Sunday, August 26, 2012

ခေါင်းဆောင်ဆိုတာ



တစ်နေ့ ဗုဒ္ဓဟာ ရဟန်းတောများ သီတင်းသုံးရာ ကျောင်းများကို လှည့်လည် ကြည့်ရှု့တော်မူပါတယ်။

ထိုအခိုက် ရဟန်းတစ်ပါး ဝမ်းရောဂါဖြစ်လို့ နေရာမှ မထနိုင် ကျင်ကြီး ၊ ကျင်ငယ် အလိမ်လိမ် ပေကျန်လျှက် အိရာပေါ်မှာ လဲလျောင်းနေပါတယ်။

ဗုဒ္ဓဟာ ရှင်အာနန္ဒာကို ချက်ချင်း ရေယူခိုင်းပြီး ကိုယ်တော်တိုင် လူနာရဟန်းရဲ့ ကိုယ်တော်မှ အညစ်အကြေးများကို
ဆေးကြောသုတ်သင်ပေးပြီး ရှင်အာနန္ဒာနှင့် အတူပြုစု စောင့်ရှောက်ပါတယ်။
ထိုနောက် ရဟန်းများကို ခေါ်တော်မူကာ..
“ ချစ်သားရဟန်းတို့… သင်တို့မှာ ပြုစုမည့် ဆွေမျိုး အနီးပါး၌ မရှိကြ အချင်းချင်း မပြုစုကြလျှင် မည်သူ ပြုစုမှာလဲ။ ငါ့ဘုရားအား ပြုစုမည့်အစား မကျန်းမာသူကိုသာ ပြုစုကြပါ။ မကျန်းမသူကို ပြုစုခြင်းဟာ ငါ့ဘုရားကို ပြုစုခြင်းနဲ့အတူတူပါပဲ”ဟု မိန့်ကြားတော်မူပါတယ်။
 
 


                                       အစစ်အမှန်

ဗုဒ္ဓဟာ အနာထပိဏ်သူဋ္ဌေး ပင့်လျှောက်ခြင်းဖြင့် သာဝတ္ထိမြို့သို့ ပထမဆုံးရောက်လားပါတယ်။
ဇေတဝန်ကျောင်းမှာ သတင်းသုံးခိုက် ကောသလမင်းကြီး ဗုဒ္ဓထံရောက်လာပြီး “ ဂေါတမလည်း.. မိမိကိုယ်ကို အလုံးစုံ သိမြင်သော ဗုဒ္ဓလို့ ဝန်ခံပါသလား” ဟုမေးပါတယ်။

ထိုအခါ… ဗုဒ္ဓက “ ဗုဒ္ဓ…ဗုဒ္ဓဟု ခေါ်နေသူမှာ… ငါ့ဘုရားကို ခေါ်မှ အမှန်အတိုင်း ခေါ်ရာ ရောက်တယ်”ဟု ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့် မိန့်ကြားတော်မူပါတယ်။

ထိုအခါ ကောသလမင်းကြီးက… ထင်ရှားနေတဲ့ ပူရဏကဿပ စတဲ့ သက်ကြီး ဝါကြီး ဂိုဏ်ဆရာကြီးများက ဗုဒ္ဓဟု ဝန်မခံကြဘဲနှင့် သက်ငယ် ဝါငယ်ဖြစ်သော ရှင်ဂေါတမက ဗုဒ္ဓလို့ ဝန်မခံသင့်လို့ ပြောလေရာ…

ဗုဒ္ဓက..
“ မင်းမျိုး ၊ မီး၊ မြွေ၊ သီလရှိသောရဟန်း” များကို ငယ်သော်လည်း မလေးမစား မပြုအပ်လို ဟောတော်မူပါတယ်။

အစစ်အမှန်ဟူသည် ငယ်သည် ကြီးသည်မရှိ… အရင်အသွေးပြည့်မီခြင်းသာ အဓိကကြပါတယ်။

No comments:

Post a Comment