ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပတိုင်းပြည်မှာပဲ ဖြစ်ဖြစ် အများနှင့်အလုပ်လုပ်ရသော အသင်းအဖွဲ့လုပ်ငန်းဟာ အတော်ပင် သည်းခံရသော သာသနာပြုလုပ်ငန်း ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတော်ကောင်း စိတ်ထားတတ်သော်၊အလွန်ပင် မွန်မြတ်သော
ပါရမီလုပ်ငန်းကြီးဟု ဆိုနိုင်ပါတယ်။
အဖွဲ့အစည်းတစ်ခု၌ အသင်းဝင်များက မိမိအား ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး စသည်တင်မြောက် လိုက်ခြင်းဟာ ထိုသက်တမ်း ကာလတစ်လျှောက်လုံး လှူမှုတန်းမှု ဒါနပါရမီအပြင် ခန္တိပါရမီ၊ ဥပေက္ခာပါရမီတို့ကိုပါ တပေါင်းတည်း ဖြည့်ဆည်းခွင့်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒီတာဝန်ဟာ မွန်မြတ်သောအလုပ်ဟုလည်း မိမိကိုယ်ကိုယ် ဝမ်းပန်းတသာ ခံယူရပါမယ်။ အသင်းသားများမှ မိမိအား အသင်းခေါင်းဆောင် တင်လိုက်ခြင်းဟာ ခေတ်စကားနှင့် ရှင်းရှင်းပြောရလျှင် အသင်းအတွက် အလုပ်ပိုလိုက်နိုင်အောင် ပွဲထုတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။
အလုပ်ပိုလုပ်ဆိုရာ၌ အသင်းအတွက် လုပ်အားပေးအလုပ်တစ်ခုတည်းကို မဆိုလိုပါ။ အများပရိတ်သတ်နှင့် ဆက်ဆံသည့်အခါ မေတ္တာပိုထားတာရတဲ့ အလုပ်မျိုး၊ ခန္တိ-သည်းခံစိတ် ပိုထားတဲ့ အလုပ်းမျိုးလည်း ပါဝင်ပါတယ်။
မြတ်စွာဘုရား၏ အသင်းအဖွဲ့ ( Community ) သည် နှစ်ပေါင်း အတော်ပင်ကြားညောင်းပြီ
ဖြစ်သော်လည်း ယခုထက်တိုင် ခေတ်မီဆဲဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဗုဒ္ဓထံ ( သို့မဟုတ်) သာသနာ့အဆုံးမကို လိုက်နာသူ အားလုံးဟာ မည်သည့်မျိုးနွယ်၊ မည့်သည်ဘာသာကိုပင် ကိုးကွယ်သည်ဖြစ်ပါစေ မြတ်ဗုဒ္ဓသာသနာ့ အဖွဲ့ဝင်ဖြစ်သွားပါတယ်။ ခုခေတ်ကဲ့သို့ အသင်းဝင် ဖောင့်ဖြည့်စရာမလိုပါ။
မြန်မာဗုဒ္ဓဘာသာအသင်းသည်လည်း ၊ ဗုဒ္ဓလမ်းစဉ်ကဲ့သို့ ဗုဒ္ဓရံသီကျောင်းတော်သို့ လာရောက်ကြသူအားလုံး ဆင်းရဲ၊ချမ်းသာ မခွဲခြားပဲ ကြည်ညိုအားပေးသူအားလုံးကို အသင်းဝင်အဖြစ်သတ်မှတ်ပါတယ်။
ဤဗုဒ္ဓနည်းဖြင့် ကမ္ဘာမှာ ဝိပဿာနာစင်တာပေါင်း နှစ်ရာကျော်တည်းထားထားတဲ့ ဆရာကြီး ဂိုအင်ဂါအဖွဲ့အစည်းများဟာ ဗုဒ္ဓလမ်းစဉ်ကဲ့သို့ ဝိပဿာနာစင်တာ လာရောက်သူအားလုံးကို မိတ်ဟောင်းအဖြစ် သတ်မှတ်လိုက်ပြီး ၊ အလိုလို အသင်းဝင်ဖြစ်သွားပါတယ်။ ဆရာကြီးက .. “အသင်းဝင်ကဒ် ထုတ်ပေးခြင်းဟာ ၊ အသင်းဝင် ကဒ်မရှိသူအား ဤအသင်းသို့လာရောက်ရန် ဟန့်တားသလိုဖြစ်တယ်” ဟုဆိုပါတယ်။ “ အသင်းဝင်သည်ဖြစ်စေ/မဝင်သည်ဖြစ်စေ အသင်းသို့လာရောက်သူအားလုံးကို မိသားစုသဖွယ် ရင်းရင်းနှီးနှီး ဆက်ဆံလို၍ open society လုပ်ထားခြင်း” ဟုဆိုပါတယ်။
စားရေးသူ တိုရန်တိုက ဆရာကြီးဂိုအင်ဂါ ဌာနခွဲ ၁၀-ရက်ကြားတရားထိုင်ကာ သွားရောက်လေ့လာဖူးပါတယ်။ ဌာန၏ အဓိကတာဝန်များကို ဆရာကြီး ဇနီးမောင်နှံတို့မှ ဦးဆောင်ပြီး ၊ ကျန်ဝေယျာဝစ္စကိစ္စများကို ဝိပဿနာ ကျောင်းသားဟောင်းများက အချိန်ရရင် ရသလို လာရောက်အားပေကြပါတယ်။
ဒီ Ontario Vipassana Centre ဟာ မြန်မာအသင်းများထက် တည်ထောင်တာ နောက်ကျပေမယ့်
အောင်မြင်မှု အတိုင်းအတာမှာ တော်တော်လေးကွာသွားပါပြီ။ ယခု အမျိုးသား ၅၀နှင့်အမျိုးသမီး ၅၀ ညအိပ်ညနေ တရားထိုင်နိုင်တဲ့ ဝိပဿာနဌာနကြီးတစ်ခုဖြစ်သွားပါပြီ။
မြတ်ဗုဒ္ဓသာသနာ သံဃာအဖွဲ့အစည်းမှာ အဖွဲ့ဝင်များ လိုက်နာဖို့လုပ်ထုံး လုပ်နည်း ဝိနည်းစည်းကမ်းတွေရှိသလို ၊ လှုမှုအသင်းအဖွဲ့မှာလည်း စည်းကမ်း၊ဥပဒေ ၊လုပ်ထုံးလုပ် နည်းတွေရှိပါတယ်။ ဒီလုပ်ထုံး၊လုပ်နည်းတွေနဲ့ အညီး အသင်းခေါင်းဆောင်တို့ စည်းဝေးဆုံးဖြတ်ကာ အကောင်းအတည်ဖော်ကြရပါတယ်။ ဒါကြောင့် အသင်းအဖွဲ့မှာ တွေ့ဆုံပွဲလို့ခေါ်တဲ့ အစည်းအဝေးပွဲများကလည်း သိပ်အရေးကြီးပါတယ်။
ဒီလိုအစည်းအဝေးပွဲတွေမှာ အကြောင်းအရာတစ်ခု တင်ပြတဲ့အခါမှာ ပုဂ္ဂိုလ်ရေးကို မထိခိုက်စေပဲ အသင်းကောင်းစားရေးကိုသာ ရှေ့ရှုပြီး တင်ပြရမှာဖြစ်ပါတယ်။ ဒီလို့အသင်းအဖွဲ့နှင့် ပတ်သတ်လို့ “ ပရိဟာနိယဓမ္မ” အသင်းကြီးပွားတိုးတက်ကြောင်းတရား (၇)ပါးကို
ဟောကြားထားခဲ့ပါတယ်။
ဒီတရားခုနှစ်ပါးနှင့် အညီဆောင်ရွက်ကြမယ်ဆိုရင် မိသားစုမှ အသင်းအဖွဲ့ ၊အသင်းအဖွဲ့မှ နိုင်ငံ၊ နိုင်ငံမှ တစ်ကမ္ဘာလုံး ညီညီညွတ်ညွတ် စည်းလုံးမှုရမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
No comments:
Post a Comment