မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓနှင်အတူ .. ဘုရားပြိုင်းများရှိခဲ့၏
သို့သော်လည်း သူတို့သည် သဗ္ဗညု ဗုဒ္ဓများမဟုတ်ကြ။ ဘုရားပြိုင်များတွင် နိဂဏ္ဍ၏
ဝါဒသည် ဗုဒ္ဓဝါဒနှင့် နီးစပ်သယောင်ရှိ၏။ သို့သော် အနှစ်သာရကား လုံးဝ
ကွဲပြားခြားနာကြ၏။
ဗုဒ္ဓက .. ကာယကံ ၊ ဝစီကံ ၊ မနောကံ ဟု ကံသုံးပါး သတ်မှတ်၏။
နိဂဏ္ဍက… ကာယဒဏ် ၊ ဝစီဒဏ်၊ မနောဒဏ်ဟု ဒဏ်သုံးပါးသတ်မှတ်၏။
အမည်သာ ကွဲပြားသော်လည်း သုံပါး သတ်မှတ်ပုံခြင်းကာ အတူတူသာဖြစ်၏။
သို့သော်.. ဗုဒ္ဓက ..စိတ်ဖြင့် ကျူးလွန်သော ( မနောကံ) ကသာ အပြစ်ကြီးကြောင်း ဟောပြော၏ ၊
နိဂဏ္ဍက .. ကိုယ်ဖြင့် ကျူးလွန်သော ( ကာယဒဏ် ) ကသာ အဖြစ်ကြီးကြောင်း ဟောပြော၏။
ထိုအယူဝါဒကွဲပြားမှုနှင့် ပတ်သတ်၍ .. မြတ်ဗုဒ္ဓ နှင့် နိဂဏ္ဍရဲ့ တပည့် ဥပါလိတို့ ဝါဒပြိုင်ကြ၏။
ဗုဒ္ဓ။ ။ ဥပါလိ .. ဝါဒပြိုင်ပွဲမှာ သင်ဟာ စစ်သူကြီးအနေနှင့် ပြောမည်လော့ ..
သို့မဟုတ် .. ပညာရှိနေရာမှ နေ၍ ပြောမည်လော့။
ဥပါလိ။ ။ အရှင်ဂေါတမ.. စစ်သူကြီးနေရာဟူသည် အဘယ်နည်း ၊
ပညာရှိနေရာဟူသည် အဘယ်နည်း။
ဗုဒ္ဓ။ ။ စစ်သူကြီး နေရာဟူသည် တစ်ဖက်က ယုတ္တိရှိရှိ မှန်မှန်ကန်ကန်
တင်ပြသော်လည်း လက်မခံဘဲ မိမိဘက်ကနိုင်လျှင် ပြီးရောဟု
ဆွေးနွေးခြင်းမျိုးတည်း။ ပညာရှိနေရာဟူသည်.
.မှန်လျှင်.. မှန်သည့်အတိုင် ၊မှားလျှင် မှားသည့်အတိုင်း
ဝန်ခံ၍ ပြောဆိုဆွေးနွေးခြင်းမျိုးတည်း။
ဥပါလိ။ ။ ပညာရှိနေရာမှ နေ၍ ပြောဆို ဆွေးနွေးပါမည်။
ဗုဒ္ဓ။ ။သို့ဖြစ်လျှင် ဆွေးနွေးပွဲ စကြစို့
ဗုဒ္ဓမေး။ ။ သင့်တို့ဆရာ နိဂဏ္ဍ ညစဉ် လမ်းလျှောက်တိုင်း စိတ်မပါပဲ ပိုးရွတို့ကို နင်းခြေ သတ်ဖြတ်၏၊
သင်တို့ဝါဒအတိုင်း အပြစ်အကြီးဆုံး ကာယကံဖြင့် သတ်ဖြတ်မိပြီ။ သိုသော်
မနောကံမပါလိုက် .သင့်ဆရာမှာ အပြစ်ရှိသလား။
ဥပါလိဖြေ။ ။ သေစေလိုသော စိတ်စေတနာ မပါသည့်အတွက် ပိုးရွတို့ကို နင်းမိသော
ဆရာကြီးမှာ .. အပြစ်မရှိပါ။
ဗုဒ္ဓ။ ။ ဥပါလိ စဉ်းစားဖြေပါ.. ၊ သင့်အဖြေဟာ..မနောကံထက် ကာယကံက
ပိုအပြစ်ကြီး သည်ဟူသော သင်တို့ အယူဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။
နောက်.. မေးခွန်းတစ်ခု ထပ်မေးပါဦးမယ်..။
ဗုဒ္ဓမေး။ ။ ဥပါလိ.. လူတစ်ယောက်သည် ထက်လှသော ဓားတစ်ချောင်းကို ကို၍ ဒီမြို့တွင်းက လူတွေ
အားလုံး တစ်ခဏခြင်း အသားတစ်ပုံ ၊ အရိုးတစ်ပုံစီဖြစ်အောင် ခုတ်သတ် နိုင်ပါမလား။
ဥပါလိဖြေ။ ။ ကုဋေချီ၍ များပြာလှသော လူများကို တခဏခြင်း တစ်ယောက်တည်း အရိုးတစ်ပုံ ၊
အသားတစ်ပုံဖြစ်အောင် မခုတ်သတ်နိုင်ပါ။
ဗုဒ္ဓမေး။ ။ စိတ်တန်ခိုးရှိသော ရသေ့ ဒေါသကြောင့် မီးလောင်ပြာကျပြီး ကမ္ဘာလောကမှ
ကွယ်ပျောက်သွားခဲ့သော မြို့ရွာများ အကြောင်းကို သင်ကြားဖူးရဲ့လား။
ဥပါလိဖြေ။ ။ ကြားဖူးပါတယ်။
ဗုဒ္ဓမေး။ ။ စိတ်တန်ခိုးရှင်က ဒီမြို့က လူတွေ တစ်ခဏချင်း မီလောင်ပြာကျအောင် လုပ်နိုင်သည်ဟု
ပြောခဲ့လျှင် သူပြောသည့်အတိုင်း လုပ်နိုင်ပါမလား။
ဥပါလိဖြေ။ ။ လုပ်နိုင်ပါတယ်။
ဗုဒ္ဓ။ ။ ဥပါလိ .. စဉ်းစားဖြေပါ.. သင်အဖြေတွေက.. သင်တို့ ယူဆထားသော ကာယကံသာ
အပြစ်ကြီးသည်၊ မနောကံ အပြစ်မကြီးဟူသော အယူဝါဒနှင့်
ရှေ့နောက် ဆန့်ကျင်နေပါတယ်။
ဗုဒ္ဓက .. စိတ်သာအရေးကြီးကြောင်း ဥပမာ (၃) မျိုးဖြင့် ဟောကြားခြင်းကြောင့် ..
ဥပါလိသည် အယူဝါဒ အမှန်ရကာ .. ဗုဒ္ဓတပည့်အဖြစ်ခံယူတော်မူသည်။
အရာရာတိုင်းမှာ စိတ်သာ အရေးကြီးကြောင်း ဘုရားဟောတော်မူပါတယ်။

ဝါဒပြိုင်ပွဲ

No comments:
Post a Comment