Monday, August 20, 2012

မြတ်ဗုဒ္ဓနှင့်ရာဟုလာ....


တနေ့သောအခါ မြတ်စွာရားက သားတော် ရာဟုလာကို လိမ်လည်ခြင်းရဲ့ အပြစ်ကို ပြောပြချင်လို့ .. ရေတစ်အိုး ယူခိုင်းလိုက်ပါတယ်။
သားတော်ရာဟုလာ ရေအိုး သည်လာပြီးနောက် မြတ်စွာဘုရားက သူရဲ့ ခြေကို ဆေးခိုင်းလိုက်ပါတယ်။

ရှင်ရာဟုလာလေးဟာ မြတ်စွာဘုရားကို ကြည်ညိုတာရယ် ၊ ခမည်းတော်ဖြစ်တာရယ်ကြောင့် မြတ်ဗုဒ္ဓရဲ့ ခြေတော်ကို ကောင်းကောင်းဆေးလိုက်ပါတယ်။



မြတ်ဗုဒ္ဓရဲ့ ခြေတော်ကို ဆေးစဉ်မှာပဲ အိုးထည်းက ရေက ညစ်ပတ်သွားပါတယ်။ ထိုအခိုက်က မြတ်စွာဘုရားက သားတော်ရာဟုလာကို ညစ်ပတ်သွားတဲ့ ရေးကို သေခြာကြည့်ခိုင်းပြီး “ ရာဟုလာ .. မင်း ဒီရေကို သောက်လို့ ရမလား” လို့ မေးလိုက်ပါတယ်။

သားတော်ရာဟုလာက ရေကိုသေချာကြည့်ပြီး.. “ တပည့်တော် ဒီရေကို မသောက်နိုင်ပါဘုရား ဒီရေက ညစ်ပတ်ပြီး မသန့်ရှင်းလို့” ဟု ပြန်ဖြေလိုက်ပါတယ်။

ထို့အတူပါပဲ သားတော်ရာဟုလာ လိမ်လည် လှည့်ဖြားတတ်တဲ့ လူရဲ့ နှလုံးသာဟာ လည်း မဖြူစင်ပဲ ညစ်ပတ်နေတတ်ပါတယ်။

ထိုနောက် မြတ်ဗုဒ္ဓက ရေအိုထဲက ရေကို သွန်ခိုင်းလိုက်ပြန်ပါတယ်။ ရေသွန်းပြီး ဘာမှ မရှိတောတဲ့အခါ မြတ်စွာဘုရားက “ ရာဟုလာ.. ဒီအိုးက .. သောက်ရေထည့်လို့ ရမလားလို့ မေးလိုက်ပါတယ်။

“ မရတော့ပါဘုရား… စောစောကမှ ခေခြဆေးရေတွေနဲ့ ညစ်ပတ်နေလို့” ဟု ဖြေလိုက်ပါတယ်။

ထိုအတူးပါပဲ သာတော်ရာဟုလာ.. လိမ်လည်လှည့်ဖြားမှုတွေနဲ့ ပြည့်နှက်သူဟာ ဘယ်တော့မှ ရိုးသာ ဖြောင့်မှန်တဲ့ နေရာကို ရောက်ဖို့မလွယ်ပါဘူး။

ထိုနောက် မြတ်ဗုဒ္ဓက အိုးကို ညွှန်ပြပြီး “ အိမ်း… အကယ်လို့ အဲဒီအို ကွဲသွားရင်ကော တစ်ယောက် ယောက်က နှမြှောတသနေဦးမှာလား” လို့မေးပြန်ပါတယ်။

"ဘယ်သူမှ နှပြော တသနေမှာ မဟုတ်ပါဘူး ဈေးပေါပြီး နောက်ထပ်တစ်လုံး အလွယ်တကူ ရနိုင်ပါတယ်" လို့ ဖြေကြားလိုက်ပါတယ်။

ထို့အတူးပါပဲ… လောကမှာ လိမ်လှည်လှည့်ဖြားတတ်တဲ့သူ သေဆုံးသွားသော်လည်း ဘယ်သူမှ နှမြှောတသကြမှာ မဟုတ်ပါဘူး ရာဟုလာကို ဆိုဆုံးမလိုက်ပါတယ်။

No comments:

Followers

My Blog List