သမ္မာသမ္ဗုဒ္ဓ = သမ္မာ+ သံ+ ဗုဒ္ဓ = သမ္မာ= မဖောက်မပြန်(အမှားမရှိအောင်)
+သံ = ကိုယ်တော်တိုင်+ ဗုဒ္ဓ= သိတော်မူသည်။
ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ရဖို့ရန် လေသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီများကို ဖြည့်ကျင့်ခဲ့ရသည်။ ဘဝအဆင့်ဆင့် ပါရမီရင့်၍ နောက်ဆုံးဘဝ၌ ဘုရားဖြစ်သည့်အခါ သိစရာမှန်သမျှုကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်ကိုရတော်မူပါသည်။ ထိုဥာဏ်ကိုပင် ကြည်ညိုကာ “သမ္မာသမ္ဗုဒ္ဓေါ .. သမ္မာသမ္ဗုဒ္ဓေါ ..”
ဟုပွားများနိုင်ပါသည်။
လောကတွင် သိစရာများကို အကျဉ်းချုံလိုက်လျှင် သိစရာ ငါးမျိုးသာရှိသည် ထိုငါးမျိုးကိုပင် ဥေယျဓမ်တရား ငါးပါးဟုဆိုသည်။
၁) သိင်္ခါရ - စိတ်၊စေတသိတ်ဟူသော နာမ်းတရား နိပ္ဖန္နရုပ်များ
၂) ဝိကာရ- ဝိကာရရုပ် ၅ပါး
၃) လက္ခဏ - လက္ခဏရုပ်လေးပါး
၎) လူ၊နတ်၊ဗြဟ္မာ ၊ ဆင်၊မြင်း၊ကျွဲ၊နွား တောင်၊တောင်၊ရေ၊မြေ စသော ပညတ်များ
၅) နိဗ္ဗာန် - ရုပ်၊နာမ်ပညတ်မှတပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။
ဤတရားတို့ကို ဘုရားရှင်သည် ဆရာမရှိ ၊ ကိုယ်တော်တိုင် သိတော်မူခြင်းဖြစ်သည်။
စာဖတ်သူများ ဂုဏ်တော်နှစ်ပါး သိထားပြီးသည်ဖြစ်သည့်အတွက်.. အရဟံဂုဏ်တော်ကြောင့် ဘုရားရှင်စိတ် ကြည်လင်နေပုံ၊ ထိုကြည်လင်သော စိတ်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော် တည်ရှိနေပုံကို အာရုံပြုကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများနိုင်ပါသည်။
တိုက်တွန်းချက်။ ။ လောကတွင် အသိပညာသည် အလွန်းအရေးကြီးပါသည်။ ဆည်းပူးသည့် ဆရာခြင်းတူပါလျှက် အတတ်ချင်းကွားခြားပုံကိုလည်းကောင်း၊ စီးပွား ဥစ္စာ ရှာဖွေတာချင်းတူပါလျှက် ဥာဏ်ရှိသူ မှာ အမြန်ကြီးပွား၍ ဥာဏ်နည်းသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း။မိဘချင်း တူပါလျှက် ဥာဏ်ရှိသောသားသမီးနှင့် ဥာဏ်မရှိသော သားသမီး ကွာရှားပုံကိုလည်းကောင်း သိရှိနားလည်း၍ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ကြည်ညိုကာ ထပ်ခါထပ်ခါပွားများပါလေ။
No comments:
Post a Comment