Tuesday, July 30, 2013

သန္ဒိဋ္ဌိကဂုဏ်တော်


ဒီနေ့ထိ ကျနော်စိတ်များ ပျံလွင့်နေသည်။ မနေ့က  အကြောင်းအရာကို တွေး၍တွေး၍  စိတ်တွေ ပို၍ပို၍ မငြိမ်မသက်ဖြစ်လာဆဲ။ မနေ့က စိတ်ထဲမှာလည်း ဖြစ်ပေါ်လာသည့်အတိုင်း တုန့်ပြန်လိုက်မိသည်။စိတ်တွေ ဃနာမငြိမ်ဖြစ်နေ၍ ပြောသောစကားများ၏
 လေသံကတင်းမာနေသည်။

မနေ့က ကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအဝေးပွဲတွင် CEO  များက ကျနော်အား ပြစ်တင်နေသည်။ ကျနော်အလုပ် လုပ်တာ နည်းလမ်းမကျကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း၊ လူကြီးများ၏ ရှေ့ရောက်နေကြောင်း စသည်ဖြင့်လူကြီးများ သူတို့ခံစားရသမျှ ဖွင့်ဟကာ  အစည်းအဝေးတွင် ရင်ဖွင့်ကြသည်။

ရင်ဖွင့်သံမှ .. ပုထုဇဉ်တို့ သဘာဝ ပေါက်ကွဲကြသည်။ စိတ်များ ပျံလွင့်ကာ ထင်ရာကိုပြောကြသည်။ မှား/ မှန်မစဉ်စားနိုင်ကြတော့။

အစည်းဝေးတွင် တက်ရောက်လာကြသော ကုမ္ပဏီဝန်ထမ်းများလည်း ကျနော်နှင့် လူကြီးများ စကားကို နားထောင်ကာ တိတ်ဆိတ်နေကြသည်။ သူတို့ရဲ့ အကြည့်များက မသိမသာ ကျနော်ထံရောက်နေကြသည်။ ကျနော်ကို အပြစ်တင်ချင်သလို့၊ မယုံသင်ခါအကြည့်များဖြင့်
( ကျနော့်အမြင်သာ)

သိန္ဒိဋ္ဌိက- ဒေါသ၏ မကောင်းသော အကျိုးဆက်ကို ကိုယ်တိုင်ကိုကျ သိမြင်ခံစားလိုက်ရသည်။

တစ်ရက်၊ နှစ်ရက်နှင့် ဒေါသစိတ်များ မပြယ်သေး ၊ လူတိုင်းကို အပြစ်မြင်ချင်လာသည်။ ဒေါသစိတ်မှာ တစ်ဆင့် အားငယ်စိတ်ကိုသို့ပြောင်းကာ ဝမ်းနည်းစိတ်များလည်း ဝင်လာသည်။  မကောင်းသော တရား၏ ချက်ခြင်းလက်ငင်းအကျိုးဆက်များပါတကား။

တစ်ပတ်လောက် ကြတော့ ကိုယ့်ကိုကိုယ် အပြန်ပြန်အလှန်လှန်ထပ်ထပ်ခါ စဉ်းစားသည်။ အကြောင်းအရင်းခံ ရှာတော့ “ဘယ်သူမပြု မိမိမှု” ပင် မဟုတ်လား။ ထို့နောက် စိတ်အားငယ်စရာ  အတွေးဟောင်းများမှ အတွေသစ်သို့ ပြောင်းလိုက်သည်။  “ ငါ့အနီးနားမှာ .. မြတ်စွာဘုရားရှိနေတယ်။ ငါ့ရဲ့ နှလုံးသားမှာ မြတ်စွာဘုရားတရာတော်များရှိနေတယ်။
ဗုဒ္ဓဓမ္မက  သန္ဒိဋ္ဌိက- ငါကိုယ်တိုင် ကျင့်က ၊ ငါကိုယ်တိုင် ကောင်းကျိုးကို သိမြင်ခံစားရမယ်” လို့အာမခံထားတယ်။

ထို့နောက် မေတ္တာသုတ်ကို အဓိဋ္ဌာန်ကာ  ရွတ်ဆိုလိုက်သည်။ မေတ္တာ၏ အေးမြသော ဓမ္မသံစဉ် အတိုင်း စိတ်ကလေးများ တည်ငြိမ်ခါစပြုလာသည်။ မေတ္တာသုတ်ကို ထပ်ခါ ထပ်ခါ ရွတ်ဆိုရင်းဖြင့် စိတ်ကလေးများ ကြည်လင်အေးမြလာသည်။ ရွတ်ဆိုရင်နှင့်အတူ မေတ္တာရဲ့ အဓိပ္ပါယ်များ၊အသိစိတ်ထဲရောက်လာကာ ရန်သူ၊မိတ်ဆွေ၊ ချစ်သူ၊မုန်းသူ အတူဖြစ်လာသည်။ တစ်ယောက်နှင့်တစ်ယောက် အထင်သေးခြင်းများ၊ ဆင်းရဲလိုခြင်းများ၊ ကင်းဝေးကာ စိတ်ကလေးတည်ငြိမ်လာသည်။

ထိုတည်ငြိမ်သော စိတ်များသည် …  ကျေးဇူးရှင် လူကြီးများအပေါ် ဒေါသစိတ်များထပ်မံ မဖြစ်ဖို့ တာမြစ်လိုက်သလို့  ဖြစ်နေသော ဒေါသစိတ်မျာကိုလည်း  တဒင်္ဂမျှ ပယ်လိုက်ပါတော့သည်။

သန္ဒိဋ္ဌိကော = ကိုယ်တိုင် တရာဓမ္မများကို ခဏတာမျှ သိလိုက်ရုံမျှနှင့် တဒင်္ဂ ကောင်းကျိုးကို ဖြစ်စေသော တရားပါတကား။

မှတ်ချက်။ ။ စာဖတ်သူများ သိလွယ်ရန်သာ  လောကဓမ္မဖြင့်နိုင်းယှဉ်ကာ  ကိုယ်တွေ့ကို ဥပမာထား ရှင်းပြခြင်းသာ၊  တရာဂုဏ်တော် (၆)ပါးတွင် ပါဝင်သော သိန္ဒိဋ္ဌိကဂုဏ်တော်အရ… မဂ် လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်  လောကုတ္တရာ တရားကိုးပါးကိုသာယူရပါမည်။   ထပ်မံရှင်းပြပါဦးမည်။

No comments:

Followers

My Blog List