Sunday, August 12, 2012

မျောက်ရဲ့နှလုံးသားနဲ့ မိချောင်းတို့ရဲ့ အချစ်ဇာတ်လမ်း

ရှေးရှေးတုန်းက အလွန်ရင်းနှီးတဲ့ မိတ်ဆွေနှစ်ယောက်  ရှိခဲ့တယ်။  တစ်ယောက်ကတော့ မျောက်ဖြစ်ပြီး ၊ နောက် တစ်ယောက်ကတော့ မိချောင်းတဲ့။  မိချောင်းကတော့ မြစ်ထဲမှာနေပြီး မိတ်ဆွေ မြောက်ကတော့ မြစ်ကမ်နဘေး သရက်ပင်မှာနေကြတယ်။ 

မိချောင်းရဲ့ ဇနီးကတော့ သိပ်ယုတ်မာသတဲ့။ တစ်နေ့သောအခါ  မိချောင်းမက မျောက်ရဲ့ နှလုံးသားကို လိုချင်တဲ့ စိတ်တွေ ဖြစ်နေပါသတဲ့။  မိချောင်းဖို့က သူရဲ့ဇနီး ဘယ်လိုပင်တောင်ဆိုသော်လည်း သူ့ မိတ်ဆွေ မျောက်ဒုက္ခရောက်မှာမို့ မိချောင်းမ တောင်းဆိုတဲ့ မျောက်နှလုံးသား ရရှိရေးကို ငြင်းဆိုပါသေးတယ်။  အကြိမ်းကြိမ်အခါခါက မိချောင်းမက တောင်းဆိုတော့ နောက်ဆုံး မိချောင်းမရဲ့ ဆန္ဒကို လိုက်လျောလိုက်ပါတယ်။

နောက်တနေ့မှာ မိချောင်းဖို့က သူငယ်ချင်း မျောက်ရှိရာ ကိုသွားပြီး “ သူငယ်ချင်း ဟိုမှာဘက်ကမ်းမှာ သာယာချိုမြိန်တဲ့ သစ်သီးတွေရှိတယ်၊ မင်းကို  ငါရဲ့ကျောပေါ်မှာတင်ပြီး ခေါ်သွာမယ်” လို့ သွေးဆောင် လိုက်ပါတယ်။မျောက်က .. “ သူငယ်ချင်းကတော့ သိပ်ကြင်နာသနားတတ်တာပဲဆိုပြီး မိချောင်းရဲ့ နောက်ကျောပေါ်မှာ လိုက်ပါသွားပါတယ်။ 

မြစ်လယ်ခေါင် အလယ်လောက်ရောက်တော့ မိချောင်းက မြစ်ရဲ့ ရေနက်ပိုင်းကို  ကူးသွားချိန်မှာ မျောက်က အော်ပြီး “ ဟေ့ ..သူငယ်ချင်း  သူငယ်ချင်း ဘာကြောင့် မြစ်လယ်ခေါင် ရေနက်ပိုင်းကို ခေါ်သွားတာလဲ” မေးတော့ ။ မိချောင်းက ..” အိမ်.. ငါရဲ့ ဇနီးက မင်းရဲ့ နှလုံးသားကို လိုချင်တယ်ဆိုလို.. ဇနီးအတွက် မင်းကိုနှလုံးသားကို ယူဖို့ ရေးနက်ပိုင်းကို ခေါ်လာတာလို့” ဖြေလိုက်တယ်။

ဒါနဲ့ .. မျောက်က… “ မင်း ဒိကိစ္စကို ဘာလို့် စောစော မပြောတာလဲ မင်းဇနီးက ငါရဲ့နှလုံးသားကို လိုချင်ရင်  ငါမှာပေးဖို့ ဝန်မလေးပါဘူး ဒါပေမယ့် ခုတော့ ငါ့ရဲ့နှလုံးသာက ငါနဲ့ အတူမပါခဲ့ဘူး။  ငါနေတဲ့ သရက်ပင်ပေါ်မှာ လုံလုံးခြုံခြုံ ချိတ်ထားခဲ့တယ်လေ။ မင်းလိုချင်ရင် ဒို့ပြန်ယူရအောင်လေလို့” ပြောလိုက်တော့။
စဉ်စားဥာဏ်မရှိတဲ့ မျောက်ဟာ သရက်ပင်ရှိရာ ဟိုဘက်ကမ်းကို ပြန်လှည့်သွားခဲ့ပါတယ်။ သရက်ပင်ရှိရာ ကမ်းစပ်ရောက်တာနဲ့ မျောက်ဟာ သရက်ပင်ပေါ်မှာတတ်ပြီး .. “  သိပ်မိုက်တဲ့ မိတ်ဆွေ.. မင်းလို့ ယုတ်မာတဲ့ မိတ်ဆွေမျိုးကို ဘယ်သူမှ မိတ်မဖွဲ့လိုတော့ဘူး။  ပြောလိုက်သတဲ့။

ဒါကြောင့်.. ကလေးတို့ရေ..  ဒါကြောင့် ကိုယ့်အတွက်နဲ့ ၊ ကိုယ်ချစ်သူအတွက် ဘယ်တော့မှ  တစ်ဖက်သားကို ဒုက္ခမရောက်စေပါနဲ့  တစ်ဖက်သားကို ဒုက္ခလှလှပေးသူဟာ က ပုံပြင်ထဲကလို့ ကိုယ်ပဲ ဒုက္ခလှလှ ခံစားရတတ်ပါတယ်။






No comments:

Followers

My Blog List