ကနေဒါနိုင်ငံ၊
ဗန်ကူးဘားမြို့
မြန်မာဗုဒ္ဓဘာသာ အသင်းမိသားစု၏ ဦးဆောင်မှုဖြင့်ုမြတ်ဗုဒ္ဓသာသနာ ဗုဒ္ဓရံသီ ဘုန်းတော်ကြီး ကျောင်းပေါ်ပေါက်လာသည်မှာ ၂-နှစ်ကျော် ၃-နှစ်ခရီးတိုင်ရောက်ခဲ့ပါပြီ။
သက်တမ်းအားဖြင့် တိုတောင်းလှသော်လည်း သာသနာရေးဆောင်ရွက်ချက်
၊ အမျိုး ၊ ဘာသာ ယဉ်ကျေးမှုဆောင်ရွက်များကား ထူးခြားလှပါဘိ။
2011- ခု အသင်းကြီး၏ အမျိုးဘသာသာ၊
သာသနာ ဆောင်ရွက်ချက်မှာ…..
“သာသနာရေရှည်တည်ဖို့ ကျောင်းကန်
စေတီ၊ အဆောက်အဦးထက် မျိုဆက်သစ်များအား ဓမ္မကိုလက်ဆင့်ကမ်းဖို့ လိုအပ်သည်ဟု”…. ဆရာတော်များလမ်းညွှန်ချက်နှင့်အညီ…
၂၀၁၁ ခုနှစ် ဇန္နဝါရီလ (၉) ရက် တနင်္ဂနွေနေမှစ၍ မျိုးဆက်သစ် ကလေးများအတွက် ဓမ္မသင်တန်းကိုဖွင့်လှစ်ခဲ့ရာ
ကျောင်းသား ပါင်း ၂၀ ကျော်တက် ရောက်ခဲ့ပြီး မြန်မာဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံ ဘုရားရှိခိုး
၊ မန်မာစာ များးကို သင်ကြားပေးခဲ့ပါသည်။
၂၀၁၁-ခုဒီဇင်္ဘာလကစ၍ လူကြီးများအတွက်လည်း
တနင်္ဂနွေ နေ့တိုင်း နေ့လည် (၁)နာရီတွင် အဘိဓမ္မာသင်တန်းကိုစတင်ဖွင့်လှစ်သင် ကြားပေးနေပါပြီ။
အဘိဓမ္မာကို စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်း ကောင်းပါး အပ်ပါသည်။
ကလေးများအတွက် ဒုတိယဆင့် ဓမ္မသင်တန်းကို Spring Berak
တွင် ပြန်လည်သင်ကြားဖို့ စီမံဆောင်ရွက် လျှက်ရှိပါတယ်။ ကျောင်းသားမိဘများလည်း ဓမ္မသင်တန်းကို ပါဝင်ကူညီ
ဆောင် ရွက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ကလေးများကို တနှစ်တာ တနင်္ဂနွေ နေတိုင်းတွင် ဗုဒ္ဓရံသီဆရာတော်
ဦးဆောင်ကာ သင်ကြားပေးခဲ့ပြီး
စက်တင်္ဘာလတွင် နုတ်ဖြေ / ရေးဖြေ စာမေးပွဲကို ကျင်းပ ခဲ့ရာ ကျောင်းသားပေါင်း (၂၄) ရောက်
ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
စက်တင်္ဘာလတွင် နုတ်ဖြေ / ရေးဖြေ စာမေးပွဲကို ကျင်းပ ခဲ့ရာ ကျောင်းသားပေါင်း (၂၄) ရောက်
ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
အောက်တို့ဘာလ ဘိုးဘွားများ ပူဇော်ပွဲတွင်.
ဓမ္မသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် ဆုများပေးအပ်ပွဲ အခမ်းအနာကျင်းပရာ
ပထမဆုကို ဗုဒ္ဓရံသီ ဆရာတော်မှလည်းကောင်း ၊ ဒုတိယဆုကို ကျေးဇူးတော်ရှင် ထိုင်ဝမ်ဆရာေ
တ်ာမှ
လည်းကောင်း၊တတိယဆုကို မြန်မာဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဦးမြင့်ဦးမှလည်းကောင်း ကျန်ဆု ငွေများကို မန်မာဗုဒ္ဓဘာသာအသင်းမိသားစုနှင့် ဦးထွန်းမြင့် + ဒေါ်ကေသီးဦးမိသားစု မှလည်းကောင်း
အသီးသီးချီးမြှင်းကြပါသည်။ 2011-ခု ဓမ္မသင်တန်းသားများနှင့် ဘိုးဘွားများ ပူဇော်ပွဲအတွက်
$
2,000 ကျော်လှူဒါန်းခဲ့ပါတယ်။
ဖေဖော်ဝါရီလတွင် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို ကျင်းပခဲ့ပြီး
၊ နှစ်ပတ်လည် နိဗ္ဗာန်ဈေးသုံးကြိမ်ကျင်းပ ရာ ကျောင်းတော်ကြီးအတွက်
$ 8,000 ကျော်လှူဒါန်း နိုင်ခဲ့ပါတယ်။
နိဗ္ဗာန်ဈေး အလှူရှင်များကို အသင်းကြီးမှ Official Tax Receipt များထုတ်ပေးနေပြီး ဗုဒ္ဓရံသီဆရာတော်ထံတွင်လည်းကောင်း ၊ အသင်းအမှုဆောင်များထံတွင်လည်းကောင်
လာရောက်ယူနိုင်ပါသည်။
2012 နှိဗ္ဗာန်ဈေးရောင်းပွဲများတွင်လည်း ကုသိုလ်ပါဝင်ကြဖို့
တိုက်တွန်းအပ်ပါသည်။
2012-ခု ဇွန်လ ၁၆ ၊ ၁၇ ၊ ၁၈ ရက်များတွင်းလည်း သုံးရက်တရားခစန်း
ကျင်းပမည်ဖြစ်၍ စိတ်ဝင်စားသူများ လာရောက်
စုပေါင်းတရားထိုင်ရန်
ဖိတ်ခေါ်အပ်ပါတယ်။
စုပေါင်းရှင်ပြုပွဲကျင်းပရာ
ရှင်သာမဏေ
(၄) ပါး ယောဂီ (၅) ပါး ဝတ်ကြပြီး (၉) ရက်တိုင်တိုင် ဗုဒ္ဓတရားတော်များကို ကျင့်ကြံပွား များကြသည်မှာ ဝမ်းသာပီတိဖြာရပါတယ်။
(၄) ပါး ယောဂီ (၅) ပါး ဝတ်ကြပြီး (၉) ရက်တိုင်တိုင် ဗုဒ္ဓတရားတော်များကို ကျင့်ကြံပွား များကြသည်မှာ ဝမ်းသာပီတိဖြာရပါတယ်။
1012 ဇူလှိုင်လတွင်လည်း စုပေါင်းရှင်ပြုပွဲ ပြုလုပ်မည်
ဖြစ်၍ ကိုရင်၊ သီလရှင် ၊ ယောဂီဝတ်လိုသူများ ဗုဒ္ဓရံသီဆရာတော်ထံတွင် ဆက်သွယ်နိုင်ပါတယ်။
နွေရာသီ
ကလေးများ ကျောင်းပိတ်ရက်တွင်လည်း ယောက်ျားလေးများ တစ်ပတ် ၊ မိန်းကလေးများ တစ်ပတ် နံက်(၉)
နာရီးမှာ ညနေ(၅) နာရီအထိ တစ်နေကုန် ကျောင်းတော်ကြီးတွင် မြန်မာစာ ၊ ယဉ်ကျေးမှု စာပေများ
သင်ကြားပေးခဲ့ပါတယ်။ ဤသင်တန်းများ
အကျိုးဆက်ကြောင့် ကလေများ ဘုရား ၊ တရားကိုနာလည်ခြင်း ၊ မြန်မာမိသားစု တစ်ဦးနှင့်တစ်ဦး
ပိုမိုရင်းနှီးမှုများရရှိခြင်း
၊ မြန်မာစိတ်ဓာတ်များ ထက်သန်လာခြင်းများဖြင့် လောကအကျိုး သာသနာအကျိုးကို ဆောင်ရွက်ရာရောက်ပါတယ်။
ကျေးဇူးတော်ရှင် အမရပူရဆရာတော် အရှင်ဇနကာဘိဝံသက ကလေးများအတွက်
အလေးထား၍ ဆုံးမသြဝါဒ ပေးခဲ့သည်မှာ..
ကြီးရင့်က လိမ္မာမည်၊
မလိမ္မာ ပြုထောင်စုလျှင်
ကောင်းမှု့ မတည်၊
ကလေးတို့ နေပြည်
တည်စေဖို့ စိတ်စော၊
နံက်မင်္ဂလာနှင့်
နေ့မကွာ ညဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသား။
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား၊
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတသေ တည်ရှိနေသို့၊
ဖေ၊မေသွေးသား ကလေးမျာ၌၊
ဘုရားတံဆိပ် ဘာသာစိတ်ကို၊
ခတ်နှိပ်နိုင်မှ သက်ဆုံးကြအောင်၊
ဗုဒ္ဓဝါဒီ
စွဲ၍တည်မည်
ကိုယ်စီ ခတ်နှိပ်ကြစေသတည်း။ ( အရှင်ဇနကာဘိဝံသ)
မိမိတို့ ချစ်လှစွာသော သား၊သမီးများ လိမ္မာယဉ်ကျေးဖို့၊
ဘဝနောင်ရေး စိတ်အေးရစေဖို့ ငယ်ရွယ်စဉ် အချိန်မှစ၍ သင်တန်းဆရာလည်း ရှိုခိုက် ၊ လုံးလစိုက်၍
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ပို့ပေးပါရန် တိုက်တွန်း အပ်ပါတယ်။
2011-ဇူလှိုင်လတွင်
အသင်းကြီး၏ အမှုဆောင်များ(၂)တာသက်တမ်း ပြည့်သည့်အတွက် အမှုဆောင် အသစ်များထပ်မံ ရွေးချယ်တင်မြောက်ရာ
ကိုစိန်ထွန်း (ဥက္ကဋ္ဌ) ကိုကိုလေး ( ဒု- ဥက္ကဋ္ဌ) ကိုကျော်ကျော်(
အတွင်းရေးမှူး) စသည်ဖြင့် အသင်းကြီး၏ အမှူဆောင်သစ်များ ထပ်မံ အားဖြည့်ထားရာ
2012- 2014 တွင်
အမှူဆောင်များ (၁၄)ဦးထိ တင်မြှောက်ထားပါတယ်။ အသင်းကြီး၏ အမှူဆောင် စာရင်းတွင် မပါဝင်သော်လည်း ဗုဒ္ဓရံသီကျော်းတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက်
အားလုံး ဝိုင်းဝန်
ကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ကိုသက်၊ ကို စမွတ် ကိုကျော်ကျော် တို့ဦးဆောင်မှုဖြင့် Garage နှင့် ယာယီ သိမ်တို့ကိုတည်ဆောက်ခြင်း။
ကိုတင်နွယ် အဖွဲ့
ဦးဆောင်မှုဖြင့် မိးဖိုချောင် ပြန်လည် ပြုပြင်မွန်မံခြင်း၊ ကိုအပုလေး၊ ကိုညွန့်အောင် ၊ ကိုမင်္ဂလာ ၊ ကိုအာစူး၊ ကိုသန်းထိုက် ကိုသန်းဝင်းစသော အသင်းသားများ ဦးဆောင်မှုဖြင့် ခြံစည်းရိုး
သစ်ပင်များစိုက်ခြင်းများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ထိုအပြင် ဦးမြင့်ဦး ၊ ဦးစိန်သောင်း ၊ ကိုကိုလေးတို့ဦးဆောင်မှုဖြင့်
တိုးချဲဆောင်ကိုလည်း တိုးချဲ့နိုင်ခဲ့ပြီး ကုန်းကျစရိတ်များကို တိုရန်တို မဟာဓမ္မိကကျောင်းဆရာတော်မှ
လှူဒါန်းပါတယ်။
အောက်တိုဘာတွင်
ဒုတိအကြိမ် စုပေါင်း မဟာဘုံထိန်ပွဲကို
ကိုသန်းဝင်း
+ မိငယ်မိသားစုမှ လှူဒါန်းကြပြီး ၊ ကိုကိုလေး+
မနော်မူး မိသားစုမှ ရဟန်းခံရှင်ပြုပွဲ ကျင်းပရာ ရဟန်း (၅) ပါး ၊ ကိုရင် (၁) ပါး သာသနာ့ဘောင်သို့
( ၉) ရက်တာ ရဟန်းတရားများကို ပွားများစေနိုင်ခဲ့ပါတယ်။
နောက်နှစ်များတွင်လည်း
ဒုလ္လဘ ရဟန်းပြုလိုသူများ အသင်းကြီးမှ အဆင်းပြေအောင် ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါး
အပ်ပါတယ်။
မြတ်စွာဘုရားမှ
ဒုလ္လဘတရား ငါးပါးဟောကြားရတွင်..
(၂) ဗုဒ္ဓပွင့်သောကာလနှင့် ကြုံရခဲသည်
(၃) သူတော်ကောင်း တရား
ကြားရခဲသည်
(၄) ရဟန်းဘဝ ရခဲသည်၊
(၅) ယုံကြည်မှု သဒ္ဓါတရားနှင့်
ပြည့်စုံခဲသည်
မြတ်ဗုဒ္ဓသာနာနှင့်
ကြုံကြိုက်ရာအခါဖြစ်၍ ရခဲသော ရဟန်းအဖြစ်ကို မိမိတို့ တတ်စွမ်းသလောက် ကျင့်ကြံ ကျိုးကုတ်
အားထုတ်းဖို့လည်း အသိပေးနိုးဆော်အပ်ပါတယ်။
နိဗ္ဗာန်ဈေးမို့
စားလို့
ရောင်းလို့
လှူဒါန်းစို့
တပိုတွဲလမှာ
ထမနဲ ထိုကြသည် ၊
ကုသိုလ်းလည်း ရ
ဝမ်းလည်း ဝ
ဝိုင်းဝန်း
ကူညီကြ
ဗုဒ္ဓရံသီကျောင်းတော်ကြီးအား လစဉ်လှူဒါန်းကြ သော အလှူရှင်များ ၊ ဆွမ်းအလှူရှင်များအားလည်း
ကျန်းမာစေကြောင်း ၊ ချမ်းသာစေ ကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါတယ်။ နှစ်စဉ် နှစ်တိုင် လစဉ် မပျက် ဆက်လက်အာေးပး လှူဒါန်းပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်အပ်တယ်။
No comments:
Post a Comment