Monday, October 1, 2012

စွမ်းရည်မြင့်မား အကျင့် ခုနစ်ပါး


Stephen Covey က အစွမ်းထက်မြက်စေမည့် အကျင့် ခုနစ်ပါးကို နှစ်ပိုင်းခွဲထားပါတယ်။
၁- ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်း ( Private Victory)
2- ပြင်ပလောကကို အောင်နိုင်ခြင်း  ( Public Victory)

Be proactive
လိုရာကို ထိန်းကျောင်း တုန့်ပြန်ခြင်း
အစွမ်းထက်မြက်တဲ့ လူတို့ရဲ့ သဘာဝမှာ အခြေခံကျဆုံး အကျင့်ဟာ ဖြစ်ပျက်လာတဲ့ အခြေအနေအရပ်ရပ်ကို အလိုက်သင့် မတုံ့ပြန်ဘဲ မိမိရာ ဖြစ်ချင်ရာကို ဆုံးဖြတ်ချက်ချပြီး ထိန်းကြောင်းတုန့်ပြန်ခြင်းပဲဖြစ်ပါတယ်။

အပြုအမှုတိုင်းဟာ ဆုံးဖြတ်ချက် တစ်ခုခုရဲ့ အကျိုးဆက်သာ ဖြစ်ရမယ်။ ပြင်ပ အခြေအနေအရပ်ရပ်က စေ့ဆော်တိုက်တွန်းသလို ပြုမှုတာမျိုးမဟုတ်ပါဘူး။  ဘယ်လိုဖြစ်ချင်သလဲဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း သူအမြတ်တနိုး
 ခံယူထားတဲ့ တန်ဖိုးထားချက် ( Values) နဲ့အညီပဲဖြစ်ပါတယ်။

ဒီနေရာမှာ  Value - ဆိုတဲ့ ဝေါဟာရကို နည်းနည်း ရှင်းချင်ပါတယ်။
  Value ကို  မြန်မာလို တန်ဖိုးထားချက်ဆိုပြီး ဘာသာပြန်လေ့ရှိပါတယ်။ ခံယူချက်လို့လည်း ဆိုနိုင်ပါတယ်။ အရှေ့တိုင်း တန်ဖိုးထားချက် ၊ အနောက်တိုင်း တန်ဖိုးထားချက်၊ အာရှတန်ဖိုးထားချက် ( Oriental, Western, Asian Values) စသည်ဖြင့် သုံးစွဲကြပါတယ်။

ဆိုလိုတာကတော့ လူ့အဖွဲ့အစည်းတစ်ခုခုက ယေဘုယျအားဖြင့် လက်ခံကြတဲ့ ကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အချင်းတွေပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် စောင့်ထိမ်းသင့်တဲ့ ကျင့်ဝတ်တွေရဲ့ အခြေခံတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒေသအလိုက် ထုံးတမ်း စဉ်လာအလိုက် ဘာသာရေးအယူအဆ၊ Value တွေ ကွာခြားကောင်း ကွားခြားပါလိမ့်မယ်။ ကွာခြာမယ်လို့တော့ အတိအကျ မပြောချင်ပါဘူး။

ဘာသာရေး ဘယ်လိုကွဲကွဲ ကောင်းသော သွန်သင်ဆုံးမမှုတွေကတော့ အတူတူပါပဲ။ ဒီတော့ ယေဘုယျအားဖြင့်  တူညီကောင်း တူညီနိုင်လိမ့်မယ်လို့    စောဒကတက်နိုင်မှာဖြစ်ပါတယ်။

ခုတော့ Human Values ဆိုပြီး လူသားတစ်ရပ်လုံးအတွက် ခြုံ၍ လက်ခံနိုင်ဖို့ တန်ဖိုးထားချက်တွေကို ညှိယူဖို့ စဉ်းစာလာကြပါတယ်။

လူ့အဖွဲ့အစည်းအလိုက် တန်ဖိုးထားချက်တွေ ရှိသလို၊ လူတစ်ဦးချင်းအလိုက် တန်ဖိုးထားချက်တွေလည်းရှိပါတယ်။

လူတစ်ဦးချင်း တန်ဖိုးထားချက်ဆိုတာကလည်း လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ တန်ဖိုးထားချက်တွေ အတိုင်းပဲဖြစ်ပါတယ်။ ခုပြောနေတာက လူတစ်ဦးချင်းရဲ့ တန်ဖိုးထားချက် ( သို့) အမြတ်တနိုးခံယူချက် Value တွေအကြောင်းပဲဖြစ်ပါတယ်။

ဥပမာ...
တရားမျှတမှု၊
တကိုယ်ကောင်းမဆန်မှု၊
ညှာတာမှု၊
ဇွဲလုံးလရှိမှု၊
ပညာလိုလားမှု၊
သတိရှိမှု၊
နှိမ့်ချမှု စတဲ့ ကောင်းသော စိတ်ပိုင်ဆိုင်ရာ အရည်အသွေးများဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့ စကာကိုပြန်ဆက်ရရင်.. အစွမ်းထက်မြက်တဲ့ လူတစ်ဦး အပြုအမှုတွေ ( Behavior )ဟာ သူ့ရဲ့တန်ဖိုးထားချက်နှင့်အညီး စဉ်းစဉ်း စားစား ဆုံးဖြတ်လုပ်ဆောင်တဲ့ အပြုအမှုတွေ ( Value driven) ပဲဖြစ်ပါတယ်။ ဒီလို လူမျိုးကို Proactive ဖြစ်တယ်လို့ Stephen Covey က အမည်တပ်ပေး ထားပါတယ်။

သူတို့ရဲ့ အပြုအမှုကို အခြေအနေ တရပ်ရပ်က စေ့ဆော်မှု မဟုတ်သလို၊ ခံစားမှု တစ်ခုခု အပေါ်မှာလည်းအခြေမခံပါဘူး။ သာမန်အားဖြင့် လူတွေရဲ့ အပြုအမှု တွေဟာ ပြင်ပ အခြေအနေတွေရဲ့ လွှမ်းမိုးမှုတွေ ခံယူပြီး တုံ့ပြန်တာ တွေဖြစ်တတ်ပါတယ်။ လူတို့ကျတော့ REACTIVE ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပမာ.. ရာသီဥတု ကောင်းရင် ကောင်းသလို ၊ မကောင်းရင် မကောင်းသလို သဘောထားတာတွေ၊ အပြုအမှုတွေ ဖြစ်ပေါ်စေပါတယ်။

PROACTIVE သမားတွေရဲ့ အပြုအမှုတွေဟာ နေပူပူ မိုးရွာရွာ ပြင်ပ အခြေအနေ လွမ်းမိုးခံရတာ မပြောပလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အပြူအမှုတွေဟာ ခံယူချက်နှင့်အညီ ထိန်းကျောင်း တုံ့ပြန်ချက်တွေပဲ ဖြစ်နေလို့ပါ။

REACTIVE သမားတွေကတော့ ခံစားမှု ၊ အခြေအနေတွေစတဲ့ ပြင်ပ ဩဇာ လွမ်းမိုးမှုတွေကို ခံယူပြီး တုံ့ပြန်ပြမှုတတ်ပါတယ်။

လူတွေရဲ့ အပြုအမှု သဘောတွေဟာ ပြင်ပဩဇာ လွှမ်းမိုးမှု အနည်းနဲ့ အများ ခံရတတ်သလို အချို့ စိတ္တဗေဒ ပညာရှင်တွေက ဗီဇမျိုးရိုး၊ လွှမ်းမိုးမှုလည်း ရှိတတ်ကြောင်းလည်း ဆိုကြပါတယ်။

" ဒီလူ စိတ်တိုတတ်မှာပေါ့ ၊ သူ့အဘိုး ဗီဇ ပါတာကိုးလို့ " ဆိုတတ် ကြပါတယ်။ ကလေးဘဝရဲ့ အတွေ့အကြုံဟာလည်း တသက်လုံးမှာ ဖြစ်ပေါ်နေတဲ့ စရိုက်ကို ပုံလောင်းပေးတတ်တယ်လို့လည်း ယူဆတတ်ကြ  ပါသေးတယ်။

လူတွေဟာ  ဘယ်လိုလှု့ဆော်ရင် ဘယ်လို တုံ့ပြန်မယ်ဆိုတဲ့ အခြေခံ သဘာဝ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

အစွမ်းထက်မြက်တဲ့ တုန့်ပြန်မှုဟာ လှုံ့ဆော်ခံရတိုင်း လူတွေမှာသာ ရှိတဲ့ စွမ်းရည်တွေကို အသုံးပြုပြီး လိုချင်တဲ့ါ တုန့်ပြန်မှုကို ရွေးချယ် ဆုံးဖြတ်တတ်တယ်။

ဒီအခြေခံ သဘာဝဟာ သတ္တဝါတွေ အားလုံးရဲ့ အခြေခံသဘာဝလို့လည်းဆိုနိုင်ပါတယ်။ လူဆိုတာလည်း သတ္တဝါထဲမှာ အပါအဝင်ပါပဲ။  ဒါပေမယ့်လူကတော့ တိရစ္ဆာန်ထက် စိတ်စွမ်းရည်မှာ အဆင့်မြင့်ပါတယ်။

Stephen Covey ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခံယူချက် အခြေခံနဲ့ ဖြစ်ပျက် လာတာမှန်သမျှကို ကိုယ်ဖြစ်စေချင်သလို ထိန်းကျောင်း တုံ့ပြန်တတ်ရင် အစွမ်းထက်တဲ့ အပြုအမှုတွေဖြစ်လာမှာပါတဲ့။

 ( ဘာသာပြန်  အောင်စောဖြူ ) ဆက်ရန် ၂

No comments:

Post a Comment