Thursday, August 9, 2012

ကိုရင်လေးနဲ့ ပုရွဲဆိတ်


ရှေးတုန်းက ကိုရင်လေးတစ်ပါးရှိခဲ့တယ်။ သူရဲ့ဆရာတော်ကတော့ အသက်အရွယ်ကြီးရင့်ပြီး သူတစ်ပါးရဲ့ အနာဂတ်ကို မြင်နိုင်တဲ့ ဆရာတော်တစ်ပါးတဲ့။

တစ်နေ့တော့ ဆရာတော်က ကိုရင်လေး နောက် တစ်ပတ်လောက်ပဲ အသက်ရှင်တော့မယ်ဆိုတာ   မြင်ပါသတဲ့။ 

ဒါကြောင့် အိမ်ပြန်ပြီး မိဘတွေနဲ့  အဲဒီ ခုနစ်ရက်အတွင်း ပျော်ပျော်ပါးပါးသွားနေဖို့ ပြောသတဲ့။
ကိုရင်လေးဟာ နောက်နေ့ နံက်စောစောမှာပဲ ဘုန်းကြီးကျောင်းမှ မွေးရပ်မြေကို ပြန်လာခဲ့တယ်။  

 ရွာပြန်ခရီးလမ်း မှာ ခရီးပန်းတာနဲ့  သစ်ပင်ကြီး တစ်ပင်အောက်မှာ နားနေခဲ့တယ်။
ရုတ်တရက်ပါပဲ.. ပုရွဲဆိတ်ကလေးများ တွင်းထဲဝင်ဖို့  ဒုက္ခရောက်နေတာကို တွေ့မြင်လိုက်ပါတယ်။  ပုရွဲဆိတ်တွင်းက လျင်မြန်စွာပဲ ရေတွေနဲ့ ပြည့်တော့မှာကို တွေ့မြင်ခဲ့တယ်။
ကိုရင်လေးက ဒီအဖြစ်အပျက်ကို တွေ့မြင့်တော့ ဒုက္ခရောက်နေတဲ့ ပုရွဲဆိတ်လေးတွေရဲ့ ဘဝကို ငါကယ်တယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကိုရင်ကလေးက သစ်ရွက်လေးတွေကို ယူပြီး ပုရွဲဆိတ်တွင်းထဲကို ချလိုက်တယ်။  တချို့ ပုရွဲဆိတ်ကလေးများ  သစ်ရွက်ကလေးမှ တဆင့် ကယ်တင်နိုင်ခဲ့တယ်။  ဒါပေမယ့် ရေစီးက သန်တော့ သစ်ရွက်ကလေးနဲ့ ပုရွဲဆိတ်တွင်းကို တိုက်းစားသွားခဲ့တယ်။

နောက်တော့ ကိုရင်လေးက ပုရွဲဆိတ်တွေကို ကယ်တင်ဖို့ .. ရေကာတာလေး တစ်ခု တည်ဆောက်တယ်။   အဲဒီရေကာတာလေးက စီးလာတဲ့ရေတွေကို ကာကွယ်ပြီး ၊ ပုရွဲဆိတ်တွင်းထဲမှ ရေတွေလည်း ရေမြောင်းမှ တစ်ဆင့် စီဆင်းသွားတော့တယ်။

ဒီလိုနဲ့ ကိုရင်လေးက ပုရွဲဆိတ်တွေကရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။

ကိုရင်လေး မိဘတွေနဲ့ ပျော်ပျော်ပါးပါး ခုနစ်ရက် အိမ်မှာနေခဲ့ပြီး ဆရာဘုန်းတော်ကြီးကျောင်းကို ပြန်ခဲ့တယ်။  

ကိုရင်လေး အသက်မသေပဲ ကျောင်းပြန်လာတာကို တွေတော့ ဆရာတော်ဘုရား အံသြသွားတယ်။
ဆရာတော်က “ ကိုရင်လေး မင်း ဒီအိမ်ပြန်သွားတဲ့ ခုနစ်ရက်အတွင်း ဘာတွေလုပ်ခဲ့လဲ” လို့မေပါတယ်။
ကိုရင်လေးက သူလုပ်ခဲ့သမျှ  အကြောင်းစုံကို ပြောပြတယ် ။ ပုရွဲဆိတ်လေးတွေရဲ့ အသက်ဘေးကို စောင့်ရှောက်ခြင်းလည်း အပါအဝင်ပေါ့။

ကိုရင်လေးဟာ ဒီ ခုနစ်ရက်အတွင်းမှာ ကြင်နာသော နှလုံးသားနဲ့ ပုရွဲဆိတ်လေးတွေကို ကူညီခဲ့လို့ ပုရွဲဆိတ်လေးတွေက .. ကိုရင်လေးအသက်ကို  ကယ်တင်ခဲ့တယ်လို့ ဆရာတော် သဘောပေါက်ခဲ့တယ်။

အသက်ရှည် ရောဂါကင်းလိုသူများ .. သတ္တဝါများကို ကြင်နာသနား ကူညီစောင့်ရှောက်ပါ။

No comments:

Followers

My Blog List