Tuesday, July 16, 2013

ဗုဒ္ဓါနုဿတိနှင့်ကျန်းမာရေး

ကနေဒါရောက်စက ဒကာတစ်ယောက်ကားနဲ့ မြို့ထဲကိုသွားခိုက် stop sign ရောက်တော့ ကားမောင်းတဲ့ဒကာက ကားကိုရပ်ခါ ပါစပ်မှ တတွတ်တွတ်ရွတ်ဆိုနေတာကို မြင်လိုက်ရတယ်။

“ဒကာ ဘာတွေ ရွတ်ဆိုနေတာလဲ”

‘တစ်၊ နှစ်၊သုံးလေ၊ ဂဏန်းကို တစ်ဆယ်ထိအောင် ရွတ်ဆိုနေတာဘုရား’

‘ဘာလို့လဲ’

‘တပည့်တော် stop sign ရောက်တိုင်း ကားရှင်းတဲ့အခါ မရပ်ပဲ ကားကိုဆက်မောင်းပါများလို့  ယာဉ်ထိမ်းရဲက မကြာခဏ ဒဏ်တပ် ခံရတယ်။ နောက်ဆုံးတော့ ယာဉ်ထိမ်းရဲဌာနက anger management သင်တန်းတန်းက  ဒီလို့ ရွတ်ဆိုဖို့ သင်ပေးလိုက်တာ ဘုရား’

‘အကျိုးသက်ရောက်မှုကော ရှိလာ’

‘အင်း.. မဆိုးပါဘူးဘုရား..’

‘ဒါဆို တစ်၊နှစ်၊သုံး၊လေး ဂဏန်းရေတွက်မယ့်အစား ၊ ဂုဏ်တော်လည်းပွာထားပြီးသားဖြစ်အောင် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါကို ရွတ်ဆိုရင်လည်ကော မကောင်းဘူးလား ဒကာလေး။ ဒါဆိုရင် ဒကာလေးလည်း ဂုဏ်တော်ပွာထားပြီးသားဖြစ်လို့ ကုသိုလည်းရ၊ စိတ်လည်းချမ်းသာတာပေါ့’

‘တပည့်တော်က ဘုရားဂုဏ်တော်ကိုးပါး ကောင်းကောင်းမရဘူး၊ နောက်ပြီး တပည့်တော်က အနက်အဓိပ္ပါယ်မသိတဲ့ဟာကို ရွတ်ဆိုရတာလည်း သိပ်စိတ်မဝင်စားဘူးဘုရား’

‘ဒကာလေးကလည်း ဘုန်းဘုန်းနဲ့တွေ့မှတော့ ဂုဏ်တော်ကိုးပါးကိုလည်း အလွတ်ရအောင် သင်ပေးမယ်၊ အနက်အဓိပ္ပါယ်ကိုလည်း ရှင်းပြမှာပေါ့’

‘မှန်ပါ့ ၊ ဒါဆိုလည်း တပည့်တော်ရွတ်ဆိုကြည့်ပါ့မယ်ဘုရား’

အဲဒီနောက်ပိုင်းမှာတော့ ဒကာလေး ၊ stop sign ရောက်တိုင်း အရင်းတုန်းက anger management ကသင်ပေးလိုက်တဲ့ တစ်နှစ်သုံးလေးကို မရွတ်ဆိုတော့ပဲ ဂုဏ်တော်များကို ရွတ်ဆိုဖြစ်ပါတော့တယ်။ ဗုဒ္ဓဂုဏ်တော်များ stop sign မှာ ရွတ်ဆိုရင်းက  အလေ့အကျင့်ရကာ အိပ်ရာဝင် အိပ်ရာထ ၊အကြောင်းကိစ္စရှိတိုင်း ရွတ်ဆိုဖြစ်တယ်လို့  ဆိုပါတယ်။

အဲဒီနောက်မှာတော့  ယာဉ်ထိမ်းရဲဌာနက ဒဏ်ပေးခံရတာ မရှိသလောက်ဖြစ်သွားပြီး ၊ စိတ်လည်း အရင်းတုန်းကလို အကြောင်းမဲ့ စိတ်မတိုတတ်တော့ပါဘူတဲ့။ ထူးခြားချက်တစ်ခုက ဂုဏ်တော်များကို ပွားများပြီး အိပ်တဲ့နေမှာ အိပ်မက်ဆိုးများ မမြင်မက်ပဲ ကောင်းကောင်းမွန်မွန် အိပ်ရတယ်လို့ဆိုပါတယ်။ အရင်တုန်းကဆို  နံက်အိပ်ရာထမှာ အသက်ရှုကြပ်လို့ နေထိုင်မကောင်း မကြာမကြာဖြစ်တတ်ပါတယ်တဲ့။ ဗုဒ္ဓဂုဏ်တော်များ ပွားများပြီးနောက်ပိုင်းမှာ ကောင်းကောင်းမွန်မွန် အိပ်ရာမှနိုးထလာရတယ်လို့လည်းဆိုပါတယ်။

ဖုဿဒေဝဝတ္ထု


ရှေးတုန်းက ရဟန်းတစ်ပါးဟာ စေတီရင်ပြင်ကို တံမြက်စည်းလှဲရင်းနဲ့ သန့်ရှုင်းသော စေတီရင်ပြင်ကို ကြည့်ကာ သက်တော်ထင်ရှား မြတ်စွာဘုရားထံသို့ အာရုံရောက်သွားကာ နှစ်သက်သော ပီတိစိတ်များ ဖြစ်ပေါ် လာပါတယ်။ 

ထို့အခိုက်  မာရ်နတ်က  ရဟန်းကလေး တရားထူးမအောင် မျောက်ညိုကြီးဟန်ဆောင်ကာ
 စေတီရင်ပြင်မှာ နွားချေးတွေကို ကြဲဖြန့်ကာ နှောက်ယှက်လိုက်ပါတယ်။ ထိုနှောက်ယှက်မှုကြောင့်ပင် ရဟန်းကလေးမှာ တရားထူးရအောင် အာရုံမပြုနိုင်တော့ပါ။ ဒုတိယနေ့မှာလည်း နွားအိုယောင်ဆောင်ကာ နှောက်ယှက်ပြန်ပါတယ်။

တတိယနေ့မှာတော့ အလွန်အရုပ်ဆိုးတဲ့ ယောက်ျာတစ်ယောက်ယောင်ဆောင်၍
 နှောက်ယှက်တော့  ရဟန်းကလေးက ဒီနယ်မှာ ဒီလောက်ရုပ်ဆိုးတဲ့သူ အရင်က တစ်ယောက်မှ မတွေ့ဘူးတာကြောင့် “ မင်း မာရ်နတ် မဟုတ်လား”လို့မေးလိုက်တယ်။  မာရ်နတ်မင်းက ဟုတ်မှန်ကြောင်းဝန်ခံတဲ့အခါ “ အသင် မာရ်နတ် မင်းဟာ ဗုဒ္ဓကို ကိုယ်တိုင်ဖူးတွေ့ဖူးတယ်။

 အကျွုန်ုပ်အား ဘုရားပုံတော်ကို ဖန်ဆင်းပြစမ်းပါလို့ တောင်ပန်းလိုက်တယ်။ ထိုအခါ မာရ်နတ်က..  တကယ့်အစစ်အမှန်ကိုတော့ တူအောင် မဖန်ဆင်းနိုင်ပါ။ အတုလောက်ကိုတော ဖန်းဆင်းပြပါမယ်ဟုဆိုကာ ဗုဒ္ဓပုံကိုဖန်ဆင်းပြပါတော့တယ်။

ဗုဒ္ဓရဲ့ရုပ်ပုံတုကို ဖူးတွေးလိုက်တဲ့ ရဟန်းကလေးက .. အတုဖြစ်သော ပုံတော်သည်ပင်လျှင် ဤမျှလောက် ကြည်ညိုဖွယ်ရှိတာ  အတွင်းစိတ်၌ လောဘ၊ဒေါသ၊မောဟကင်းသော ဗုဒ္ဓမှာကား  ထိုထက်အဆကရာ၊ထောင်မက ကြည်ညိုဖွယ်ရာများဖြင့် ပြည့်စုံနေမည်မှာ အမှန်ပင်ဖြစ်ကြောင်း တွေးတောကာ ကြည့်ညိုစိတ် ပီတိများ တစ်ဖွားဖွားဖြစ်လာပြီး ထိုပီတိကိုပင် အနိစ္စ၊ဒုက္ခ၊အနတ္ထ လက္ခာတင်လို့ ဝိပဿနာရှုပွားလိုက်တာ ခဏာချင်းပင် ကိလောသာကုန်းခန်း ရဟန္တာဖြစ်သွားပါတယ်။

ထိုရဟန်းလေးကို အတုယူကာ အလွယ်ကူဆုံးဖြစ်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို ပွားများ၍ ၊နှလုံးသွင်းကာ..
ပွားများရင်း..နှလုံးသွင်းရင်းဖြင့် မဂ္ဂင်ရှစ်ပါတင်၍
မဂ်လမ်း၊ ဖိုလ်လမ်းသို့ရောက်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ..။

ပရိဝါအဋ္ဌကထာ၊ ဧကုတ္တရနိကာယ၊ ပဉ္စကဝါရ

No comments:

Followers

My Blog List