တစ်…နှစ်..သုံး… ဆင်း….
ဝုန်း..ဝုန်း…ဝုန်း….။
တစ်…နှစ်..သုံး… ပြန်တက်..
ဝုန်း..ဝုန်း..ဝုန်း…..။
အထက်ပါအမိန့်ပေးသံနှင့်ကျွဲအုပ်.. နွားအုပ်ပမာ..
ရေတစ်အိုင်တည်းမှာ ရေးချိုး
နေသူတွေကတော့ တောင်ငူ ရဲဖက်စခန်းမှာ ထောင်ကျနေသာ
စာရေးသူရဲ့ ညီငယ်နှင့် ရဲဘော်၊ရဲဘက် အယောက် ( ၅၀) ခန့်တို့ရဲ့ အလုအယက် ရေးချိုးဆင်းသံ
၊ ရေချိုးပြီး သုံးမိနစ်ခန့်လောက်မှာ ကုန်းပေါ်သို့ ပြန်တတ်သံ တို့ပင်ဖြစ်ပါသည်။
ရဲဖက်စခန်းမှာ ရောက်နေသော ထောင်သားများသည်၊ အုပ်စုလိုက် ကျောက်မိုင်းများခွဲအပြီး
နေ့လည် (၁၂) နာရီလောက်မှာ တချိန်တည်း ရေကန်ထဲမှာ ကျွဲ၊နွားပမာ ရေချိုးရသည်။ ဆပ်ပြာမပါ၊ ကိုယ်လဲ အဝတ်မပါ ၊ ထောင်အဝတ်အစား ပိတ်ဖြူနှင့်သာ
ရေချိုးရပါသည်။ ရဲဖက်စခန်းမှာ ထောင်သားများ ကျောက်မိုင်း ခွဲနေစဉ် ခို၊ကပ်တဲ့ ထောင်းသားများအား
ဆုံးမဖို့ ထောင်းသား အချင်းချင်း လူမိုက်မွေးပြီး အရိုက်နှက် ခိုင်းတာတွေလည်း တွေ့မြင်ရသည်။
ဒါကြောင့် ထောင်းသားများဟာ၊ နီးရာဒုတ်ကော ၊ ထောင်မှုးကိုပါ ချီးပါအောင် ကြောက်ရသည်။
တက်..ဆို နောက်ကျလို့်မရ.. အမြန်တက်ရသလို .. ဆင်းဆိုလဲ နောက်ကျလို့မရ.. အမြန်ဆင်းရ၊
တက်ရသည်။ နောက်ကျရင်.. နီးရာဒုတ်ဖြင့် အရိုက်ခံရတော့သည်။
စာရေးသူ ရန်ကုန် သာသနာ့တက္ကသိုလ် ဒုတိယနှစ်ကျောင်းတက်နေစဉ် မိခင်ဖြစ်သူသည် ဆိုင်း မဆင့် ဗုံ မဆင့် တစ်ယောက်တည်း ရန်ကုန်ကို
ရောက်လာခဲ့သည်။ စာရေးသူလည်း အမေ ရောက်လာတော့ တစ်ခုခုတော့ ဖြစ်ပြီထင်တယ်ဟု စိတ်ပူမိပါသည်။
အဲဒီခေတ်က အမျိုးသမီးတစ်ယောက်တည်း ရန်ကုန်နှင့်
အညာ ခရီးသွားလာဖို့က သိပ်မလွယ်လှ။ ရွာမှ ကားလမ်းမ
ရောက်ဖို့ အနည်းဆုံး (၃)နာရီလောက် လမ်းလျှောက်ရသည်။ ထိုမှတဆင့် မြင်ခြံ၊ ရန်ကုန်သို့
အဆင့်ဆင့် ကားစီးရသည်။ အသက်ကြီးရင့်သော အမေတစ်ယောက်အတွက် သိပ်လွယ်ကူသော ခရီးတော့မဟုတ်။
“ဦးဇင်း… ဦးဇင်း.. ဟံညွန့်ကို ရဲတွေခေါ်သွားလို့..”
“ဘာ. ဘယ်လို..ဘာဖြစ်လို့…”
“ဟံညွန့်ကို ရွာလူကြီးက ..စစ်ပြေးဆိုပြီးတိုင်လို့ ပုပ္ပါးကရဲတွေ လာဖမ်းသွားတာ..”
“ဟင်..ဟုတ်လား.. ခု.. ဟံညွန့်ဘယ်မှာလဲ..?”
“အတိအကျတော့ မသိဘူး… အဲဒါကြောင့် ပြောတတ်၊ ဆိုတတ်ရှိအောင်.. ဦးဇင်းဆီ လိုက်လာတာ။
ရွာက လူကြီးတွေ အကြံပေးတာကတော့ .မင်းသား ရန်ကုန်က ဦးဇင်းခေါ်ပြီး ..ဟံညွန် တာဝန် ထမ်းဆောင်ခဲ့တဲ့
မူရင်း တပ်စခန်းကို လိုက်လို့ပြောတာပဲ ဦးဇင်း။ “
“ကဲ ဒါဆိုလဲ.. မောင်ဟံညွန် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဆွာ စစ်တပ်ကို သွားစုံးစမ်းရမှာပေါ့”
“ဟုတ်မယ်.. ထင်တာပဲ ဦးဇင်း တပည့်တော်တော့ အတိအကျ မသိတော့ပါဘူး”
“ကဲ..ကဲ..ဒါဆိုလည်း ညတွင်းချင်း ညရထားနဲ့ အမှီလိုက်ရအောင်…”
ထိုနောက်.. အမေနှင့်စာရေးသူတို့ .. ချက်ခြင်းဆိုသလို. ညရထားဖြင့် ရန်ကုန်မှ
ဆွာမြို့သို့ လိုက်ပါသွားခဲ့သည်။
အမေသည် သားငယ် မောင်ဟံညွန့်အတွက် သောကများနေသည်။ စိတ်တွေလည်း ဂနာမငြိမ်၊ ရဲတွေကို
တိုင်တဲ့ ရွာလူကြီးကိုလည်း မကျေနပ်ဖြစ်ကာ.. ငိုလိုက်.. ယိုလိုက်ဖြင့် .. သား ထောင်ကျမှာကို
စိုးရိမ်စိတ် တွေ လွန်ကဲနေသည်။ စားရေးသူမှာ ရန်ကုန်နေတာဆိုတော့ အတွေ့အကြုံအနည်းငယ်ရှိတော့
အမေရဲ့ သောကတွေ သက်သာအောင် အနည်းငယ်ဖြောင်းဖြရသည်။ အမေသားအတွက် စိတ်မပူပါနဲ့ အကောင်းဆုံးဖြစ်အောင်
ဦးဇင်းဆောင်ရွက် ပေးပါမည်ဟု တတ်သလောက် မှတ်သလောက် ဖြောင်းဖြရသည်။
မိခင်ကြီးရဲ့ ဘဝမျက်ရည်တွေကို ဖြောင်းဖြရင်းဖြင့် မြန်မာနိုင်ငံ ကျေးလတ်ဒေသ
တောသားများရဲ့ လမ်းလျှောက်ရင်း.. လမ်းပျောက်ရပုံကို စဉ်းစားမိသည်။
စာရေးသူတို့ မိသားစုသာ မဟုတ် ၊ ရွာမှာရှိသော မိသားစုတိုင်းလိုလို ရွာမှာ ဘာမှ
မယ်မယ်ရရ အလုပ် လုပ်စရာမရှိလို့ သားယောက်ျားလေး
အချိန်တန်အရွယ်ရောက်ရင် တရွာတပြေထွက် အလုပ် လုပ်ရသည် ၊ မိန်းကလေးများ ကျောင်းဆက် မတက်နိုင်လျှင်
ရန်ကုန်သွားပြီး အိမ်ဖော်လုပ်ရသသည်။
အခြားနယ်သို့ လုပ်သူများ ငှက်ဖျားမိလို့ ဘဝဆုံးရှုံးရသော လူငယ်များ ရှိသလို
၊ ညီမောင် မောင်ဟံညွန့်လို့ စစ်တပ်မှာ မပျော်လို့ စစ်ပြေဘဝဖြင့် ထောင်ကျကာ.. ငှက်ဖျားမိ၍
သေသော စစ်ပြန်များလည်း မရေတွက်နိုင်။ ကျေးလတ်ဒေသ ၊ ပညာရေးနှိမ့်ကျရခြင်း၊ လုပ်စရာ အလုပ် အကိုင်မရှိခြင်း၊
ငှက်ဖျားမိ၍ ဘဝဆုံး ပါးရခြင်းကို နိုင်ငံတော်နှင့် ကျန်းမာရေးငှာနတို့ကို အကြံပြုနိုင်ဖို့အတွေးခေါ်
ပညာမရှိ၊ အချို့ရှိသော်လည်း နီးရာဓားကို ကြောက်ရ၍ ယုံကလေးလို့ နှာစေနေသူများကလည်း
ဒုနှင့်ဒေး။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ကိုယ့်အကုသိုလ်ကံကြောင့်ပဲဟု
စိတ်ကိုဖြေသိပ်နေကြရသည်။
စာရေးသူ ညီငယ်သည်လည်း လမ်လျှောက်ရင်း လမ်းပျောက်သူများတွင့် တစ်ယောက်
အပါအဝင် ဖြစ်သည်။ မိခင်ကြီးသည်းလည်း ဖခင်ကြီးဆုံးသွားပြီးနောက်
ကျန်ခဲ့သော ကလေးငါးယောက်ကို သေချာ လမ်းချမပြုနိုင်။ စီးပွားရေးကလည်း အဆင်မပြေတော့ အကို၊
အမများ ကျောင်းထွက်ပြီး ၊ မိခင်ကို ကူရသည်။ စာရေးသူနှင့် ညီငယ်ကို ကျောင်းဆက်ထားသော်လည်း
ညီငယ်သည် ငါးတန်းအောင်
သောအခါ ကျောင်းထွက်ပြီး များမကြာခင် စစ်ထဲရောက်သွားခြင်းဖြစ်သည်။
သောအခါ ကျောင်းထွက်ပြီး များမကြာခင် စစ်ထဲရောက်သွားခြင်းဖြစ်သည်။
၂။
“ဘယ်က သံကြိုးစာလဲ?”
“ဘယ်ကလည်းတော့ အတိအကျ မသိဘူး အသက်မှီချင်ရင် အမြန်လာခဲ့ပါတဲ့၊ တောင်ငူ ရဲဖက်စခန်း
တစ်ခုကပဲ”
မော်ကွန်းထိမ်းရုံမှ သံကြိုးစာသည် ရဲဖက် စခန်းက ဆိုတာနဲ့ သိလိုက်ပါပြီ ထောင်ကျနေသော ညီမောင် တစ်ခုခု ဖြစ်ပြီးလို့။ ရဲဖက်စခန်းမှာ
ညီမောင် တစ်ယောက် သေးများသွားပြီးလား စသည်ဖြင့်
အတွေးမျိုးစုံးဖြင့် ကျောင်းခွင့်တိုင်ကာ.. ညီမောင်ရှိရာ တောင်ငူရဲဖက် စခန်းသို့ ဒုတိယအကြိမ် ရောက်သွားပြန်သည်။
ဒီတစ်ခါတော့ အရေးကြီးသည်မို့ မိခင်ကြီးကို နောက်မှ အကြောင်းကြားပြီး စာရေးသူကိုယ်တိုင်
ချက်ခြင်း ညီငယ်ဆီကို ရောက်အောင်သွားပြီးမှ မိခင်ကြီးကို အကြောင်းကြားရသည်။
မိခင်ကြီးသည် “စားစရာမရှိသော်လည်း ရော်စရာရှိရမည်” ဆိုတဲ့ မြန်မာစကားလို့
ညီငယ်ရဲ့ ငှက်ဖျားရောဂါ ကုသဖို့အတွက် ရှိစုမဲ့ ဘိုးဘွားပိုင်မြေကိုရောင်းကာ အထုပ်ပိုက်ကာ
တောင်ငူပြည်သူ့ဆေးရုံသို့ ရောက်လာခဲ့သည်။ အမေသည်သားဇောဖြင့်
မအိပ်မနေ သားကိုပြုစု စောင်းရှောက်ကာ ၊ ကံကောင်းထောက်မ လို့ သေးမင်းလက်ထဲမှ သားရဲ့အသက်ကို
ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း အချို့ ငွေမတတ်နိုင်လို့
၊နောက်က လိုက်မယ့်သူမရှိလို့ ၊ ဆေးရုံးရောက်မှ သေးကြရတဲ့ ရဲဘော်၊ရဲဖက်များလည်း မနည်းလှပါ။
သို့အတွက် .. မြန်မာပြည်မှ လူငယ်များကို လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင်
အရွယ်ရောက် လာသော လူပျို၊ အပျိုးကလေးမျာအတွက် ဘဝရပ်တည်မှု အတတ်ပညာများ၊ ရဲဖက်စခန်းမှ
အသက်မဆုံးရှုံးသင့်ပဲ အသက်သေးသွားရတဲ့စစ်ပြေများအတွက် ဖြစ်သင့်သော လူအခွင့်အရေးများ။ စစ်သားများလည်း စစ်တပ်အတွင်း တန်းတူညီမျှ
ခံစားခွင့်များ၊ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအခေါ်များ မြှင့်တင်သင့်ပြီးဟု
စဉ်းစားမိရင်းဖြင့်… လမ်းလျှောက်ရင်း လမ်းပျောက်နေသော ကလေးငယ်များအတွက်..။
No comments:
Post a Comment