“ဘယ်သူ မပြု မိမိမှု” ဆိုတဲ့ ဆိုရိုးစကားကို ဗုဒ္ဓဘာသာဝင် တော်တော်များများ လက်ခံယုံကြည် ကြပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ ကိုယ်က စိတ်ကောင်း နှလုံးကောင်းထားပါလျှက် ဘဝအခက် အခဲတွေနဲ့
တွေရတဲ့အခါ.. “ကံ” ဆိုတဲ့ ဝေါဟာရကို သံယဝင်လာတတ်ပါတယ်။
သဘာဝဘေးအန္တရယ်များဖြစ်တဲ့.. ဆူနားမိတို့၊ နာဂစ်တို့ဖြစ်တုန်းက လူတွေ၊ တိရစ္ဆာန်တွေ ရုတ်တရက် ဆိုသလို သေကြေပျက်စီးရပါတယ်။ အမေရိကမှာဆိုလဲ 9/11 ဝေါထရိတ်စင်တာ လေယာဉ်နဲ့ တိုက်ချတုန်းက လူသေး ရုတ်တရက် အစုလိုက် အပြုံလိုက် ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်။ ဒါနဲ့ ပတ်သတ်လို့ ဒကာ တစ်ယောက်က မေးပါတယ်။" ဆူနားမီ၊ နာဂစ် ၊ 9/11 တို့မှာ အစုလိုက် အပြုလိုက် သေကြတာဟာ သူတို့ရဲ့အကုသိုလ်ကံကြောင့်လား" တဲ့။
ဒါအပြင်..မြန်မာဗုဒ္ဓဘာသာတွေထဲမှာလဲ မရှင်းလင်တဲ့ အဖြစ်အပျက်တွေက တော်တော်များများပါ..။
ဥပမာ.. မေးလေ့မေ့ထရှိတဲ့ မေးခွန်းကတော့.. မြန်မာဗုဒ္ဓဘာသာတွေ ကုသိုလ်တွေလုပ်ကြတယ်။ ဘာလို့ မချမ်းသာကြတာလဲ? နောက် မေးခွန်းတစ်ခုက .. မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တယ်။ ဘာကြောင့် လူတွေ တစ်ယောက်နဲ့ တစ်ယောက် ညှင်းပန်း နှိပ်စက်ခံနေရပြီး စီးပွားရေး၊ လူမှုရေးတွေမှာ နောက်ကျ ကျန်ခဲ့ရတာလဲစတဲ့ မေးခွန်တွေပါ။
ဖြေမယ်ဆိုရင်တော့ အကြောင်းအရာတွေကတော့ အများကြီးပေါ့။ ဒီမှာတော့ ဘာသာရေး ရှုဒေါင့်ကပဲ ကြည့်ရအောင်ပါ..။
အကုသိုလ်ကံဆိုတာ.. ကိုယ်တိုင်မပြုလုပ်ခဲ့ဘူးပေမဲ့.. အကုသိုလ်ကံ ရှိသူများနဲ့ အတူနေထိုင်ရတယ် ဆိုရင် အကုသိုလ်လှိုင်ဂယက် အဖျားခတ် ခံရတတ်ပါတယ်။
မြန်မာမှာ စကားပုံတစ်ခုရှိပါတယ် " ကြက်သွန်းလဲ ငရုပ်သီးနဲ့ ပေါင်းမှ အထောင်းခံရတယ်" တဲ့။
အကုသိုလ်လှိုင်းဂယက် ရိုက်ခတ်တတ်ပုံကို ဇာတ်တော်လာ သာဓကများဖြင့် လေ့လာကြည်ရအောင်ပါ။
ကဿပမြတ်စွာဘုရားလက်ထက်က သူဌေးတစ်ယောက်ဟာ သီလ၊သမာဓိရှိတဲ့ ဘုန်းကြီးတစ်းပါ ပင်ပြီး ကျောင်းဆောက် ကိုးကွယ်ထားပါသတဲ့။ တစ်နေ့တော့ အဲဒီကျောင်းမှာ အဝေးက ရဟန္တာ
အာဂန္တုတစ်ပါးကြွလာပြီး သီတင်းသုံးပါတယ်။ ကျောင်းဒကာကလည်း ဧည့်သည်ရဟန်းကိုလည်း ကြည်ညိုလေးစားလို့ မနက်ဖန် အိမ်ကို ဆွမ်းစားကြွပါဖို့ ဖိတ်ကြားထားပါတယ်။
ကျောင်ထိုင်းဘုန်းကြီးက ကိုယ့်ကျောင်းဒကာ.. ရဟန္တာမထေရ်မြတ်ကို ကြည်ညိုသွားမှာကို မလိုလားလို့ (ကုလမစ္ဆရီယ) နောက်တစ်နေ့နံက် ကျောင်းဒကာအိမ် ဆွမ်းကြွခါနီး အာဂန္တုကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖြားဖြင့် ခေါက်ကာ တစ်ပါးတည်း ဆွမ်းစာကြွသွားပါတယ်။
အိမ်ရောက်လို့ ဒကာက အားဂန္တုဘုန်းကြီးကိုမေးတဲ့အခါ “ ဒကာရဲ့ ဘုန်းကြီးက သိပ်အအိပ်ကြီး တယ် ခေါင်းလောင်း ထိုးတာတောင် မနိုးလို့ ထားခဲ့တယ်” လို့ ပြောလိုက်ပါတယ်။
အမှန်တော့ ဤစကားဟာ .. မစ္ဆရိယ အကုသိုလ်စိတ်.. မနာလို၊ ဝန်တိုမှုပါသော စကားပါ။
ကျောင်းဒကာက ဒါကိုသဘောပေါက်လို့် ကျောင်းပြန်အကြွမှာ အာဂန္တုဘုန်းကြီး ဘုန်းပေးရအောင် ဆိုပြီး သပိတ်ထဲမှာ ဆွမ်းထည့်လှူလိုက်ပါသေးတယ်။ သို့သော်လည်း မနာလို ဝန်တိုတတ်သော ကျောင်းထိုင် ဘုန်းကြီးမှာ သဘောမကျ၍ “ သည်လို ဆွမ်းကောင်းစာရလျှင် ငါ့ကျောင်းမှ ပြန်တော့မှာ မဟုတ်”လို့ဆိုကာ လမ်းမှာပဲ ဆွမ်းကို သွန်ပစ်လိုက်ပါတယ်။
စောစောပိုင်းက မနာလို၊ဝန်တိုတာ စိတ်ထဲမှာပါ ၊ ခုတော ကိုယ်ထိလက်ရောက် အာဂန္တုရဟန်း ဘုဉ်းပေးမှာကို မနာလိုလို့ သွန်ပြစ်တာဟာ အပြစ်ကြီးတစ်ခုပါ..။ စားရမဲ့ သောက်ရမဲ့ အကုသိုလ်ကံတစ်ခုကိုကျူး လွန်လိုက်ခြင်းပါ။
အာဂန္တုရဟန်းကလည်း စောစောပိုင်ကတည်းက ကျောင်းထိုင်ဘုန်းကြီး စိတ်ထားကို သိလို့ သူ ကျောင်းမပြန် မရောက်ခင်ကပင် ကောင်းကင်ခရီးဖြင့် လိုရာခရီးကို ပြန်ကြွသွားခဲ့ပါတယ်။ ကျောင်းရောက်တော့ အာဂန္တုရဟန်း ရှာမတွေ့တော့မှ နောင်တပူပန် စိတ်သောကဖြင့် ကိုယ်ခန္ဓာပါ ခြောက်ခန်းလျှက် မကြာခင်မှာပဲ စုတေပြီး ငရဲ့သို့ကျရောက်ရပါတယ်။
မနာလို၊ဝန်တိုမိတဲ့ အကုသိုလ်ကံစေတနာကြောင့် ငရဲမှ တဖန် ဘီလူးဘဝ -၅၀၀၊ ခွေးဘဝ- ၅၀၀၊ ဖြစ်ရပြီး ထိုဘီလူးဘဝ၊ ခွေးဘဝတို့မှာလည်း အစားအစာ ဝဝဖြိုးဖြိုး မစားရရှာပါဘူး။ အဲဒီလို ဆင်းဆင်းရဲရဲ ဘဝသံသရာ ကျင်လည် ပြီးနောက်မှာ ဂေါတမမြတ်စွာဘုရား လက်ထက်မှာ အိမ်ခြေ တစ်ထောင်လောက်ရှိတဲ့ တံငါရွာ တစ်ရွာမှာ တံငါသည်မ ဝမ်း၌ ပဋိသန္ဓေတည်ပါတယ်။ ထိုသူ ပဋိသန္ဓေတည်ကတည်းကစလို့ တံငါသည် တစ်ရွာလုံး ငါးအရနည်းရုံမျှမက မင်းဆိုဒဏ် ၇-ကြိမ်၊ မီးလောင်ခြင်း ၇-ကြီမ် ခံရရှာပါတယ်။
တံရွာတစ်လုံး အရင်က မဖြစ်ဘူး ခုမှ တမူထူးခြားဖြစ်လို့ စဉ်းစာဆင်ချင်တတ်တဲ့ လူကြီးတွေက “ ငါတို့ရွာမှာ ကံဆိုတဲ့ သူရှိလိမ့်မယ်တစ်ဝက်စီ ခွဲကြစို့ရဲ့”လို့ ပြော၍ တစ်ဝက်စီ ခွဲလိုက်ရာ၊ အဲဒီကလေး ကိုယ်ဝန်ပါသော ရွာဘက်ခြမ်းမှာ ရှေးကအတိုင်းပဲ လုပ်ကိုင်စားသောက် မရ ဆင်းရဲကြလို့ ထပ်မံ တစ်ပိုင်း၊ တစ်ပိုင်းခွဲလိုက်ရာ နော်ဆုံးတော့ အဲဒီကလေး ကိုယ်ဝန်ဆောင်တဲ့ တံငါအိမ် တအိမ်ပဲ သီခြား ကျန်ခဲ့ပါတယ်။ ဒီလို့နဲ့ မိခင်က
ကလေးကို ဆင်းဆင်းရဲရဲ မွေးဖွားပြီး သွားနိုင်၊လာနိုင် အရွယ်ရောက်တဲ့ အခါ ကလေးရဲ့ လက်ထဲမှာ တောင်းစားဖို့ ခွက်ကလေးထဲ့ထားခဲ့ပြီး မိဘတွေက ထွက်ပြေးသွားရပါတယ်။
ထိုကလေးမှာ မိခင်ပေးသော ခွက်ကလေးနဲ့ လမ်းဘေးမှာ တောင်းရမ်းစာသောက်ရပြီး ၇-နှစ်အရွယ်သို့ ရောက်သောအခါ ရှင်သာရိပုတ္တရာနဲ့တွေပြီး ရှင်ပြုပေးလို့ တရားတော်များ ကျင့်ကြံပွား များကာ လောသကိတဿရဟန္တာဖြစ်လာပါတယ်။ ရဟန်းဘဝမှာလည်း ဘယ်တော့မှ ဆွမ်းကို ဝဝလင်းလင်း မစား ရရှာပါဘူး။ ရှေးရဟန်းဘဝတုန်းက သီလရှိသော ရဟန်းတစ်ပါးဖြစ်ခဲ့လို့ ရဟန္တာမထေရ်တော့ ဖြစ်သွားပါတယ်။
ထိုရဟန်း ပရိနိဗ္ဗာန်စံခါနီး ရှင်သာရိပုတ္တရာနှင့် ဆွမ်းအတူကြွရာ ရှင်သာရိပုတ္တရာမှာပင် ဆွမ်းမရတော့ပါဘူး။ ဒါကြောင့် ထို့ဟန်းကို ပြန်လွှတ်ကာ ရှင်သာရိပုတ္တရာ တစ်ပါးတည်း ဆွမ်းကြွရပါတယ်။
ရှင်သာရိပုတ္တရာလည်း အိမ်တအိမ်မှာ ဆွမ်းဘုဉ်းပေပြီး ထိုရဟန်း အတွက် အိမ်ကလူများကို ဆွမ်းပို့ခိုင်းပါတယ်။ ထိုရဟန်းရဲ့ အကုသိုလ်ကံကြောင့် ဆွမ်းပို့သူများလည် သတိမေ့ပြီး လမ်းမှာပဲ သူတို့စားလိုက်ကြသတဲ့။
ရှင်သာရိပုတ္တရာ ထိုရဟန်း ဆွမ်းမစားရသေးကြောင်း သိလို့ ကောသလမင်းကြီးထံ စတုမဓူ အလှူခံပြီး ကိုယ်တိုင် ကြွေးမှ ထိုရဟန္တာ စတုမဓူ ဘုဉ်းပေးကာ ပရိနိဗ္ဗာန်စံတော်မူရပါတယ်။
***********************************************
ဤရဟန်းရဲ့ ဘဝဇာတ်လမ်းကို လေ့လာကြည့်ခြင်းအားဖြင့် ပဋိသန္ဓေရှိကတည်းက တစ်ရွာလုံး ဒုက္ခရောက်ရပုံ ၊ ဘုန်းရှင်ကံရှင် ရှင်သာရိပုတ္တာပင် ထိုရဟန်းနှင့် အတူဆွမ်းခံကြွသဖြင့် ဆွမ်းမရခြင်းတို့ဟာ ထိုရဟန်းလေးရဲ့ အကိုသိုလ်လှိုင်းဂယက် ရိုက်ခံခြင်းခံရခြင်းပဲဖြစ်ပါတယ်။
ထို့အတူပါပဲ.. အထက်က မေးခဲတဲ့ ဆူနာမီးဒဏ်၊ နာဂစ်ဒဏ် ၊ မင်းဆို ၊မင်းဒဏ် 9/ 11 ဒဏ် ခံရသူများ အားလုံးဟာ သူတို့ကိုယ်တိုင် အကုသိုလ်ကံရှိချင်မှ ရှိမယ် သို့သော် အကုသိုလ်ကံကြီးမားသူများနဲ့ အတူတွဲဖက် နေလို့ ဒဏ်ခံရခြင်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် မိမိ ဆွေမျိုးမိတ်ဆွေများ ဖြစ်၍ အချို့လူယုတ်မာများကို မပစ်ပယ်ကောင်းသော်လည်း ကိုယ်ပေါင်း စိတ်ခွာ သဘောမျိုးဖြင့် တက်နိုင်သမျှ ဝေးသမျှ ဝေးအောင် ရှောင်မှသာ ဘဝဆက်တိုင်း၌ ထိုသူနှင့် ကင်းပြတ်၍ လွတ်လပ်သော သူတော်စဉ်များ ဖြစ်ကြပါလိမ့်မယ်။
ကျမ်းညွှန်း - ကိုယ်ကျင့် အဘိဓမ္မာ
No comments:
Post a Comment