Monday, March 5, 2012

သစ္စာတရား သိမြင်ခြင်းသည် မဂ်လာ...



Perception of Noble Truths

မြတ်စွာဘုရားဟာ သဘာဝအမှန်တရား ( သစ္စာလေးပါး) ကို သဗ္ဗညုတဥာဏ်တော်ဖြင့် ရှာဖွေတွေ့ရှိခဲ့ ပါတယ်။

  မြတ်စွာဘုရားမှ မဟုတ်ပဲ  အရိယာသူတော်စဉ်တိုင်း တရားဘာဝနာ ပွားများအား ထုတ်ခြင်းဖြင့် ဒီသစ္စာလေးပါကို သိမြင်နိုင်လို့ “အရိယာသစ္စာ” လေးပါးလို့ခေါ်ပါတယ်။


·         ၁)      ဒုက္ခသစ္စာ = ဆင်းရဲခြင်း အမှန်တရား
·         ၂)      သမုဒယသစ္စာ = ဆင်းရဲကြောင်းကို တက်မက်ခြင်းအမှန်တရား
·         ၃)      နိရောဓသစ္စာ = ဆင်းရဲကြောင်းကို ချုပ်ငြိမ်းခြင်း အမှန်တရား
·         ၄)      မဂ္ဂသစ္စာ =     ဆင်းရဲခြင်းမှ လွတ်မြောက်ရာ နည်းလမ်းအမှန်တရား။

ဘဝမှာ တွေ့ကြုံခံစားရတဲ့ ကောင်းတဲ့ အာရုံတွေပဲဖြစ်စေ ၊ ဆိုးတဲ့အာရုံတွေပဲဖြစ်စေ ဖြစ်ခြင်း ၊ ပျက်ခြင်းဆိုတဲ့ သဘာဝသစ္စာတွေနဲ့ ပေါင်းစပ်ထားလို့ ဆင်းရဲကြောင်းအမှန်တရားတွေပါပဲ။ 

ကောင်းသောအာရုံဖြစ်စေဦးတော့ အချိန်ပိုင်းအတွင်းမှာ … အဆိုးပြောင်လဲသွားနိုင်ပါတယ်။ ဥပမာ.. ချစ်ခြင်းမှ.. လွမ်းရခြင်း ၊ မုန်းရခြင်း၊ ခွဲခွာရခြင်း စတဲ့ စိတ်ဆင်းရဲစရာတွေနဲ့ ကြုံတွေ့ရတတ်တာ သဘာသစ္စာတရားပါ။

အဘိဓမ္မာသဘောအရ… တက်နှစ်သက်မှု တဏှာကြောင့်.. အာရုံလှလှလေးတွေကို ခံစားတတ်သလို.. ဒီတဏှာကြောင့်ပဲ အဆိုးဖက်ကို ပြောင်လဲသွားနိုင်ပါတယ်။  ဒါကြောင့် ဘဝပြဿနာ အထွေထွေကို ဦးဆောင်နေတာဟာ  လိုချင် တက်မက်မှု တဏှာပါပဲ။ 

အောက်ဖော်ပြပါ မဂ္ဂင်ကျင်စဉ်ကတော့ ဘဝလွတ်မြောက်ကြောင်ြး ဖစ်သလို ..    ခေတ်စကားနဲ့   ပြောရရင် တော့ ပျော်ပျော်ရွှင်ရွှင် ဘဝအောင်မြင်းကြောင်းနည်းလမ်းတွေလို့ဆိုရပါမယ်။

ü  ၁) သမ္မာဒိဋ္ဌိ    =       မှန်မှန်ကန်ကန် မြင်တတ်ခြင်း။
ü  ၂) သမ္မာသင်္ကပ္ပ =     မှန်မှန်ကန်ကန် ကြံစီတတ်ခြင်း။
ü  ၃) သမ္မာဝါစာ =        မှန်မှန်ကန်ကန် ပြောတတ်ခြင်း။
ü  ၄) သမ္မာကမ္မန္တ =       မှန်မှန်ကန်ကန်ကန် ပြုလုပ်တတ်ခြင်း။
ü  ၅) သမ္မာအာဇီဝ =     မှန်မှန်ကန်ကန်ကန် ဘဝရပ်တည်ခြင်း။
ü  ၆) သမ္မာဝါယာမ =     မှန်မှန်ကန်ကန်ကန် အားထုတ်ခြင်း။
ü  ၇) သမ္မာသတိ =       မှန်မှန်ကန်ကန်ကန် သတိထားခြင်း။
ü  ဂ) သမ္မာသမာဓိ =     မှန်မှန်ကန်ကန်ကန် တည်တည်ကြည်ကြည်ရှိခြင်း။

လူငယ်များအတွက် မဂ္ဂင်ကျင့်စဉ်

ဒီအရိယာမဂ္ဂင်ကျင့်စဉ်တွေဟာ … လောကမှ ထွက်မြောက်ကြောင်း အကျင့်သက်သက်မဟုတ်ပဲ ..  လောကကြီးပွားရာ ကြီးပွားကြောင်း အောင်မြင်ကြောင်း နည်းလမ်းကောင်းတွေလည်းဖြစ်ပါတယ်။
  အရိယာ ကျင့်စဉ်ကို “အလယ်အလတ် လမ်းစဉ်” လို့ခေါ်လို့ရပါတယ်။

နိုင်ငံရေး၊ စီးပွားရေး ၊လူမှုရေးနယ်ပယ် အသီးအသီးမှာ..  ဗုဒ္ဓရဲ့  အလယ်အလတ် လမ်းစဉ်ကြီးဟာ မရိုးနိုင်သော လမ်းပြမြေပုံကြီး သဖွယ်ဖြစ်နေပါတယ် ။ အမေရိကန်သမ္မတ.. အိုးဘားမာ ပထဆုံး အောင်ပွဲခံ မိန့်ခွန်းမှာ .. ကမ္ဘာကို သူက  “Mutual Respect and Mutual Interested”  အလယ်အလတ်လမ်းစဉ် ကျင့်သုံးမယ်လို့ မိန့်ခွန်း ချွေခဲ့ပါတယ်။ 

၁)  မှန်မှန်ကန်ကန် မြင်တတ်အောင်ကြည့်

အရာရာကို သဘာဝအတိုင်း မိမိနှင့် ပတ်ဝန်ကျင်ကို မှန်မှန်ကန်ကန်မြင်တတ်မယ်ဆိုရင် .. ဘဝမှာ စိတ်ဆင်းရဲ စရာဆိုတာ မရှိပါဘူ။ ဥပမာ.. လမ်းမှာတွေတဲ့ အရူးတစ်ယောက် ….အရှက်မရှိ ..ပြောချင်တာပြောနေတာကို အရူးပါလို့မြင်တတ်ပြီးခွင့်လွတ်တတ်ရင်.. ဘာကြောင့် လင်မယားချင်း ၊ မိတ်ဆွေအချင်းချင် အမှန်အတိုင်း မမြင်နိုင်စရာ အကြောင်းရှိလို့လဲ။

၂) မှန်မှန်ကန်ကန်တွေး

ကိစ္စများမြောင် လူတို့ဘောင်မှာ မှန်မှန်ကန်ကန် တွေးတတ်ဖို့လည်း  သိပ်အရေးကြီးပါတယ်။  အောင်မြင် ကြီးပွားလို သူဟာ လောကီစည်းစိမ် ကာမဂုဏ်အာရုံတွေကို အတ္တကြီးကြီးနဲ့ စွဲးလမ်း တက်မက်နေမဲ့အစား ပညာသားပါပါ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ သဘာဝကျကျ တွေးခေါ်တတ်ဖို့လိုပါတယ်။ 

က)     တွေးတိုင်း အတ္ထမဆန်ပဲ ..  သူတစ်ပါးအတွက်ကောတွေး
ခ)       မုန်းတီးမှု ၊ ဒေါသတွေကို ထိမ်းသိမ်းနိုင်မယ့် မေတ္တာ ၊ စိကောင်းစေတနာကောင်းနှင့်တွေး
ဂ)       ရုတ်ရင်းကြမ်းတမ်းသော မဖြစ်မှ ကင်းဝေးစေမယ့်  ကြင်နာတတ်သော အတွေးများကို များများ တွေးပါ။ 

ဒီလိုတွေးခေါ်တတ်မယ်ဆိုရင် ဘဝမှာ တိုးတက်အောင်မြင်မယ်..ပတ်ဝန်းကျင်ရဲ့ ချစ်ခင်ကြင်နာခြင်းကို လည်း  ခံရပါလိမ့်မယ်။

၃) မှန်မှန်ကန်ကန်ပြော

မှန်မှန်ကန်ကန် ပြောဆိုခြင်းဟာ  အမှန်တရားကို အလေးထားခြင်းနဲ့ သူတပါး အကျိုးစီးပွား   ဆောင်ရွက်ရာလည်း ရောက်ပါတယ်။  မုသားကင်းရမယ်၊ ကြမ်းကြမ်းတမ်းတမ်းမပြောရဘူး ၊ ဂုံးမတိုက်ရဘူ၊ အကျိုးမရှိတဲ့ အသင်းအတင်း သူများအကြောင်းတွေကို မပြောရပါဘူး။ 

A harsh word can wound more deeply than weapons, whereas  a gentle word can change the heard and mind of the most hardened criminal.

ကြမ်းတမ်းတဲ့ စကားဟာ လက်နက်ထက် ဒဏ်ရာပြင်းသလို… နူးညံ့သိမ်မွေ့တဲ့ စကာကလဲ ရာဇဝတ် သားတွေရဲ့ နှလုံးသားကို ပြောင်းလဲစေပါတယ်။  ဒါကြောင့် မိမိပြောတဲ့ စကားတိုင်းမှာ မှန်ရမယ် .. ညီညွတ်ရေးကို ဆောင်ရမယ်၊ အဓိပ္ပါယ်ရှိရပါမယ်။

မြတ်စွာဘုရားက ဓမ္မပဒမှာ..

Present speech is sweet as honey ,  Truthful speech is beautiful like flower, and  Wrong speech is unwholesome like filth.

သယာတဲ့ စကာသံဟာ ပျားရည်လို၊ ချိုသလို မှန်ကန်တဲ့ စကားလုံတွေဟာလည်း ပန်းကလေးလို လှပပါတယ် ၊ ဒါပေမဲ့ မုသား စကားလုံးတွေကတော့ စိတ်ဆင်းစရာကောင်းပြီး  မစင်လိုပါပဲတဲ့။ 

၎) မှန်မှန်ကန်ကန်လုပ်..

မှန်မှန်ကန်ကန်လုပ်ဆိုတာ.. ဘဝကို ၊ ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားရမယ် ၊ အိမ်ထောင်ရေး ၊ သားသမီး ဆက်ဆံရေး စသည်တွေမှာ လေးစားရမယ်။ ဗုဒ္ဓဘာသာနည်းအရ အတိုချုပ်ပြောရရင်တော့ ငါးပါးသီလ လုံရပါမယ်။ 

၅) မှန်မှန်ကန်ကန် ဘဝရပ်တည်

မှန်မှန်ကန်ကန် ဘဝရပ်တည်ဆိုတာ အထက်မှာ ဖြော်ပခဲ့တဲ့ ကိုယ်ကျင့် သီလတွေနဲ့ လိုက်လျောညီ   ထွေ နေနိုင်ရင်.. မှန်မှန်ကန်ကန် ဘဝရပ်တည်နေတာပါပဲ။ 


ဗုဒ္ဓကတော့ အောက်ဖော်ပြပါ ဘဝရပ်တည်မှုတွေကို အားမပေးပါဘူး

*      လူရောင်းဝယ်ခြင်း
*      လက်နက်ရောင်းဝယ်ခြင်း
*      အသားငါးရောင်းဝယ်ခြင်း
*      မူးရစ်ဆေးဝါးရောင်းဝယ်ခြင်း
*      အဆိပ်ရောင်းဝယ်ခြင်းတို့ဖြစ်ပါတယ်။  

တချို့က မေးကြတယ်… ဒီအရောင်းအဝယ်လုပ်ငန်းတွေက.. ဘဝရပ်တည်ရေးအတွက် စီးပွားရေး လုပ်ငန်းပဲ ဘာအပြစ်ကို ကျုးလွန်ရာရောက်လို့လည်းလို့.. ဒါဆိုရင် သူခိုး၊ လူသတ်သမား ၊ သေနတ်သမားတွေကလည်း ပြောကြမှာပေါ့ ..ငါတို့လည်း ဘာအပြစ်မှ မရှိဘူး ဘဝရပ်တည် ရေးအတွက် လုပ်ကိုင်စားသောက်နေတာလို့။ 

ဒါကြောင့်မြတ်စွာဘုရားက ဓမ္မပဒမှာ .. ကိုယ်ကျင်သီလမရှိဘဲ အသက်တရာ နေရခြင်းထက် ကိုယ်ကျင့်သီလ ပြည့်စုံစွာနဲ့ တစ်ရက်တည်း ဘဝမှာ နေရတာက မြတ်ပါတယ်တဲ့။

၆) မှန်မှန်ကန်ကန် အားထုတ်

ပညာပဲသင်သင် ၊ အသက်မွေးဝမ်းကြောင်း စီးပွားရေးပဲလုပ်လုပ် ၊ တရားပဲ အားထုတ်ထုတ် စိတ်ပါဝင်စားစွာ မှန်မှန်ကန်ကန် အားထုတ်ရင် အကျိုးအမြတ်ဆိုတဲ့ အောင်မြင်တွေ ရရှိမှာပါ။ 

မှန်မှန်ကန်ကန်အားထုတ်ခြင်းဖြင့် စိတ်ညစ်စရာ ၊ စိတ်ဆင်းစရာတွေ ကင်းဝေးစေပြီး စိတ်ကောင်း   စေတနမှန်တွေ တိုးပွားလာမှာဖြစ်ပါတယ်။ 

၇) မှန်မှန်ကန်ကန် သတိထား

သမ္မာသတိ လမ်းစဉ်ကတော့ ဗုဒ္ဓဘာသာမှာ အရေးအကြီးဆုံးပါ။ ဒါကြောင့် ရှေးလူကြီးများက သွားသတိ၊ စားသတိ ၊လာသတိလို့ … အရာရာမှာ သတိထားဖို့ ဆုံးမခဲ့ပါတယ်။
မိမိပတ်ဝန်ကျင်မှာ သတိနဲ့ပြော ၊ သတိနဲ့လုပ် ၊ သတိနဲ့ကြံစည်ရင်  စိတ်တွေကြည်လင်ပြီး ဘဝမှာ စိတ်ညစ်စရာတွေ ပျောက်ကင်းမှာဖြစ်ပါတယ်။

၈) မှန်မှန်ကန်ကန် စိတ်ကို တည်တည်ကြည်ကြည်ထား

သမ္မာသတိဆိုတာ ..စိတ်မှာဖြစ်စေ.. ကိုယ်မှာဖြစ်စေ.. ကိုယ်လုပ်နေတဲ့ အလုပ်မှာဖြစ်စေ.. အာရုံတစ်ခုတည်းမှာ စူးစူစိုက်စိုက် လုပ်ခြင်းဖြစ်ပါတယ်။  လူငယ်များ ပညာသင်တဲ့အရွယ်မှာ အရုံတွေ မထွေပြားစေဖို့ ပညာရေးမှာ စူးစူစိုက်စိုက် သမ္မာသတိထားဖို့လိုပါတယ်။ 

သမ္မာသမာဓိရှိခြင်းအားးဖြင့်..ပထမ.. စိတ်ရော ကိုယ်ပါ သက်သက်သာ တည်တည် ကြည်ကြည်ရှိမယ်။ ဒုတိယအနေနဲ့  စိတ်တွေကြည်လင်နေတဲ့အတွက် သဘာဝအရှိကို အရှိတိုင်း မြင်တတ်ပြီး စဉ်းစား  ဆင်ခြင်တတ်တဲ့ ပညာဥာဏ်ကို ရရှိမှာဖြစ်ပါတယ်။ 

ဒါကြောင့် အောင်မြင့်ရေးအတွက် မြတ်စွာဘုရား ဟောကြာတဲ့  အရိယာသစ္စနဒဿနမင်္ဂလာကလည်း အထောက်အကူးပြုကြောင်းပါ။

No comments:

Followers

My Blog List