Monday, October 8, 2012

ဖန်ဆင်းရှင်တို့ အကြောင်း တစ်စေ့တစ်စောင်း


ကမ္ဘာမှာ လူသားတွေ ကိုးကွယ် ယုံကြည်တာ  ဘာသာကြီး လေးခုရှိပါတယ်။ သို့သော်လည်း အခြား  မိမိယုံကြည်ရာ ကိုးကွယ်သူများလည်း ရှိပါတယ်။ စာရေးသူက ငယ်ငယ်ကတည်းက ကိုရင်ဝတ်ကြီးပြင်း လာသူမို့ ဘာသားခြား ကို လေ့လာမှုအားနည်တယ်လို့ဆိုနိုင်ပါတယ်။  ယေဘုယျအားဖြင့် သာသာတိုင်း မှာ
 ကောင်းတဲ့ အချက်တွေ အများကြီးပါ။

ဗုဒ္ဓကတော့ အရာအားလုံးဟာ အကြောင်းတရားကြောင့်ဖြစ်ပေါ်လာရ တယ်လို့ ဟောပါတယ်။  တချို့ဟာ ကိုယ်ဥာဏ်မမှီလို့ မစဉ်စားနိုင်တာ ၊ မသိမြင်နိုင်တာပဲ ရှိပါတယ်။

အနောက်တိုင်းမှ  နိုင်ငံရေးသမားများနဲ့ လေ့လာစောင့်ကြည့်သူ တချို့တော့ အကြောင်းမဲ့ ဖြစ်သောတရားများ ရှိတယ်လို့ လက္ခံထားဆဲပါ။
   မြန်မာပြည် လွတ်လပ်ရေး မရခင်က  အင်္ဂလန်မှာ  ပါဠီဒေဝေီခေါ် Pearl David က လယ်တီဆရာတော်ကြီးကို မေးလျှောက်ဖူးပါတယ်။ ‘ဗုဒ္ဓဘာသာ အဆိုရ အရာအားလုံးဟာ  ဖြစ်၊တည်၊ပျက် ဆိုတာရှိတယ်။

အဲဒီသဘောတရားအရဆိုရင် ကျမတို့ ကျက်မှတ်ထားတဲ့ အသိပညာတွေက ပျက်မသွားပဲ ဘာလို့ တပည့်တော်တို့  မှတ်မိနေသေးတားလဲ’လို့  မေးပါတယ်။  ဆရာတော်ကတော့ ဖြေလိုက်တာ တခွန်းတည်းပါ။ အနန္တတရ ပစ္စည်းသဘောကြောင့်ပါတဲ့။

 မိမိတို့ခန္ဓာကိုယ်၊ အသိဥာဏ်ပညာတွေဟာ လျှပ်စစ်မီးများလို့၊ စန်းရေးများလို့ အဆက်မပြတ်စီဆင်းနေလို့သာ ဆက်တိုက်ဖြစ်နေခြင်းပါ။ အသစ်တွေ ဆက်လက် မစီးဆင်းတဲ့ တစ်နေ့မှာ ရပ်တန့်သွားမှားပါပဲ။

စာရေးသူလည်း ဘာသာတိုင်းကို လေးစားတာကြောင့် ဖန်းဆင်ရှင်အကြောင်း
ကို လေ့လာမိပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းရှင် ဇာတ်လမ်း တွေကတော့  သိပ်စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ လူသားတစ်ယောက် ကျုးလွန်ခဲ့တဲ့ အပြစ်တခုကို ကျနော်တို့ လူသားတစ်ရပ်လုံး ယခုထက်ထိ အပြစ်ဒဏ်ကျခံနေရတာကတော့ ဘုရား သခင်ရဲ့ အပြစ်ဒဏ်ဟာ ကြီးမှားလွန်းလှပါတယ်။

ကမ္ဘာဦးကျမ်းထဲက ထာဝရဘုရားသခင် Jehovah ရဲ့ ဖန်ဆင်းခြင်း နေ့ရက်များ Day of Creation ကို အနည်းငယ် တင်ပြချင်ပါတယ်။

အဲဒီသမ္မာကျမ်းစာကြီးကတော့ ဒီနေ့အထိ ပြင်မဆုံး၊ ငြင်းလို့ မဆုံးနိုင်အောင် “ကွဲလွဲမှု” တွေ ဒုနဲ့ဒေဒရှိနေဆဲပါ။ ဒါပေမယ့် စာရေးလည်း ပညာရှိမဟုတ်တော့ အကျယ်အကျယ် မပြောတတ်ပါဘူး ၊ ဖန်ဆင်းခြင်းနဲ့ ပတ်သတ်လို့ အနည်းငယ်ပဲ သမ္မာကျမ်းစားထဲက ကိုးကားမှာပါ။

ထာဝရ ဘုရားသခင်ရဲ့ ဆဋ္ဌမမြောက်နေ့ ဖန်ဆင်းခြင်းလက်ထဲမှာ အရေးအကြီးဆုံး ယောက်ျားကို ဖန်ဆင်းပါတသတဲ့။ သူဟာ ပထမဆုံး ယောက်ျား အာဒမ် Adam ပါပဲ။  အာဒမ်အတွက် ဘုရားသခင်ကို ဧဒင် ဥယျာဉ်ကြီးကိုလည်း   အရှေဘက်မှာ ဖန်ဆင်းပေးလိုက်ပါသေးတယ်။ အဲဒီ ဥယျာဉ်ထဲမှာ စီဆင်းနေတဲ့ မြစ်လေးသွယ်ရယ်၊ စားဖွယ်ကောင်းသော  အပင်မျိုးစုံနဲ့အတူ  ဥယျာဉ်တော်ရဲ့အလယ်မှာ ကောင်း၊ မကောင်းကို သိနိုင်ဖို့ မေးနိုင်တဲ့  “အသိပင်”လည်း ပူးတွဲဖန်ဆင်းထားပါတယ်။

စဉ်းစားကြည့်ရင်တော့ ဘုရားသခင်ဟာ လူကိုဖန်ဆင်းတာဟာ အဲဒီဥယျာဉ်တော်ကြီး စောင့်ရှောက်ဖို့လောက် သာပါ။ ဘုရားသခင်က အာဒန်အတွက် ဥယျာဉ်ထဲမှာ အကန့်အသတ်တွေနဲ့ပါ။ ကျန်တဲ့ အသီးအပင်တွေ စားပိုင်ခွင့်ရှိသော်လည်း ကောင်း၊မကောင်းကို သိတတ်တဲ့ အပင်ကို ခူးစားပိုင်ခွင့် မရှိပါဘူး။ အဲဒီအပင်က အသီးကို ခူးစားမိရင် သေဒဏ်လို့ ပညတော်မူခဲ့ပါတယ်။  အာဒန်ရဲ့ တာဝန်ကလဲမသေး ဥယျာဉ်ထဲမှ တိရိစ္ဆာန်တွေကိုလည်း နာမည်းပေးရပါသေးသတဲ့။

ထို့နောက် ဥယျာဉ်စောင့် အာဒမ်အတွက်  ကူပေါ်လောင်ဖက် အကူအညီလိုအပ်တယ်ဆိုတာ သိတော်မူလို့  ဘုရားသခင်က အာဒမ်ကို အိပ်စေပြီး အာဒမ်ရဲ့ နံရိုးတစ်ချောင်းကို ထုတ်ပြီး အရိုးအစား အသားကို ယူတော်မူပါတယ်။
သမ္မာကျမ်းစာရဲ့ ဘာသာပြန်မူရင်းအရဆိုရင်… “ ဤသူသည် ငါ့အရိုးထဲက အရို၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် လူမိန်းမ” ဟုခေါ်ဝေါ်အပ်၏လို့ဆိုလေ၏၊ ထိုအကြောင်းကြောင့် ယောက်ျားတို့သည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌ မှိဝဲသဖြင့် ထိုသူတို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။

ထိုလင်မယား နှစ်ဦးတို့သည် အဝတ်မဝတ်ပဲ နေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏”…လို့ အခန်း၂၃၊ ၂၅ ထိပါရှိပါတယ်။

ဘုရားသခင်းကလည်း အမိန့်ထုတ်ထားတာက ပညတ်ထားတဲ့ သစ်ပင်က လွဲရင် ရှာဖွေစားစရာ မလိုဘူးတဲ့၊ အဝတ်လည်း ဝတ်စရာမလိုဘူးတဲ့။ သို့သော်လည်း လူပိသလွန်းတဲ့ မိန်းမ ဧဝကတော့ မလုပ်နဲ့ လို့ ပညတ်ထား တာကိုမှ လုပ်ဖြစ်အောင် လုပ်လိုက်တယ်။ 

စာတန်က မွေယောင်ဆောင်ပြီး မိန်းမ ဧဝကို ဖြားယောင်းခဲ့ပုံက… “ ထိုအသီးကို စားမိလျှင် ဧကန်အမှန် သေရမည်မဟုတ်။ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လျက် ကောင်း၊ မကောင်းကို သိလျက် ဘုရားသခင်ကဲသို့ ဖြစ်ကြလတ္တံ” လို့သွေးဆောင် ဖြားယောင်းပါသတဲ့။

တိုတိုပြောကြပါစို့… ဒီသစ်သီးကလည်း စားချင်စရာ၊ လှလည်းလှ၊ ပညာလည်းတိုးပွားမယ်ဆိုတော့ ဧဝ- ကအရင်စားပြီး ၊အာဒမ်ကိုလည်း ပေးစားလိုက်ပါသတဲ့။ စားပြီးမကြာပါဘူး အကျိုးရလာဒ်က မျက်စိပွင့်၍ မိမိတို့မှာ အဝတ်မပါ၊ ကိုယ်ဗလာဖြစ်နေတာကို မြင်လို့ ၊ ရှက်ကိုးရှက်ကန်းနဲ့ အနီးနားရှိ “သင်္ဘောသဖန်းပင်” အရွက်တို့ကို ဝတ်ကြပါရပါသတဲ့။ ဒါနဲ့ပဲ လူတို့မှာ အဝတ် ဝတ်ရခြင်းအလုပ်တစ်ခု ပိုတိုးလာတာပေါ့ဗျာ။

ညနေစောင်းလောက်ကြတော့ ဘုရားသခင် ရောက်လာပါတယ်။
  သူတို့နှစ်ယောက်က အဝတ်အစား မလုံလို့ ပုန်းအောင်နေတော့  ဘုရားသခင်က “ မင်းတို့ကို အဝတ် ချည်းစည်းနဲ့လို့ ဘယ်သူပြောလဲ။ မင်းတို့ ပညတ်သီး စားမိပြီနဲ့တူတယ်လို့” စစ်ဆေးပါတော့တယ်။

ဧဝက မြွေလှည့်စား၍ စားမိပါတယ်လို့ ဝန်ခံ၊ ဘုရားက မွေကို ကျန်စာတိုက်၊ မိန်းမ ဧဝကို.. မင်းဟာ ကိုယ်ဝန်ဆောင်ပြီး၊ ပင်ပန်းကြီးစွာ သွားဖွားရမယ်၊ ကိုယ်ခင်ပွန်း အလိုလိုက်ပြီး အုပ်စိုးခြင်းခံရမယ်” လို့ မိန့်တော်မူတယ်။ အာဒမ်ကိုလည်း “မင်းဟာ မိန်းမစကား နားထောင်ပြီး  ငါတားမြစ်တာကို လုပ်ခဲ့လို့ .. မင်းဟာ မြေရဲ့
ကျိန်စာသင့်ပြီ၊ ဧဒင်ဥယျာဉ်ထဲကထွက်သွားပေတော့ ဥယျာဉ်အလယ်မှာရှိတဲ့ အသက်ပင်က အသီးကို စားဖို့မတန်တော့ဘူး။ မင်းဟာ မြေမှုန့်က
 ဖြစ်လာဖြစ်သောကြောင့်မင်းဟာ သေပြီး မြေမှုန့်ဘဝကို ပြန်ရောက်ရလိမ့်မယ်။ ပင်ပန်းဆင်းရဲစွာ မြေပေါ်မှာ ထွန်ရက်စားပေတော့လို့ နှစ်ယောက်စလုံး ဧဒင်ဥယျာဉ်ထဲကနေ မောင်းထုတ်လိုက်ပါသတဲ့။ ဧဝက စလိုက်တဲ့အမှားဟာ ဟော.. လူဆိုတာ သေဖို့ဖြစ်လာရပြန်တယ်ဗျာ။

အာဒမ်နဲ့ဧဝတို့မှာ ပထမဆုံးသား ကာဣန( Cain) နဲ့ အာဗေလ( Abel) လို့ခေါ်တဲ့ သားနှစ်ယောက် ထွန်းကာပါတယ်။  ညီအကိုနှစ်ယောက် ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းက မတူကြပါဘူးတဲ့။ အကိုကြီးက လယ်ယာသီးနှံစိုက်တဲ့ လယ်သမားဖြစ်လာတယ်။  ညီဖြစ်သူကတော့ သိုးထိမ်း ၊သိုးမွေးမြူရေး သမားတဲ့။

တစ်နေ့ကြတော့ ညီအကိုနှစ်ယောက် ဘုရားသခင်ထံ (Jehovah) လက်ဆောင်တွေ ကိုယ်စီနဲ့သွားခဲ့တယ်။  ကာဣနရဲ့ လက်ဆောင်က
 မြေတချို့နဲ့ သစ်သီးတွေဖြစ်ပြီး အာဗလကတော့ အကောင်းဆုံး သိုးတစ်ကောင်တဲ့။ ဘုရားသခင်က ကာဣနနဲ့ သူ့လက်ဆောင်ကို မကြိုက်ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ အာဗလဟာ လူကောင်းတစ်ယောက် ဘုရားသခင်ကိုလည်း ချစ်တယ်၊ သူ့အစ်ကို အာဣနကိုလည်း ချစ်လို့တဲ့။ 

 ကာဣနခင်ဗျာ  စိတ်ဆိုးပြီး မျက်နှာပျက်တော့
 ( ဒီစကားဟာ အရေးကြီးတာမို့ ဆရာယုဒသန်ရဲ့ ဘာသာ ပြန်ချက်အတိုင်း ဖော်ပြရပါစေ)

“ ထာဝရဘုရားသခင်က သင်သည် အဘယ်ကြောင့် စိတ်ဆိုးရပါသနည်း။ အဘယ်ကြောင့် မျက်နှာ ပျက်ရပါသနည်း။ သင်သည် ကောင်းမွန်စွာ ပြုလုပ်လျှင် အခွင့်မရလော့၊ ကောင်းမွန်စွာ မပြုလုပ်လျှင် အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏ သူသည် သင်၏အလိုသို့လိုက်၍ သင်သည် အုပ်စိုးရ၏။ ကာဣနကို မိန့်တော်မူ၏လို့ ပြောခဲ့တယ်။ ဒါပေမယ့် အခဲမကြေတဲ့ ကာဣနဟာ ညီငယ် အာဗလကို ရိုတ်သတ်ဖြစ်ခဲ့တယ်။

 လူသားနှစ်ယောက် မွေးတဲ့ ကမ္ဘာဦးမှာ ပထမဆုံးလူသား တစ်ယောက် ကျူးလွန်ခဲ့တဲ့ လူသတ်မှု၊ ပိုဆိုးတာက ညီအကိုအရင်းကို သတ်တဲ့ ရာဇဝတ်မှုပါ။

ဘုရားသခင်းက မင်းညီဘယ်မှာလဲလို့မေးတော့ “ ဘုရားသခင် ကျွုန်ုပ် မသိပါ၊ကျွုန်ုပ်ဟာ ညီကို စောင့်ရသူ လားလို့
 ပြန်မေးပါသတဲ့။

ဒီတော့ ဘုရားသခင်က.. “မင်းဘယ်လို လုပ်လိုက်တာလဲ  မင်းညီးရဲ့ ( အသွေးရဲ့အသံ) ဟာ မြေထဲကနေ ငါ့ကို အော်ဟစ်နေတယ်၊ မင်းညီရဲ့သွေး မင်းခံရမယ်။ မင်းညီ အောင်သံကြောင့် ပါစပ်ဟ အော်နေတဲ့ မြေကြီးရဲ့ ကျိန်စာ မင်းခံရမယ်။ မင်း ဒီနေ့ကစပြီး လယ်လုပ်တဲ့အခါ  ပကတိအတိုင်း သီးနှံတွေ မရနိုင်တော့ဘူး။
 မြေပေါ်မှာ ပြေလွှားနေရသူ၊ အရပ်တကာ လှည့်လယ်နေရသူ ဖြစ်တော့မယ်” လို့ပြောလိုက်တယ်။  “ကာဣနလည်း ကျွန်ုပ်အပြစ်ဟာ မဖြေသာအောင် ကြီးလှပါကလား ဒီမြေကြီးပေါ်ကလည်း
 နှင်ထုတ်ခံရပြီး  အရပ်တကာ နယ်တာကာ လှည့်လယ် သူလည်း ဖြစ်ရတော့မယ်။ တွေ့သမျှ လူတွေက ကျွုန်ုပ်ကို သတ်တော့မယ်” လို့ ဘုရားသခင်ကို ပြန်လျှောက်ပါတယ်။ 

ထာဝရ ဘုရားသခင်က ကာဣနသတ်သော သူကား ခုနစ်ဆသော အပြစ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်  ကာဣနကို တွေ့သောသူ တစ်စုံတစ်ယောက်မျှ မသတ်ခြင်းငှာ ထာဝရ ဘုရားသည် သူ၌ အမှတ်ပေးတော်မူ သည်..ဟု ပြန်ပြောကြောင်း ကျမ်းစားမှာ တွေ့နိုင်ပါတယ်။

 ( ဆရာယုဒသန်ရဲ့)ဘာသာပြန်ချက်ပါ။
ဆက်ရန်…
စာကိုး သမ္မာကျမ်းစာ / ယုဒသန်

No comments:

Post a Comment