သောကစိတ်ဖြင့်.. အောင်မြင်သောဘဝကို မတည်ဆောက်နိုင်…
ပုထုဇဉ်မှန်သရွေ့ မည်သူမှ သောကနှင့်
မကင်းနိုင်ပါ.. ၊ လူငယ်အရွယ်မှာ.. ပညာရေး
စာမေးပွဲ အတွက် သောကစိတ်များ..၊ လူလတ်အရွယ်မှာ… ချစ်သူ ရည်းစား၊ သူငယ်များအတွက်…
သောကစိတ်များ၊
စီးပွားသမားများကလည်း… ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်သောကစိတ်များ၊ မိဘ ဆွေမျိုးများ ပျက်စီးခြင်းကြောင့် ဖြစ်တတ်သော သောကစိတ်များစသည်ဖြင့် များပြာလှပါတယ်။
စီးပွားသမားများကလည်း… ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်သောကစိတ်များ၊ မိဘ ဆွေမျိုးများ ပျက်စီးခြင်းကြောင့် ဖြစ်တတ်သော သောကစိတ်များစသည်ဖြင့် များပြာလှပါတယ်။
ဖြေဆေး မရှိသူတို့မှာ အတောမသတ်နိုင်အောင်
ဝမ်းနည်းခြင်း ၊ ပူဆွေးခြင်းများ ဖြစ်ကြရပါတယ်။
ဗုဒ္ဓဆေးကတော့ အတိအကျ ပြောရင် “ သတိပဋ္ဌာန်တရား” ပွားများပါတဲ့
..ခေတ်စကားနဲ့ လွယ်လွယ် ပြောရရင်တော့.. “ ကိုယ်ရော.. စိတ်ပါ.. နားသင့်တဲ့ အချိန်မှာ
အနားပေးပါ ၊ အရာရာကို သဘာဝ ကျကျ တွေးခေါ်ပါလို့ ” လို့ဆိုဆုံးမခြင်းပါ။
၁)... စာမေးပွဲ
လောကမှာ.. စာမေးပွဲကျလို့ ဘဝပျက်သွားသူတွေ
ဒုနှင့်ဒေးပါ၊ ဘုန်းကြီးစာသင်သား လောကမှာ ဆိုလည်း စာမေးပွဲကျလို့ လူထွက်သွားတဲ့
လူပျံတော်များလည်း ပုံလို့ပါပဲ။ စာပေးပွဲ
ကျတဲ့ သောကနဲ့ ပတ်သတ်၍ စာရေးသူ အတွေ့အကြုံပြောပါရစေ…
စာရေးသူဘဝမှာ စာမေးပွဲကျတဲ့ အတွေ့အကြုံဟာ အဲဒီတစ်ခါပဲ
ကြုံဖူးပါတယ်၊ ကလေးဘဝ သူငယ်တန်မှစ၍ စာမေးပွဲကျခြင်းဆိုတဲ့ သောကမျိုး တခါမှ
မခံစားရဖူးပါ၊ စာမေးပွဲတိုင်းဟာ ကျရင် ပြန် ဖြေရတတ်တဲ့ ထုံးစံ၊
စည်းကမ်းရှိပေမယ့်၊ စာရေးသူ ဘဝမှ ကျခဲ့တဲ့ စာပေးပွဲက လုံးဝ ကျရှုံးခြင်းဖြစ်ပြီး
ပြန်ဖြေ၍ မရတော့ပါ။ ပထနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် တို့မှာ နှစ်တိုင်း အကျမရှိ၊
အရှုံးမရှိ အောင်မြင်ခဲ့ပေမယ်၊ စတုတ္ထနှစ်ကျတော့
၎- ဘာသာကျတယ်ဆိုပြီး ကျောင်းမှ လုံဝ အထုတ် ခံလိုက်ရ ပါတယ်။ ဘာကြောင့်
၎-ဘာသာကျရတာလဲ ဆိုတာထက် .. တခါမှ မကြုံဘူးတဲ့ အဲဒီသောကကို စာရေးသူ ဘယ်လို
ဖြေနိုင်ခဲ့သလဲဆိုတာပြောချင်လို့ပါ။
စာမေးပွဲ ၄-ဘာသာကျပြီး ကျောင်းထုတ်ခံရတယ်ဆိုတဲ့
သတင်းကြားရတာနဲ့.. ဘဝမှာ မျှော်လင်းချက် များ ပျောက်ဆုံးသွားသလို၊ မိမိဘဝ
တစ်ခုလုံး ပျက်စီးသွားသလို့ ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ “ စာအုပ်..စာပေ လူ့မိတ်ဆွေ” ဆိုသလို စာရေးဆရာဖေဖြင့်ရဲ့ စိတ်ခွန်အား စိတ်အုပ်မှ . စာရေးသူ သောကကို ဖြေဆည်းပေးနိုင်ခဲ့ပါတယ်။ သူရဲ့ဆိုရိုးလေးက လွယ်လွယ်လေးပါ…၊ “ဘဝမှာ ကျရှုံးခြင်းကို ..ဆုံးရှုံးခြင်းဟု မသတ်မှတ်ပါနဲ့၊ ကျရှုံးခြင်းဟာ အောင်မြင်ခြင်းအတွက် လှေခါးထစ်များ သာဖြစ်တယ်” ဆိုတဲ့ အားပေးစကားလေးပါပဲ။
အဲဒီအချိန်မှာ “ စာအုပ်..စာပေ လူ့မိတ်ဆွေ” ဆိုသလို စာရေးဆရာဖေဖြင့်ရဲ့ စိတ်ခွန်အား စိတ်အုပ်မှ . စာရေးသူ သောကကို ဖြေဆည်းပေးနိုင်ခဲ့ပါတယ်။ သူရဲ့ဆိုရိုးလေးက လွယ်လွယ်လေးပါ…၊ “ဘဝမှာ ကျရှုံးခြင်းကို ..ဆုံးရှုံးခြင်းဟု မသတ်မှတ်ပါနဲ့၊ ကျရှုံးခြင်းဟာ အောင်မြင်ခြင်းအတွက် လှေခါးထစ်များ သာဖြစ်တယ်” ဆိုတဲ့ အားပေးစကားလေးပါပဲ။
စားရေးသူလည်း စိတ်ခွန်အား စာများဖတ်ပြီး
ငါဘာဆက်လုပ်မလဲလို့ စိတ်စွမ်းအားတွေ မွေးပြီး ဆက်လက် ခွန်အားစိုက် ကြိုးလိုက်တာ ဓမ္မစရိယဘွဲ့ရအောင်ယူနိုင်ခဲ့ပြီး ယခုဆိုနိုင်ငံခြားမှာတောင် သာသနာပြု နေပါပြီ။
၂)... ချစ်သူ
ရည်စား
ချစ်သူ ရည်းစာဘဝဆိုတာဟာလည်း .. သိပ်ကိုဆန်းကြယ်ပါတယ်..
မထင်မှတ်ပဲ ချစ်သူတွေ ဖြစ်တတ်ကြပြီး မထင်မှတ်တဲ့ အကြောင်းအရာတွေနဲ့ အကွဲ အပြဲဇာတ်လမ်းတွေ
သောကတွေ ဝေရတတ်ပါတယ်။
စာရေးသူ မိတ်ဆွေ တစ်ယောက်ဆို ဘာမှ စာမဖွဲ့လောက်တဲ့
မိဘဆွေမျိုးတွေ ၊ ညီအကို မောင်နှတွေ ကို ငွေရေးကြေးရေး ကူညီထောက်ပံ့ရင်းက အကွဲအပြဲ
ဇာတ်လမ်းတွေ အထိရောက်လာပါတယ်။ နောက်တော့ စာရေးသူရဲ့ ဖြောင်းဖြပေးမှုကြောင့် အဆင်ပြေသွားပါတယ်။
ချစ်သူသောကနဲ့ ပတ်သတ်လို့ ဘလော့( ဂ်) တခုမှာ ဖတ်ရတာ စိတ်ဝင်စားစရာပါ၊ သူတို့ ဇနီးမောင်နှံ့ဟာ .. မထင်မှတ်ပဲ .. ကျူရှင်ပြရာကနေ့
ချစ်သူတွေဖြစ်ကြပြီး ၊ လက်ထက်သွားကြတဲ့ ချစ်ဇာတ်လမ်းလေးပါ၊
စိတ်ဝင်စားစရာကောင်းတာက. ကောင်လေးက အသက်ငယ်ပြီး .. ကောင်မလေးကတော့
ကျူရှင်ဆရာမပါ၊ ချစ်သူဘဝ ၊ အိမ်ထောင်သည်ဘဝ အစပိုင်းမှာ .. အသက်ကြီးတဲ့ ကောင်းမလေးက
အစစအရာရာ ဦးဆောင်ပြီး အိမ်ထောင်ရေးမှာ သာယာ လှပခဲ့ပါတယ်။ သို့သော်လည်း အိမ်ထောင်သက် ၅နှစ်လောက်ရှိတဲ့အခါမှာ ..
ကောင်လေးက.. “ အမ.. ငါတို့ ကွာရှင်းပြက်စဲရအောင်လို့
ဆိုလာပါတယ်” တဲ့။
မ..ဖြစ်သူက ..တိုတိုပြောရရင် ဘာမှ ပြန်မမေးတော့ပဲ “မောင်က..
ကွားရှင်းချင်တယ်ဆိုလဲ မနက်ဖန် ရုံးမှာ လက်မှတ်ထိုပေးမယ်”လို့ လွယ်လွယ်ပဲ
အဖြေပေးလိုက်ပါတယ်” တဲ့။
မ .. တစ်ယောက် လွယ်လွယ်လေး အဖြေပေးခဲ့ပေမယ့် ဘာကြောင်းလဲ့ ဆိုတဲ့ မေးခွန်းနဲ့ အတူ ချစ်သူမောင့်ကို ခွဲရတော့မယ်ဆိုတဲ့ သောက စိတ်က လွမ်းမိုး နှိပ်စက်နေပါသတဲ့၊ မ.. တစ်ယောက်
တညလုံး မအိပ်ဘဲ အဖြေရှာပါတော့တယ်.. ။ကောင်လေးက.. ဒိုင်ယာရီ ရေးတတ်သူပါ ၊ နေ့စဉ်
တွေ့ကြုံခံစားရတာတွေကို မှတ်တမ်း ရေးတတ်ပါတယ် ၊ ဒါကြောင့် မ..တစ်ယောက် မောင်ရဲ့
ဒိုင်ယာရီ ကို အသဲအသံ ရှာပါတော့တယ် ၊ ဒိုင်ယာရီ ပထမပိုင်းမှာ မ..ကိုချစ်တဲ့
အကြောင်း .. မ..နဲ့အတူ အချစ်အိမ်ကလေး တည်ဆောက်မယ်ဆိုတဲ့ အကြောင်းစသည်ပေါ့၊
နောက်ပိုင်းမှာ .. မ,ဟာ မောင့်ကို တန်ဖိုး မထားကြောင်း၊ မောင်ဟာ .. ဒီအိမ်မှာ .. ဘာမှ မဟုတ်တဲ့ အကောင်ဖြစ်နေကြောင်း စသည်ဖြင့် ကောင်လေးက သူကို အသိအမှတ်အပြုမခံရတဲ့ နေရာပေး မခံရတဲ့ သောကတွေ ကောင်းမလေး ပြောမပြပဲ။ စာအုပ်ထဲမှာ သောက ရင်ဖွင့်စာတွေ ရေးထားပါ တယ်။ ဒါကို ကောင်မလေးက သဘောပေါက်လိုက်တာနဲ့ နံနက် အိပ်ရာ စောစောထပြီး ကောင်လေး ကြိုက်တတ်တဲ့ စားစရာတွေ အသင်ပြင်ထားပြီး ညကဖြစ်ပျက်ခဲ့တာတွေ ဘာမှ မဟုတ်သယောင် ကောင်လေးကို ပြုစု ယုယပါသတဲ့ ၊
ခါတိုင်းဆို နှစ်ယောက်လုံး အလုပ်လုပ်နေတာဖြစ်လို့ ၊ ကောင်မလေးက နောက်မှ အိပ်ရာမှ ထတက်တဲ့ အလေ့ရှိပါသတဲ့ ၊ ကောင်လေးရဲ့ အသိအမှတ်ပြု ခံချင်တဲ့ စိတ်ကို သဘောက်ပေါက်သွားတော့ မိးခလုတ် ဝါယာလေး ပျက်သွားတာက အစ.. ဧည့်ခမ်းမှာ မီးလုံးကျွမ်းသွားတာကအလယ်၊ ဘုရားစဉ်မှာ ပစ္စည်တွေ အတူရှင်းတာက အဆုံး ကောင်လေးးကို အိမ်ဦးနတ်အဖြစ် ရှေ့တမ်းတင်လိုက်တော့ သောကကင်းဝေးတဲ့ အိမ်းထောင်စု လေးဖြစ်သွားပါသတဲ့။
နောက်ပိုင်းမှာ .. မ,ဟာ မောင့်ကို တန်ဖိုး မထားကြောင်း၊ မောင်ဟာ .. ဒီအိမ်မှာ .. ဘာမှ မဟုတ်တဲ့ အကောင်ဖြစ်နေကြောင်း စသည်ဖြင့် ကောင်လေးက သူကို အသိအမှတ်အပြုမခံရတဲ့ နေရာပေး မခံရတဲ့ သောကတွေ ကောင်းမလေး ပြောမပြပဲ။ စာအုပ်ထဲမှာ သောက ရင်ဖွင့်စာတွေ ရေးထားပါ တယ်။ ဒါကို ကောင်မလေးက သဘောပေါက်လိုက်တာနဲ့ နံနက် အိပ်ရာ စောစောထပြီး ကောင်လေး ကြိုက်တတ်တဲ့ စားစရာတွေ အသင်ပြင်ထားပြီး ညကဖြစ်ပျက်ခဲ့တာတွေ ဘာမှ မဟုတ်သယောင် ကောင်လေးကို ပြုစု ယုယပါသတဲ့ ၊
ခါတိုင်းဆို နှစ်ယောက်လုံး အလုပ်လုပ်နေတာဖြစ်လို့ ၊ ကောင်မလေးက နောက်မှ အိပ်ရာမှ ထတက်တဲ့ အလေ့ရှိပါသတဲ့ ၊ ကောင်လေးရဲ့ အသိအမှတ်ပြု ခံချင်တဲ့ စိတ်ကို သဘောက်ပေါက်သွားတော့ မိးခလုတ် ဝါယာလေး ပျက်သွားတာက အစ.. ဧည့်ခမ်းမှာ မီးလုံးကျွမ်းသွားတာကအလယ်၊ ဘုရားစဉ်မှာ ပစ္စည်တွေ အတူရှင်းတာက အဆုံး ကောင်လေးးကို အိမ်ဦးနတ်အဖြစ် ရှေ့တမ်းတင်လိုက်တော့ သောကကင်းဝေးတဲ့ အိမ်းထောင်စု လေးဖြစ်သွားပါသတဲ့။
အချစ်ဆိုတာ.. တခါတစ်လေမှာ.. ကိုယ်က
အားလုံး ပေးဆပ်ခြင်းမဟုတ်ပဲ.. မျှဝေခံစားခြင်းလို့လည်း အဓိပ္ပါယ်ဖွင့်ရပါမယ်။
ဒါကြောင့် ချစ်သူတို့ ဘဝခရီးမှာ သောက ကင်းဝေအောင် အတူလျှောက်လမ်း ကြမယ်ဆိုရင်….
၃)
အိမ်ထောင်သည်ဘဝ…
သား၊ သမီးတွေနဲ့ ဝေဝေဆာဆာ အိမ်ထောင်သည်ဘဝဟာ .. တစ်ခါတလေတော့
သာယာကြည်ဖွယ်ရာပါ၊ တခါတလေတော့လည်း စိတ်ဆင်းရဲစရာ သောကတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။
တခါက မိသားစုတခုမှာ ယောကျာ်းဖြစ်သူက ..
တော်တော်ဆိုပြီး မိန်းမဖြစ်သူကို ဆဲဆိုကြိမ်းမောင်း ရိုက်နှက်ပါသတဲ့၊ ဒီလို
အမြဲမြင်တွေ့နေရတဲ့။ မိသားစုနဲ့
ရင်းနှီးတဲ့ ဘုန်းကြီးတစ်ပါးက.. ဒကာမကြီးကို မေးပါသတဲ့ “ ဒကာမကြီး .. ယောက်ျားဖြစ်သူက ဒီလောက်
ကြိမ်းမောင်ဆဲဆိုနေတာ… သိပ်သည်းခံနိုင်တာပဲနော် .. စိတ်မညစ်ဘူးလား” လို့မေးတော့။
ဒကာမကြီးက... “ မညစ်ပါဘူး ဘုန်းဘုန်းတဲ့ .. ၊ ဘုန်းဘုန်းမို့ ..မှန်တာပြောရရင် ..
သူ ဆဲဆိုကြိမ်းမောင်းတိုင်း ..
အိမ်သာထဲသွားပြီး သူတိုက်တဲ့ သွားတိုက်တဲ့ အိမ်သာ ဆေးလိုက်ရင်.. စိတ်ချမ်းသာ
သွားပါတယ်” လို့ဖြေသတဲ့။
ဆိုလိုတာက… အတူလက်တွဲနေမှတော့ .. အဖုအထစ်တွေဆိုတာ ရှိမှာပါ…
သောကနည်းစေဖို့ ဖြေဆေး နည်းလမ်းလေးတွေ ရှာရမှာပေါ့ ။ အရာရာတိုင်းဟာ
ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ပါ.. ကိုယ့်
စိတ်တိုင်းကျဖြစ်မယ်ဆိုရင်.. အလွန်ပူပြင်းတဲ့ နွေဆိုတာ ရာသီးသုံလီမှာ
ရှိတော့မှာဟုတ်ပါဘူး။
အိမ်ထောင်သည်ဘဝ သည်းခံ၊
ခွင့်လွတ်တတ်ကြမယ်ဆိုရင်…
မလ္လိကာ
တစ်ခါက...ဗန္ဓုလစစ်သူကြီးကတော်မလ္လိကာ.. သံဃာတော်တွေကို ဆွမ်းကပ်နေစဉ်
၊ ချီမ, လာတဲ့ ထောပတ်အိုးကြီး ကျကွဲသွားလို့ အရှင်သာရိပုတ္တရာက‘ကွဲတတ်သောအရာမှာ ကွဲပျက်ရသည်သာ၊ တွေး မပူးနဲ့ မလ္လိကာ’ လို့ ဆုံးမပါတယ်။
ထိုအခါ မလ္လိကာ..က မိမိခါးပိုက်မှ စာကိုထုတ်ပြပြီး “ တပည့်တော်
ခင်ပွန်းနဲ့အတူ သား သုံးဆယ့် သုံးယောက်လုံး အသတ်ခံရကြောင်း စာရပါလျှက် ဣနြေ္ဒမပျက် မပူပန်ပဲ ဤထောပတ်အိုး ကလေးများ အတွက်တာ ဘယ်မှာ
စိုးရိမ်ပူပန်ပါ့မလဲ” ဟု ပြန်လည်လျှောက်ထားသတဲ့။
မလ္လိကာရဲ့ သောကဖြေဆေးကတော့ သတိပဋ္ဌာန်တရားဖြစ်ပါတယ်. အရာရာကို
တွေးမပူတတ်ပဲ.. ပစ္စုပ္ပန် တည့်တည့်မှာ စိတ်ကိုထားတက်ခြင်းပင်ဖြစ်ပါတယ်။
အရာရာတိုင်းကို တွေးပူစရာ သောကဖြစ်စရာမလိုပဲ..
လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အဆင်ပြေအောင် ဆောင်ရွက်တက်ဖို့လိုပါတယ်။ ကမ္ဘာကြီး
ပျက်ဖို့ရာ တွေးပြီး သောကများနေမယ်ဆိုရင်..
၎) မိသားစု ဆုံးရှုံးပျက်စီး ဆုံးရှုံးရခြင်း
ဥရကဇာတ်မှာ .. သားသေဆုံးလို့ .. မငိုကြပဲ သောကမရှိ တည်တည်ကြည်ကြည်နဲ့ ဝိုင်ပြီး မီးသဂြိုဟ်
နေကြတဲ့ မိသားစုကို ကြည့်ပြီး အံသြလို့
သကြားမင်းက ခရီးသွားယောင် ဆောင်ပြီး သင်တို့ ဘာလို့ မငိုကြတာလဲလို့မေးပါသတဲ့။
ဖခင်ဖြစ်သူက.. မွေဟာ အရေဟောင်းကို စွန့်သွားသလို..
သားဟာ ဘဝဟောင်းကို စွန့်သွားတာပဲ၊ သားဟာ
သေးသွားတဲ့အတွက် ခန္ဓာဟောင်းကို မီးရှို့တာ မသိသလို ၊ မိသားစုတွေ သောကပူဆွေ ငိုနေတာကိုလည်း
သိမှာမဟုတ်တော့ပါဘူးလို့ဖြေပါတယ်။
မိခင်ဖြစ်သူက….သားလေးဟာ ငါတို့မိသားစုထဲကို
ခွင့်မတောင်းပဲ ဝင်လာတယ်၊ ယခုလည်း ခွင့်မတောင်းပဲ ထွက်သွားတာပဲ၊ သူသဘောအတိုင်း
သူဆောင်တာ သောကပူဆွေး ငိုကြွေး နေတော့လည်း ဘားထူးမှာလဲလို့ဖြေပါတယ်။
ညီမဖြစ်သူက…. သမီးငိုတော့လည်း သမီးပိန်ရုံပဲရှိမှာပေါ့..
နောက်တော့လည်း ဆွေမျိုးတွေ စိတ် ဆင်းရဲကြရုံးပဲမဟုတ်လားတဲ့။
ဇနီးဖြစ်သူကတော့… ကောင်းကင်က လမင်းရဖို့ တ..တပြီး ငိုကြွေးနေတဲ့ ကလေးလိုပဲ
မရနိုင်တော့တာကို တ, ပြီးငိုနေရင် ကလေးတစ်ယောက်လိုဖြစ်မှာပါလို့ ဖြေပါတယ်။
ကျွန်မဖြစ်သူကတော့…. ကွဲသွားတဲ့ အိုးဟာ ပြန်ဆက်လို့ မရတော့သလို
သေသူကို တပြီး ငိုတာဟာ ဘာအကျိုးမှ မရှိနိုင်ပါလို့ဖြေပါတယ်။
အားလုံရဲ့ သောကကင်းတဲ့
ဖြေသံတွေကြားရတော့ သကြားမင်းတစ်ယောက်လည်း မိမိသားစုရဲ့
ရဲရဲတောက် သည်းခံသတ္တိနဲ့ပညာကို သဘောကျလို့ သာဓုခေါ်ပါသတဲ့။
ဒါကြောင့် မဖြစ်နိုင်တော့တဲ့ အရာကို ..
တောင်းတမနေတော့ပဲ… ဖြစ်သင့်တာတွေကို ဆက်လုပ်ကြ မယ်ဆိုရင်
သောကဖြေနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ပူဆွေး သောကငှက်များ သင့်ခေါင်းပေါ်က ဖြတ်သန်း ပျံသွားခြင်းကို သင်တားဆီးနိုင်မည် မဟုတ်ပါ။
သို့သော်.. သင့်ခေါင်းပေါ်မှာ အသိုက်ဆောက် အခြေချ မနေအောင်ကား သင်တားဆီးနိုင်ပါသည်။ (တရုတ်စကားပုံ)
သောက ကင်းအောင်နေနိုင်ခြင်းဟာ မင်္ဂလာပါ ( ဗုဒ္ဓ )
No comments:
Post a Comment