခြည်တော်၊
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊* ရွှေသောရောင်ခြည်တော်၊
*ကသစ်ခေါင်ရန်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ၊ နီသောရောင်ခြည်တော်၊
*သာခွာဘော်ကြူ။ ဖွေးဖွေးလူးသကဲ့သို့ ၊ ဖြူသောရောင်ခြည်တော်၊
* ပြာလျှံ၊ညိုလျှံ၊ ခိုလျှံစုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်၊
* ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့ ၊ ပြိုးပြိုးပျက်သော ရောင်ခြည်တော် တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်း ကွန့်မြူးစေလျှက်၊ လ-နေအတိ၊ လျှံငြိပြောင်ပြောင် ဗိမာန်ရောင်နှင့် သောင်းထောင်စကြာဝဠာ၊ ထွန်းလင်းဖြာသော ၊ ဗြဟ္မာကြီးတို့၏၊ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော လောကဓာတ်ကို တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော မြတ်စွာဘုရားအား၊
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။)

အပိုဒ် (၄)
ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာဟူသမျှတို့ ၊ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျပုဂ္ဂိုလ်တို့၏၊ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို ၊ဧကန်သိမြင်နိုင်သော၊ *အာသယာနုသယဥာဏ်၊ဣနြေ္ဒရင့်မရင့်ကို ၊ ထောက်ချင့်သိစွမ်းနိုင်သော ၊ *ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်၊
ပရမတ်ပညတ် ၊အရပ်ရပ်လုံးစုံကို ၊ အကုန်အစင်၊ သိမြင်နိုင်သော ၊ သဗ္ဗညုတဥာဏ်၊ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဥေယျဓံ ငါးအင်ကို ၊ သိမြင်တော်မူရာ၌၊ ဆီးကာ ပိတ်ပင်ခြင်းမရှိသော ၊ *အနာဝရဏဥာဏ်၊
ယမိုက်ပြာဋိဟာ ၊ လွတ်ခြင်းအရာ၌၊ လေ့လာတော်မူနိုင်သော ၊*ယမကပါဋိဟာရိယဥာဏ်၊
သနားထိုက်လှစွာသော ၊ ဝေနေယျ သတ္တဝါတို့ကို လွန်စွာ သနားတော်မူသော *မဟာကရုဏာ သမာပတ္တိဥာဏ် ၊
ဤခြောက်တန်သော ဆ အသာဓာရဏ ၊ ဥာဏလျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍ ၊ ဝေးနီစကြဝဠာ ၊ သမန္တာရပ် ၊ လောကဓာတ်တို့ကို၊ ထုတ်ခတ်ထင်ထင် ၊ ရှုမြင်တော်မူနိုင်သော၊ *ပသာဒစက္ခု၊ *ဥာဏစက္ခု၊ *ဒိဗ္ဗစက္ခု၊ *ဗုဒ္ဓစက္ခု၊ * သမန္တစက္ခုတည်းဟူသော၊ မျက်စီတော် ငါးလုံးဖြင့်၊ အဆုံးမဲ့၊ မြင်တော်မူပြီးထသော
၊ မြတ်စွာဘုရားအား၊ အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
မြတ်စွားဘုရားအား နေ့စဉ်ပူဇော်သောအားဖြင့် ရှားပါး အစိန္တေယျ ဘုရားရှိခိုးဖြင့် နေ့စဉ် တစ်ပိုဒ်စီပူဇော်ပါမည်။ ဓမ္မမိတ်ဆွေများလည်းစာကိုဖတ်ရင်း ပူဇော်နိုင်ပါစေသတည်း။
****
အပိုဒ် (၅)
ပလ္လင်အနိမိသ၊ စင်္ကမမှသည်၊ စတုတ္ထသတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်နှိုက်၊ မွေ့သိမ်စံပယ်တော် မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဋ္ဌာန်းဒေသနာကို၊လေ့လာဆင်ခြင်တော်မူသော၊ အနုဘော်တော်ကြောင့်၊ အသွေးတော် ၊အသားတော်၊ အရိုးတော်စု၊ ဝတ္ထုပသာဒိနြေ္ဒအလုံးမှ၊ ပြိုးပြိုးပျက်ပျက်၊ ရိုးရိုးရက်တောက်ပလျက်၊ နီလ၊ ပီတ၊လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ ၊ပဘာသရာ၊မိလ္လာရည်လို ၊ ဖိတ်ဖိတ်ယိုမျှ၊ *ညိုသောရောင်ခြည်တော်၊
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊* ရွှေသောရောင်ခြည်တော်၊
*ကသစ်ခေါင်ရန်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ၊ နီသောရောင်ခြည်တော်၊
*သာခွာဘော်ကြူ။ ဖွေးဖွေးလူးသကဲ့သို့ ၊ ဖြူသောရောင်ခြည်တော်၊
* ပြာလျှံ၊ညိုလျှံ၊ ခိုလျှံစုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်၊
* ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့ ၊ ပြိုးပြိုးပျက်သော ရောင်ခြည်တော် တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို၊ တစ်ပြိုင်တည်း ကွန့်မြူးစေလျှက်၊ လ-နေအတိ၊ လျှံငြိပြောင်ပြောင် ဗိမာန်ရောင်နှင့် သောင်းထောင်စကြာဝဠာ၊ ထွန်းလင်းဖြာသော ၊ ဗြဟ္မာကြီးတို့၏၊ ကိုယ်ရောင်ကိုလျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော ကိုယ်တော်ရောင်တို့ဖြင့်၊ အထောင်အသောင်းသော လောကဓာတ်ကို တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော မြတ်စွာဘုရားအား၊
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။)
အပိုဒ် ( ၆)
ပရဗိုဇ်တက္ကတွန်း၊ ရဟန်းရသေ့၊ မုနေ့အရည်း ၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ဝါဒီအလိုက်၊ စရိုက်သဘာဝ၊ ကျင့်ဆောင်ကြသော ၊ သာသနာ့ဗာဟီ၊လောကီသီလတို့ထက်၊ ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလဟု၊ သမုတ်အပ်သော၊ အာပတ်ခုနစ်ပုံကို၊ လုံခြုံစွာစောင့်ကြောင်းဖြစ်သော *ပါတိမောက္ခသံဝရသီလ၊
ဣနြေ္ဒခြောက်ပါးကို ၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ၊ *ဣန္ဒြိယသံဝရသီလ၊
မိစ္ဆာဇီဝမှ ကြဉ်ခွါလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော ၊ *အာဇိဝပါရိသုဒ္ဓိသီလ၊
ပစ္စည်းလေးဖြာကို၊ ပစ္စဝေက္ခဏာတင်၍ ၊ ဆင်ခြင်သုံးသပ်ခြင်း တည်းဟူသော *ပစ္စယသန္နိဿိတသီလ၊
ဤလေးဝသော စတုပါရိ၊ သုဒ္ဓိတံခွန်၊အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော *သိလဝိသုဒ္ဓိ၊
မဟဂ္ဂုတ်လောကုတ္တရာဈာန် ၊မြဲမြံစွာ လေ့လာခြင်းတည်းဟူသော *စိတ္တဝိသုဒ္ဓိ၊
ခြောက်ဆယ့်နှစ်ဖြာသော မိစ္ဆာဝါဒီ၊ ဝိတဏ္ဍိညစ်ကြေးမှ၊ ကင်းဝေးဖြူစင်စေလျက်၊ အယူ၏ စင်ကြယ်ခြင်းတည်းဟူသော *ဒိဋ္ဌိဝိသုဒ္ဓိ၊
တဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို ဖြတ်ခွာလွန်မြောက်နိုင်သော ၊ ဥာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော *ကင်္ခါဝိတရဏဝိသုဒ္ဓိ၊
မဂ်ဟုတ်သည်၊ မဟုတ်သည်ကို မြင်နိုင်သော ၊ ဥာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော *မဂ္ဂါမဂ္ဂဥာဏဒဿန ဝိသုဒ္ဓိ၊
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ်ဖြစ်၍ ၊ သစ္စာလေးတန်ကို ဆယ့်ခြောက်နက် ဝေဖန်၍ ဧကန်မြင်နိုင်သော ၊ *ဥာဏဒဿနဝိသုဒ္ဓိတည်းဟူသော ဝိသုဒ္ဓိ ခုနစ်ပါး၊
တရားဖွဲ့ဖြူ၊ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်၊
*တဒင်္ဂဝိမုတ္တိ၊
*ဝိက္ခမ္ဘနဝိမုတ္တိ၊
*သမုစ္ဆေဒဝိမုတ္တိ၊
*ပဋိပဿမ္ဘန ဝိမုတ္တိ
* နိဿရဏဝိမုတ္တိတည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့် ၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံးပူဇော်ရာ၊
*အာဂါရမုနိ၊
* အနာဂါရမုနိ၊
* သေက္ခမုနိ၊
*အသေက္ခမုနိ၊
*ပစ္စေကမုနိတို့ထက်၊ ကဲထက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ ၊ အတုလမုနီလည်း ဖြစ်တော်မူထသော မြတ်စွာဘုရားအား၊
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။

အပိုဒ် (၇)
ဂင်္ဂါဝါဠု ၊သဲစုမြူဟန် ၊ပမာတန်ကဲ့သို့ ၊
အနန္တဂူ၊ နိဗ္ဗာန်ယူကြကုန်သော ၊
ဆူဆူမြတ်စွာ ၊ စောသတ္တာတို့၏၊
သွားရာ လမ်းကြောင်း စရိုက်ကောင်းမူလဖြစ်သော၊
သီလသံဝရ ၊ဣန္ဒြိယသံဝရ၊
ဘောဇနမတ္တညုတာ၊
ဇာဂရိယာနုယောဂ၊
သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ၊
ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ ၊
လေဖြာဈာန်တည်းဟူသော စရဏတရား တစ်ဆယ့်ငါးပါးတို့ကို ၊အားသစ်ကျင့်ဆောင်တော်မူသဖြင့်၊
သယမ္ဘုတကာ၊ ပြည့်စုံရာသား၊ နာနာကုသလတို့၏၊
ဝေါဟာရ သဒ္ဒါအနက်ကို ၊အချက်ကျသိနိုင်သော ၊
*အတ္ထပဋိသမ္ဘိဒါ။
ဝါစာဂီရတ်၊ နုတ်သံလွှတ်က၊
ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှတို့က၊ဧကန္တသိနိုင်သော၊
*ဓမ္မပဋိသမ္ဘိဒါ၊
တစ်ခုတစ်ခုသော ပုဒ်အက္ခရာကို ၊
သဒ္ဒါအလို၊ ဝိဂြိုဟ်၊ဝစနတ်၊
ဓာတ်ပစ္စည်း ၊လိင်အန်ဖြင့်၊ ဝေဖန်၍ သိနိုင်သော
* နိရုတ္တိပဋိသမ္ဘိဒါ။
ကိုယ်တိုင်သိသမျှ ၊တရားတို့ကို၊
သူတစ်ပါး သိစိမ့်သောငှာ၊
သဒ္ဒါ၊ ပညတ်သို့တင်၍ ၊
စုံလင်စွာ မြွတ်ဆို တတ်သော၊
* ပဋိဘာနပဋိမ္ဘိဒါတည်းဟူသော ၊ သမ္ဘိဒါလေးပါး။
* ဣဒ္ဓိဝိဓ
* ဒိဗ္ဗစက္ခု
* ဒိဗ္ဗသောတ
* စေတောပရိယာဥာဏ
* ပုဗ္ဗေနိဝါသာနုဿတိ
* ယထာကမ္မူပဂ
* အနာဂတံသတည်းဟူသော အဘိညာဉ် ခုနှစ်ပါး။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်ဖြင့် သမာပတ်ရှစ်ပါး။
ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊
ထူးပြား ဆန်းကြယ်။ အံဖွယ်တော် တဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ၊ ဥဿုံ စိုးပိုင်တော်မူပြီးထသော၊ မြတ်စွားဘုရားအား၊ အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

အပိုဒ် (၈)
• ဒေဝပုတ္တမာရ်၊
• ကိလေသမာရ်
• ခန္ဓမာရ်
• မစ္စုမာရ်
• အဘိသင်္ခါရမာရ်
ဤငါးတန်တို့ကို တိုက်လှန်ဖြိုခွဲ၍ ၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊
• ကာယာနုပဿနာ သတိပဋ္ဌာန်
• ဝေဒနာနုပဿနာ သတိပဋ္ဌာန်
• စိတ္တာနုပဿာနာ သတိပဋ္ဌာန်
• ဓမ္မာနုပဿာနာ သတိပဋ္ဌာန်
တည်းဟူသော သတိပဋ္ဌာန်လေးပါး ၊
• ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း
• မဖြစ်သေးသော အကုသိုလ်ကံကို တစ်ဖန်အသစ် မဖြစ်စေခြင်း။
• မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံးလပြုခြင်း။
• ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား စည်ပင်စိမ့်သောငှာ ၊ လွန်စွာလုံးလပြုခြင်းတည်းဟူသော သမ္မပ္ပဓာန်လေးပါး။
• ဆန္ဒိန္ဓိပါဒ်၊ * ဝီရိယိဒ္ဓိပါဒ်၊ * စိတ္တိဒ္ဓိပါဒ် ၊ * ဝီမံသိဒ္ဓိပါဒ်တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး။
• သဒ္ဓိနြေ္ဒ၊ * ဝီရိယိနြေ္ဒ၊ * သတိနြေ္ဒ၊ * သမာဓိနြေ္ဒ၊ * ပညိနြေ္ဒဟူသော ဣနြေ္ဒငါးပါး။
• သဒ္ဓါဗိုလ်၊* ဝီရိယဗိုလ် * သတိဗိုလ် * သမာဓိဗိုလ် * ပညာဗိုလ်တည်းဟူသော ဗိုလ်ငါးပါး။
• သတိသမ္ဗောဇ္ဈင် * ဓမ္မဝိဇယသမ္ဗောဇ္ဈင် * ဝီရိယသမ္ဗောဇ္ဈင် * ပီတိသမ္ဗောဇ္ဈင် * ပဿဒ္ဓိသမ္ဗောဇ္ဈင် *သမာဓိသမ္ဗောဇ္ဈင် * ဥပေက္ခာသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင် ခုနစ်ပါး။
• သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတည်းဟူသော မဂ္ဂင်ရှစ်ပါး၊
ဤသို့အားဖြင့် ပိုင်ခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မအကျော်၊ ရဲမက်တော်တို့ကို ၊ ကိုယ်ရံတော်ကြီး၊ ဦးစီးဗိုလ်ချုပ်တင်လျက်၊ အသင်္ချေင်္ချေ၊ တွက်ရေအဆုံး၊ ပက်ကုံး ကိလေသာ၊မာရ်ဗိုလ်ပါတို့ကို ၊ ဆံလွှာမကြွင်းအောင်၊ ခုတ်စဉ်တိုင်သိမ်း၊ အငြိမ်း အောင်မြင်တော် မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌ ၊ ဥကင်းစွင့်စွင့် ၊ ပွင့်တော်မူပြီးသော မြတ်စွာဘုရားအား၊
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။ ( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား

*** အပိုဒ် (၉)
လေးအသင်္ချေ၊ လွန်လေတစ်သိန်း၊တွက်ကိန်းများလှ ၊ ကပ်ထိုမျှ၌ ၊လုံးလကြိုးပမ်း၊ ဖြည့်စွမ်းဆည်းပူးတော် မူခဲ့သော
*ဒါနပါရမီ
*သီလပါရမီ
*နိက္ခမပါရမီ
*ပညာပါရမီ
*ဝီရိယပါရမီ
*ခန္တီပါရမီ
*သစ္စာပါရမီ
*မေတ္တာပါရမီ
*အဓိဋ္ဌာန်ပါရမီ
*ဥပေက္ခာပါရမီ
ဆယ်လီသုံးစုံ ကုသိုလ်ဟုန်တို့ကြောင့် လူဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင် ကာဠာဝက၊ ဂင်္ဂေယျနှင့် ပဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏၊ ဆယ်ဆတက် ဆယ်ဆတက် စီသော အားကို ဆောင်နိုင်သည်ဖြစ်၍ ၊ယောက်ျားဗိုလ်ခြေ၊ ကုဋေတစ်သောင်းတို့၏၊ ကယာဗလ၊ *ဌာနာဌနကောသလ္လဥာဏ်၊
*ဝိပါက ဥာဏ်၊
*သဗ္ဗတ္ထဂါမနီ ဥာဏ်၊
*နာနာဓာတု ဥာဏ်၊
*အဓိမုတ္တိ ဥာဏ်၊
*ဣန္ဒြိယပရောပရိယတ္တိဥာဏ်
*ဈာနာဒိသံကိလေသဥာဏ်
*ပုဗ္ဗေနိဝါသဥာဏ်
*ဒိဗ္ဗစက္ခုဥာဏ်
*အာသဝက္ခယဥာဏ်တည်ဟူသော ဆယ်ပါးသော ဥာဏဗလကို ရတော်မူသည်ဖြစ်၍ ၊လူပြည် နတ်ရပ်၊ ခေတ်သုံးထပ်ကို ၊အုပ်ကွပ်စိုးပိုင် နိုင်တော်မူခြင်းတည်းဟူသော *ဣဿရိဘုန်းတော်။
လောကုတ္တရာတရား မြတ်ကိုးပါးသို့ ထင်ရှားစွာ ရောက်ခြင်းတည်းဟူသော *ဓမ္မဘုန်းတော်။
နရက်ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စောတော်မူခြင်းတည်းဟူသော *ယသဘုန်းတော်။
သုံးဆယ့်နှစ်ပါး ၊ သမိုက်ထားသော ၊ ယောကျာ်းမြတ်တို့၏လက္ခဏာ၊ ရောင်ဝါမြူတေ၊ ကျက်သရေ အပေါင်းနှင့်၊ ပြည့်စုံတော်မူခြင်းတည်းဟူသော *သီရိဘုန်းတော်။
အလိုတော်ရှိသမျှ၊တစ်ခဏခြင်းဖြင့်သာ ၊ ပြည့်စုံလာခြင်းတည်းဟူသော *ကာမဘုန်းတော်။
နိဗ္ဗာန်ရောက်ရာ ဒေသနာဖြင့် ၊ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ၊ကြည်ဖြူလှစွာ ၊ သင်ဆုံးမကြောင့် လောကလုံး ကိုးကွယ်ရာ၊ ဆရာအဖြစ်သို့ ရောက်တော်မူခြင်းတည်းဟူသော *ပယတ္တဘုန်းတော်။
ဤခြောက်ဖော်သော ဘုန်းတော်အမြတ်၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး၊ ညွှတ်ရုံးညီညာ၊ ကောင်းချီငြာလျက်၊ ဘဂဝါဟူသော ၊ ဘွဲ့ပုံတော်အထူးဖြင့် ၊ ညွတ်နှုးကော်ရော် ပူဇော်ချီပ, အပ်သည်လည်း ဖြစ်သော ထိုမြတ်စွာဘုရားအား ၊ အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

အပိုဒ် (၁၀)
အဍ္ဎ ဆက္ကသတ ၊ဇာတကကို ၊ ပုံပြသက်သေခံလျက် ၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တိှု့၌ ၊*ဓနပရိစ္စာဂ ၊*ပုတ္တပရိစ္စာဂ၊ *ဘရိယ ပရိစ္စာဂ ၊ *အင်္ဂပရိစ္စာဂ ၊*ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန် မြောက်၍ ၊အထောက်မတန် ပြုခဲ့သော ၊ ဟေတုသမ္ပဒါ ၊မြတ်သမ္ဘာကြောင့် ၊ *အဏိမာ၊*လင်္ဃီမာ၊ *မဟိမာ ၊*ပတ္တိမာ *ပါကမ္မာ ၊*ဤသိတာ ၊*ဝသိတာ ၊ *ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို ၊ရာဇဂြိုလ် ၊ဥဒါန်းနှင့်အညီ ၊ရံသီနေပြောက် ၊ပြတင်းပေါက်၌ ၊ မြင်လောက်ရုံသော ၊အဏုမြူပမာ ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို ၊ ငယ်အောင်ဖန်ဆင်းတော် မူနိုင်ခြင်...။
ရေပြင်မြေမိုး ၊ပျံလျှိုး ငုတ်လွှား ၊သွားတော်မူနိုင်ခြင်း ၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ ၍ ၊စကြာဝဠာ ပတ်လုံး ၊အုပ်ဖုံးပတ်လှည့် ၊ကိုယ်တော်ပြည့်အောင် ၊တရှိ ထိုတော် မူနိုင်ခြင်း ၊
မြေထု ရေထူ မေရုပဗ္ဗတာ ၊သီလာ တောင်ထပ် ၊ အတွင်းရပ်ကို ၊ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ ၊ ပကတိကောင်းကင် ၊ဟင်းလင်းပြင်ကဲ့သို့ ၊ လျှိုးဝင်ထွင်းဖောက် ၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန် ၊စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို ၊ကုံင ပြီးမြောက်တော်မူနိုင်ခြင်း……………….။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူ နိုင်ခြင်း၊…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့် ၊ဂီရိ ဗဟို ၊တောင်မြင့်မိုရ်မှလည်း ၊လိုတော် လိုက်က ၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော ၊တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့် ၊ အံ့ကျူးပြီး ပိုင် ၊ မချီးနိုင်၍ ၊ တစ်ပြိုင်တည်လျက် ၊ တစ်ပြိုင်ပျက်သော ၊စကြာဝဠာ တိုက်နေ၊သိန်းကုဋေလုံး ၊ ရွှေ မုဋ္ဌာန်စွမ်း ၊ အာဏာလွှမ်း၍ ၊ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ ၊ခြိမ့်ခြိမ့် ကြွေးကြော် ၊ ပူဇော်ကြရာ ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင် မင်းဖျား ၊ မင်းတရား အစစ်လည်း ဖြစ်တော် မူထ သော …..။ ထိုမြတ်စွာဘုရားအား
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။)
ရေပြင်မြေမိုး ၊ပျံလျှိုး ငုတ်လွှား ၊သွားတော်မူနိုင်ခြင်း ၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ ၍ ၊စကြာဝဠာ ပတ်လုံး ၊အုပ်ဖုံးပတ်လှည့် ၊ကိုယ်တော်ပြည့်အောင် ၊တရှိ ထိုတော် မူနိုင်ခြင်း ၊
မြေထု ရေထူ မေရုပဗ္ဗတာ ၊သီလာ တောင်ထပ် ၊ အတွင်းရပ်ကို ၊ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ ၊ ပကတိကောင်းကင် ၊ဟင်းလင်းပြင်ကဲ့သို့ ၊ လျှိုးဝင်ထွင်းဖောက် ၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန် ၊စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို ၊ကုံင ပြီးမြောက်တော်မူနိုင်ခြင်း……………….။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူ နိုင်ခြင်း၊…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့် ၊ဂီရိ ဗဟို ၊တောင်မြင့်မိုရ်မှလည်း ၊လိုတော် လိုက်က ၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော ၊တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့် ၊ အံ့ကျူးပြီး ပိုင် ၊ မချီးနိုင်၍ ၊ တစ်ပြိုင်တည်လျက် ၊ တစ်ပြိုင်ပျက်သော ၊စကြာဝဠာ တိုက်နေ၊သိန်းကုဋေလုံး ၊ ရွှေ မုဋ္ဌာန်စွမ်း ၊ အာဏာလွှမ်း၍ ၊ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ ၊ခြိမ့်ခြိမ့် ကြွေးကြော် ၊ ပူဇော်ကြရာ ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင် မင်းဖျား ၊ မင်းတရား အစစ်လည်း ဖြစ်တော် မူထ သော …..။ ထိုမြတ်စွာဘုရားအား
အဟံ - အကျွုန်ုပ်သည်။ ဝန္ဒေ- ဝန္ဒာမိ ၊လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
( ဝန္ဒေ၊ဝန္ဒာမိ - ဂုဏ်တော် ထုံမွှမ်း၊ ပုံတော်မှန်းလျှက် ချီးမွှမ်းထောမနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား။)
အပိုဒ် (၁၁)
လောကသုံးရွာ ၊သတ္တဝါတို့၏ ၊ခန္ဓာ ရုပ် နာမ်ဝယ် ၊ အဖန်ဖန် ကပ်ညိလျက် ၊ ဖိစီးနှိပ်စက်တတ်သော ၊*ပိဠနအနက် …။
ကံ၊စိတ်၊ဥတု ၊ အဟာရတည်း ဟူသော အကြောင်းတရား
လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော ၊
*သန္တာပ အနက် …………………။
ဇရာ ၊ မရဏ ၊သောက ၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော
* ဝိပရိ ဏာမအနက်…………………….။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ ၏ အနက်တို့ကို လည်းကောင်း…။
အစမထင်၊သံသရာ၌ ၊ လူးလာ စုံဆန် ၊ အဖန်ဖန် သွားလာစေခြင်းငှာ ၊အားထုတ်တတ်သော ၊ *အာယူဟန အနက် ….။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော *နိဒါန အနက်….။
ဝဋ်ဆင်းရဲ၌ ၊ အမြဲပျော်ရွှင် ၊ တမင်မင် ဖြင့် ၊ ကျင်လည်စေတတ်သော ၊ *သံယောဂ အနက် ….။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော ၊ မဂ္ဂသစ္စာ ကို ဆီးကာ၊ တားမြစ်တတ်သော ၊*ပလိဗောဓ အနက် ………….။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ ၊ ထွက်လွန်ကူးမြောက် ပြီးသော
*နိဿရဏ အနက် ……………………။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော ၊*ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊
* အမတအနက် ………။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း ……။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော ၊* နိယျာနိက အနက်….။
နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော* ဟေတု အနက်…………………..။
နိဗ္ဗာန်ကို မြင်တတ်သော *ဒဿန အနက် ………………….။
သင်္ခါရတရားတို့ကို၊ အစိုးရသော *အဓိပတေယျ အနက်…………………..။
တည်းဟူသော လေးပါးသော ၊ မဂ္ဂသစ္စာ၏ အနက် ၊တို့ကို လည်းကောင်း။
အကြောင်း အကျိုး အားလျော်စွာ ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍ ၊ရွှေဉာဏ်တော်ထင်ထင် ၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့ ၊ပိုင်းခြားသိမြင်တော်မူသည့်အလျောက် ၊ အထောက် အခံ၊ ကံဉာဏ်ကြီးရင့် ၊ ပွင့်ထိုက်သော သတ္တဝါ ၊ ဝေနေယျာတို့ကို ၊ ပွင့်ပါစေ နှလုံးဖြင့် ၊စွေချုန်းထစ်ကြိုး ၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော ၊ မေဃဝန်တမျှ ၊ ဓမ္မဘေရီ ၊ မေဒနီ ကို ၊ နာရီ မလပ် ၊လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး ၊ပေးတော်မူပေ တတ်သော…..။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ ၊ အဘိဘူပါမောက္ခ ၊ အနုတ္တရသင်းကျစ် ၊မဟာဓမ္မရာဇ် ၊မြတ်ရှင်ချစ်ကို။
အဟံ - ခန္ဓာပဉ္စက ၊ဒြပ်မျှကို ၊ပေါင်းထယှဉ်ဖော် ၊ ဘုရားတပည့်တော်သည် ၊ ဝန္ဒေ ဝန္ဒာမိ ၊ ဂုဏ်တော်ထုံမွှမ်း ၊ပုံတော်မှန်းလျက် ၊ချီးမွမ်းထောမနာ ၊ ပဏာရိုကျိုး လက်စုံမိုး၍ ၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား။
ပကိဏ္ဏက နမက္ကာရ အစိန္တေယျ - ဘုရားရှိခိုးကြီး ဤ တွင်ပြီး ပါပြီ။

No comments:
Post a Comment