Tuesday, July 2, 2013

အရဟံဂုဏ်တော်

ယနေ့ ၉၆၉ ဆိုတဲ့ ဘုရားဂုဏ်တော်ကိုးပါး၊တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ၉ပါးနှင့် ဆက်စပ်ပြီး လူငယ်တွေက စာရေးသူအား ဘုရား၊တရားဂုဏ်တော်တွေ အကြောင်း ရှင်းပြခိုင်းတယ်။ ဒါကြောင့် ဂုဏ်တော်တစ်ပါးစီရဲ့ အဓိပ္ပါယ်ကို နာလည်းလွယ်အောင် လက်လှမ်း မီရာစာအုပ်များကို ကိုးကားပြီး တင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။ ပါရာဇိကဏ်အဋ္ဌကထာနှင့်ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့တွင် ဘုရားဂုဏ်တော် ဆယ်ပါးဟု ပါရှိသည်။

အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

အမှိုက်သရိုက်ရှုင်း ဓာတ်မြေဩဇာကောင်းမွန်သော ဥယျာဉ်လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာ ကြီးမား ထွားကျိုင်း ဖွင့်ဖြိုး အကျိုးများသကဲ့သို့
ထို့အတူ ကိလေသာ အနောက်အကျုးမရှိသဖြင့် စိတော်အစဉ် ကြည်လင်နေသော မြတ်စွာဘုရား ၌  လှုဒါန်းမှုဟူသော ဒါနမျိုးစေ့ကို စိုက်ပျိုးချလျှင် ရည်ရွယ်သလောက် အကျိုးရနိုင်သောကြောင့်  မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သည်။

သာဓက
ဤကဲ့သို ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဂုဏ်တော်ကြောင့်  ဘုရားရှုင် လက်ထက်တော်အခါက သဟမ္ပတိဗြဟ္မာကြီးသည် မြင့်မိုရ်တောင်မျှ ပမာဏရှိသော ရတနာ ပန်းကုန်းကြီးဖြင့် ပူဇော်ဖူးတယ်။ ဗိမ္ဗိသာရမင်းက ဝေဠုဝန်ကျောင်းတော်ဖြင့် ပူဇော်။
ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း သိရီဓမ္မာသောကမင်းကြီးက ၉၆ကုဋေနှင့် စုတေခါနီး ၄ ကုဋေ ထပ်ဖြည့်ကာ ကုဋေတစ်ရာ ဥစ္စာတို့ကို အကုန်အကျခံကာ ရှစ်သောင်းလေးထောင်သော
 ကျောင်းတို့ကို  မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ဖူးလေပြီး။

ယခုထက်တိုင် ဗုဒ္ဓဘာသာတိုင်းပြည်တွေမှာ တိုင်းပြည်အုပ်ချုပ်းသော မင်း၊ သူဌေး၊ အရာရှိ အရာခံတို့မှ စ၍ အောက်ခြေလူတန်းစားအထိ မြတ်စွာဘုးရားကို ရှိခိုးပူဇော်ပလျှက်ပင် ရှိပါသည်။

တိုက်တွန်းချက်။  ။ မြတ်စွားဘုရား၏ "အရဟံဂုဏ်တော်" ပွားများသူသည်  ဘုရားရှင်၏ ပုံတော်အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ်  ဘုရားရှင်၏ စိတ်တော်၏  ကိလေသာအနောက် အကျုးတို့မှ ကင်းသဖြင့် သန့်ရှင်း စင်ကြယ်တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ။

ထိုကြည်လင်သောစိတ်တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ၊ဒေါသ၊မာန်မာန စသော ကိလေသာ အနောက်အကျု ကင်းစင်၍ အမြဲကြည်လင် သန့်ရှင်းအောင် ပွားများ သထိထားပါလေ။ ကိသောကင်း၍ စိတ်တော်သန့်ရှင်းပုံကို အာရုံပြုဖန်များလာလျှင်  ထိုသန့်ရှင်း မှုသည် မိမိစိတ်၌ ဓာတ်သဘောကူး၍  မိမိလည်း သန့်ရှင်းစိတ်များဖြစ်ပေါ်လာလိမ့်မည်။

ဥပမာ။ ။ သူတော်ကောင်းနှင့်ပေါင်းသူသည် သူတော်ကောင်းဖြစ်သကဲ့သို့တည်း။

အရှင်ဇနကာဘိဝံသ ( ရတနာ့ဂုဏ်ရည်)

No comments:

Followers

My Blog List