ရွာတစ်ရွာမှာ အလွန်သဘောကောင်းပြီး အများအကျိုးကို ဆောင်ရွက်တဲ့ ကောင်းလေး တစ်ယောက်ရှိခဲ့တယ်။ ကောင်းလေးဟာ သူတစ်ပါးအကျိုးကို ဆောင်ရွတ်တတ်၊ ဘာသာတရားကို ကိုင်းရှိုင်းလို့ ရွာမှာရှိတဲ့ ရပ်မိရပ်ဖတို့ရဲ့ ချီးကျူးစကားဆိုခြင်းကိုခံရတယ်။
တစ်နေ့တော့ ကောင်းလေဟာ အများအကျိုးကို ဆောင်ရွက်ဖို့ မြို့ကိုသွားရင်းနဲ့ ကားမှောက်လို့ ပေါင်တစ်ဖက်ကျိုးသွားတယ်။ ရပ်မိရပ်ဖတွေကတော့ သူတော်ကောင်းလည်း ဒီလို ပေါင်တစ်ဖက် ကျိုးသွားရတာကို စိတ်မကောင်းဖြစ်ရတယ်။နောက်ဆုံးမှာတော့ ကောင်းလေးရဲ့ ပေါင်းတစ်ဖက်ဟာ ဖြတ်ပြစ်လိုက်ရတော့တယ်။
ကောင်လေးဟာ ကံကောင်းလို့ ပြန်လည်
ကျန်းမာလာပေမယ့် ပေါင်တစ်ဖက်တော့ မရှိတော့ဘူးပေါ့ ၊ ရွာက လက်သမားတစ်ယောက်အကူအညီနဲ့ ကောင်းလေးလမ်းလျှောက်လို့ ရအောင် တောဖြစ် သစ်သားဂျိုင်းထောက် တစ်ခု လုပ်ပေးလိုက်တယ်။ ကောင်လေးဟာ ဒီဂျိုင်းထောက်နဲ့ပဲ .. အသွားအလာ လုပ်နေရတယ်။
တစ်နေ့တော့ အဲဒီရွာလေးကို မြို့က အရိုး၊အကြောကု ဆရာဝန် တစ်ယောက် ရာက်လာတယ်။ ရွာသူရွာသား တွေနဲ့ စကားပြောရင်း အများအကျိုးဆောင်ရွက်တဲ့ ကောင်လေးတစ်ယောက် ပေါင်တစ်ဖက် ပြတ်လို့ ဂျိုင်းထောက်နဲ့ လမ်းလျှောက်နေရကြောင်းသိလိုက်ရတယ်။
ထို့နောက် ဆရာဝန်က စိတ်ကောင်းရှိတဲ့ ဒီကောင်လေးကို ကူညီချင်တာနဲ့ ကောင်းလေးအိမ်ကို အရောက်သွားခဲ့တယ်။
ဆရာဝန်နဲ့ ကောင်းလေးတို့ နုတ်ဆက်စကားပြောကြရင်း ဆရာဝန်က “ ညီလေး.. မင်းဟာ စိတ်ကောင်း စေတနာကောင်းရှိကြောင်း ရပ်မိရပ်ဖက ပြောလို့ ဒို့သိလိုက်ရတယ်။ ဒါကြောင့် ဒို့လည်း မင်းကို ကူညီချင်လို့ မြို့ကို စတီးခြေတောက်တု တပ်ရအောင်လိုက်ခဲ့ပါလားလို့ ဖိတ်ခေါ်လိုက်တယ်။
တောရွာမှာနေပြီး ဗဟုသုတနည်းပါးတဲ့ ကောင်လေးက မြို့ အဆင့်မြင့် ဆေးရုံးတွေကိုလည်း တစ်ခါကမှ မရောက်ဖူး၊ စတီးခြေတောက်တုဆိုတာလည်း မမြင်ဖူးတော့ “ ဆရာ..ဆရာ့စေတနာကိုတော့ လေးစားပါတယ် ဆရာပြောတဲ့ စတီးခြေတောက်တုဆိုတာ ခုကျနော်သုံးနေတဲ့ ဂျိုင်းထောက်လောက်တော့ လမ်းလျှောက်လို့ ကောင်းမယ်မထင်းဘူးလို့ ငြင်းဆန်ခဲ့တယ်။
ဆရာဝန်က “ ငါညီ..ဂျိုင်းထောက်ဆိုတာ့ ဖက်မညီတဲ့အတွက် လမ်းလျှောက်လို့ သိပ်မကောင်းဘူး ၊ ကြာလာရင် အကောင်းတစ်ဖက်မှာပါ အန္တရာယ်ရှိလာနိုင်တယ်။ လူထဲသူထဲသွားတဲ့ အခါမှာလည်း ကြည့်မကောင်းဘူး၊ ဂျိုင်းထောက်ဆိုတာ ကျိုးသွားတဲ့ ခြေထောက်ကို ခဏလောက်သာ အကူအညီအဖြစ် သုံရတာ ၊ခုလိုကြာရှည်သုံးဖို့ မဟုတ်ဘူး၊ စတီးခြေတုဆိုတာ ခြေပြတ်စစ်သည်တွေ၊ မတော်တစ်ဆ ခြေဖြတ်ရသူတွေအတွက် ဆေးပညာရှင်ဒေါက်တာတွေ သေချာစပ်းသပ်ပြီး လုပ်ထားတဲ့အတွက် လမ်းလျှောက်ရပိုကောင်းပြီး၊ ပိုမိုသက်တောင့် သက်သာရှိတယ်လို့ ရှင်းပြတယ်။
သို့သော်လည်းကောင်လေးဟာ မြို့ကဆရာဝန်ပြောတာကို ဘယ်လို့မှ လက်မခံပဲ ဂျိုင်းထောက်နဲ့ပဲ ဘဝဆုံးရှုံးသွားရရှာတယ်။
*****
တစ်နေ့က တပည့်တစ်ယောက် စာရေးသူကို လာရောက်လျှောက်ထားတယ်။ တပည့်တော်တို့ ပြည်ပရောက်မြန်မာလူငယ်များ စုပေါင်းပြီး မြန်မာပြည်က ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ရှာပွဲလုပ်မယ်လို့လျှောက်ထားတယ်။ ပရဟိတလုပ်ငန်းဆိုတော့ လေးစားစရာ စိတ်ဓာတ်ပါ၊ တပည့်တွေကလည်း ၈၈-ရှစ်အရေးအခင်းမှာနိုင်ငံတော်အတွက် တိုက်ပွဲဝင်မယ်ဆိုပြီး နယ်စပ်မှ တဆင့် ခုလို အနည်းငယ်ပြည့်စုံတဲ့
တတိယနိုင်ငံကို ရာက်လာတော့ မြန်မာနိုင်ငံတော်အတွက်ကို တစ်ခုခု သူတို့လုပ်ပေးချင်တယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။
စာရေးသူက… သူတို့ရဲ့ ပရဟိတစိတ်ဓာတ်အဖြူရောင်သက်သက်ကို၊ ကာလာစုံသွားအောင်လို့ “ အိမ်း.. မင်းတို့ မြန်မာပြည်က ခလေးငယ်များအတွက် ပညာရေးရန်ပုံငွေရှာပွဲလုပ်တာ
ကောင်းပါတယ်။ ပြည်တွင်း/ပြည်ပ မြန်မာခလေးငယ်များအတွက် ရံပုံငွေရှာပွဲဆို ပိုပြီးကာလာစုံကာ ပြည့်စုံသွားတာပေါ”့ လို့ စကားဆိုလိုက်တယ်။
ဒီစကားကို ကြားတော့ တပည့်က.. “ ပြည်ပမှာ ရှိတဲ့မြန်မာကလေးတွေက ၊ ပြည့်စုံနေပြီ သူတို့အတွက် မလိုအပ်ပါဘူးလို့ လျှောက်ထားတယ်။
စာရေးသူ စဉ်းစားမိလိုက်တယ်။ သူတို့ ပြည်ပမှာ နေ့စဉ်အလုပ် လုပ်နေရပြီး ပြည်ပရောက် မြန်မာကလေးငယ်များ လိုအပ်ချက်ကို သူတို့ မလေ့လာမိဘူးဆိုတာ အကဲခတ်မိလိုက်တယ်။ ဒီတော့ စာရေးသူက ..ပြည်ပက ခလေးငယ်များ လိုအပ်ချက်ကို အသေးစိတ်ရှင်းပြလိုက်တယ်။
တပည့်ရေ..
• မြန်မာပြည်မှာ ရှိတဲ့ ခလေးငယ်များဟာ အစာအာဟာရ ချို့တဲ့သလို ပြည်ပမှာရှိတဲ့ မြန်မာကလေးငယ်များဟာ ဘာသာရေးအာဟာရတွေ ချို့တဲ့နေတယ်။ သူတို့မှာ ရှိခိုးစရာ ဘုရားကျောင်း ကောင်းကောင်းမရှိဘူး၊ အိမ်ကို ဘုရားကျောင်းလုပ်ကာ ကိုးကွယ်နေရတယ်။
• ပြည်တွင်းမှာ ရှိတဲ့ ခလေးတွေဟာ လပြည့်လကွယ်တိုင်း မြန်မာယဉ်ကျေးမှု ဘုရားသွား၊ ကျောင်းတက်လုပ်နိုင်ပေမယ့် ၊ ပြည်ပမှာရှိတဲ့ ခလေးငယ်များမှာတော့ အလုပ်ပိတ်ရက် စနေ၊တနင်္ဂနွေလောက်သာ ဘာသာရေးပွဲတော်ရက်အတု ဘုရားသွား ကျောင်းတက်နိုင်တယ်။ ဒါတောင် အပတ်တိုင်းမဟုတ်ဘူး တစ်လမှာ တစ်ခါလောက်သာ ဘုရားကျောင်းရောက်ဖြစ်တယ်။
• ပြည်တွင်းက ခလေးငယ်များမှာ ဆွေးမျိုးမိဘများနဲ့ အတူနေရလို့ ဆွေးမျိုးမိဘများရဲ့ မေတ္တာကို ခံယူရတယ်။ ပြည်ပက မြန်မာခလေးငယ်များမှာတော့ ဆွေးမျိုးများ
ဝေးကွာနေတော့ ဆွေးမျိုးမေတ္တာတွေ ချို့တဲ့နေတယ်။ ဒါကြောင့် အပတ်တိုင်း မြန်မာမိသားစု တွေ တစ်ပတ်တစ်ခါလောက် တွေ့ဆုံဖို့ လိုအပ်လာတယ်။
• ပြည်တွင်းက ခလေးငယ်တွေ ဘုရားကြီး၊
ကျောင်းကြီးတွေ၊ စေတီကြီးတွေ အားရပါးရ ဖူးတွေ့ကာ ၊ငါတို့ဟာ ဗုဒ္ဓဘာသာလို့ ဂုဏ်ယူဝံ့ကြွားနိုင်ပေမယ့်၊
ပြည်ပမှ မြန်မာခလေးငယ်များဟာ တခြားတိုင်းပြည်ရဲ့ ခလေးငယ်များရဲ့ ဘုရားကျောင်းတွေနဲ့ နိုင်ယှဉ်လိုက်တဲ့ အခါ
မြန်မာဘုရားရှိခိုးကျောင်းဟာ အိမ်သာသာဖြစ်နေလို့
ပြည်ပခလေးတွေရဲ့ စိတ်ထဲမှာ ဘာသာရေးကျောင်းချို့တဲ့နေတယ်။
• ပြည်တွင်းမှာ မြန်မာဒေါက်တာ ၊ မြန်မာရှေးနေ့များရှိလို့မကျန်းမာတဲ့အခါ၊ တရားရေးရာ ပြဿနာဖြစ်တဲ့အခါ ကိုယ့်စကားနဲ့ လွယ်လွယ်ကူကူ ထိထိရောက်ပြောဆိုနိုင်တယ်။
ပြည်ပမှာ မြန်မာဒေါက်တာ ၊ မြန်မာရှေးနေ လုံလုံလောက်လောက်မရှိလို့ မြန်မာပညာရှင်တွေ ချို့တဲ့နေတယ်။ တို့လိုလူကြီးတွေက ပြည်ပမှကလေးငယ်များ ပညာရေးထူးချွန်အောင် မြေထောင် မြှောက်ပေးရမယ်။ ပြည်ပမှ ထူးချွန်တဲ့ မြန်မာခလေးငယ်များကို ကြိုးစားလာချင်အောင် ကူညီစောင့်ရှောက်ရမယ်။
• ဘုန်းဘုန်းပြောတဲ့ ပုံထင်ထဲလို့ ခြေကျိုးနဲ့ လမ်းလျှောက်ထားထက် ၊ ဂျိုင်းထောက်နဲ့ လမ်းလျှောက်တာ ကောင်းသလို သူတစ်ပါးအား အကူအညီလုပ်ငန်းဟာ ကောာင်းပါတယ်။
• ဂျိုင်ထောက်နဲ့ လမ်းလျှောက်တာထက် စတီးခြေတုနဲ့လမ်းလျှောက်တာဟာ လမ်းလျှောက်ရတာ ပိုအဆင်ပြေသလို ပြည်တွင်း/ပြည်ပကလေးငယ်များအတွက်ဆို တပည့်ဆို့ရဲ့ ရံပုံငွေရှာပွဲဟာ ပိုပြီးပြည်စုံသွားမယ်။
ပြည်ပမှာရှိတဲ့ မြန်မာမိဘတွေ၊ မြန်မာခလေးငယ်တွေကိုလည်း စည်းရုံးပြီးသားဖြစ်သွားတယ်လို့ ပြောလိုက်ပါတယ်။
• ဒီလိုရှင်းပြတော့ တပည့်တစ်ယောက်လည်း ခဏလောက် စဉ်းစားပြီး မှန်ပါ့ဘုရား၊ တပည့်တော်များ
နောက်တစ်ပတ်တွေ့ဆုံပွဲမှာ တပည့်တော်တို့ သူငယ်ချင်းများကို တင်ပြပါမယ်ဘုရားလို့လျှောက်ထားသွာပါတယ်။
No comments:
Post a Comment