Saturday, March 24, 2012

သေမင်းနှင့် စကားပြောခြင်း....



သေးမင်း...
ငါ မင်းနဲ့တွေဖို့ ဘဝကို နုတ်ဆက်ဖို့ ပြင်နေပါတယ်….၊ အပြုံးမျက်နှာနဲ့ ငါ့ဘဝကို နုတ်ဆက်ချက်ပါတယ်။ ငါ... ငြိမ်းငြိမ်းချမ်ချမ်း ဘဝကိုနုတ်ဆက်ပြီး မောင်သေမင်းနဲ့ မိတ်ဖွဲ့ချင်ပါတယ်။

သေးမင်း
 ငါ..မင်းနဲ့  စကားပြောချင်နေပါတယ်။ “ ဟေ့ မောင်သေမင်း .. နေကောင်းလား?  မင်းကို ငါစောင့်နေတာကြာပြီ။ ငါ့ဘဝ တလျှောက်လုံး မင်းကိုစောင့်နေတာ..ဒါနဲ့ မင်းကော ငါကို    စောင့်နေတာကြာပြီလာ?  ..ငါ..သွားဖို့ အချိန်ရောက်ပြီလား.

“သေမင်းရေ.
.ငါလာပြီ ..ငါလာပြီ.. သည်းခံပါနော်. . ငါကတော့.. မင်းဆီလာဖို့ အသင့်ပါပဲ။ ငါ..မင်းဆီကို လာဖို့ ပြုံးပြုံးလေးဖြစ်နေတာ မင်း အကဲမခတ်မိဘူးလား။ ငါသိပါတယ်..မင်း..သေခြင်းတရားနဲပတ်သတ်လာရင်..မင်းဘယ်လူမျိုးကိုမှ ခွင့်မလွှတ်ဘူးဆိုတာ .. ငါနားလည်ပါတယ်။ မင်းလည်း မင်းအလုပ် .. လုပ်နေတာ.. ဒါကြောင့် မင်းကိုယ်လည်း အပြစ်မပြောလိုပါဘူးကွာ ။ 

 သေမင်း…
 ငါကို ခေါ်နေခြင်းအတွက်.. ငါမှာ ဘာခံစားချက်မှ မရှိသလို.. မင်းနဲ့ ဘာမှမဆိုင်းဘူး.. မင်းအလုပ် မင်းလုပ်တယ်ဆိုတာ ငါနားလည်ပါတယ်ကွာ..”

သေမင်း..
မင်းကိုငါပြောပြီပြီပဲ… ငါပြုံးပြုံးလေးနဲ့ မင်းကို စောင့်နေတာကြာပြီဆိုတာလေ.. ငါ့ဘဝတစ်ခုလုံး မောင်သေမင်း ထံမှာ မြုပ်နှံထားတယ်ဆိုတာလေ..။  ခုတော့ မင်းနဲ့ငါတွေ့ဆုံးခွင့်ရပြီပေါ့.. ဒီအတွက်..မင်းကို ကျေးဇူးတင်တယ်ကွာ” 

သေမင်း..
မင်းအကြောင်း ငါကြားပြီးသာပါ. မင်းဘယ်သူကိုမှ စောင့်မနေဘူးဆိုတာ..မင်းဟာ သူခိုးတစ်ယောက်လို ညဥ့်နက် သန်ခေါင်ကြီးမှာတောင် လာတတ်တယ်ဆိုတာ..မင်းဟာ ဘယ်လို့မှ အပေးအယူလုပ်လို့မရသလို.. ဘယ်လိုလူမျိုးကိုမှ ရင်ဆိုင်ဖို့အတွက် လက်မနှေးဘူးဆိုတာ ငါသိပြီသားပါကွာ။

သေမင်း..
ငါ မင်းဆီကို ဝမ်းပန်တသာ လာပါပြီကွာ.. လောလောဆယ်တော့ နည်းနည်းပင်ပန်းနေတယ်။ ငါ့ခန္ဓာကိုယ်ကတော့ ကွဲပြဲနေတဲ့ ဥခွံတစ်လိုဖြစ်နေပါပြီ။  ဒါတွေကိုအားလုံး သည်ခံပြီး နေပါတယ်။ ငါလောလောဆယ် နာကျင်မှုတွေကို သည်းခံပြီး  ငါ့ကိုလာရောက် အားပေနေကြတဲ့ မိတ်ဆွေတွေကို .အပြုံးလေးနဲ့ နုတ်ဆက်နေပါတယ်နော်..။ 

သေမင်း..
မှန်မှန်ပြောရရင်.. မင်းက ငါဆီကို စောစောလာသင့်ပါတယ်ကွာ.. မင်းစောစောရောက်လာရင်.ဘုရားရှင်ရဲ့ ကောင်းချီးလိုပါပဲ.. နာကျင်ခြင်း ဝေဒနာတွေနဲ့ ပြည့်နှက်နေ့တဲ့ ယခုအချိန်မှာတော့.. မင်းကိုငါ စကားကောင်း ကောင်းမပြောနိုင်တော့ဘူးပေါ့။ အချိန်ဖြုန်းမနေပါတော့ကွာ .. ငါ့လက်ကိုကိုင်ပြီး..လာသွားကြရအောင်ပါ။ 

သေမင်း..
ငါနဲ့မင်းတွေ့တဲ့အခါမှာ .. .. ငါပြုံးပြုံးလေး မင်းကို လှလှပပနုတ်ဆက်ုဖို့ စိတ်ကူပြီးသာပါ။ ငါ့ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ဆွေမျိုးမိတ်ဆွေတွေကို ပူပင်သောက မပေးပါတော့နဲ့ကွာ..။ ငါပြုံပြုံးလေး ဘဝပြောင်းသွားရင် သူတို့လည်း ပျောက်ကြမှာပါ။ သူတို့လည်း ငါကောင်းကောင်း ဘဝပြောင်း သွားနိုင်ပြီဆိုတာ နာလည်ပြီးသာပါ။ သေခြင်းဆိုတာ.. ကြောက်စရာမလိုဘူး။ သေမင်းကို မိတ်ဖွဲ့ထားတယ်။  ဒါကြောင့် ငါမင်းကို ပြုံးပြုံးလေး ကြိုဆိုနေတယ်လေ….
ဒေါက်တာ ဖေညွန့်အား ရေစက်ချ အမျှပေးဝေစဉ်

အရှင်ဝိသုဒ္ဓါစာရရဲ့ Hello Death Good bye life ကိုဘာသာပြန်ပါသည်။


ကနေဒါနိုင်ငံ၊ ဗန်ကူးဘမြို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု၏ ၊  မတ်လ (၁၇) ရက် စနေနေ့တွင် ကွယ်လွန်သွားသော ဆရာကြီး ဦးညွန့်အတွက် စုပေါင်းဆုတောင်း အမျှဝေပွဲ

ဒကာဦးကြည်လွင် ၊ အန်တီ ညောင်ရွှေ ဒေါ်နုတို့မှ ဆီမီးညှိထွန်း၍

မနန်းစိုး၊မနန်းစံ ရင်ချင်းဆက်အမွှာ ခွဲစိတ်ကုသစဉ်က ဆရာကြီးနှင်အတူ အလုပ်အတူလုပ်ခဲ့သော ဆရာမ ဒေါ်နန်းရင်
မောင်စိုးမင်း
ဆွမ်းဆက်ကပ်လှူးဒါန်းစဉ်



No comments:

Followers

My Blog List