Tuesday, February 8, 2011

သူငယ်ချင်း စာဥထံပေးစာ (၂)

ချစ်စွာသော သူငယ်ချင်းစာဥ..

ပြီးခဲ့တဲ့ စာထဲမှာ ကနေဒါနိုင်ငံရဲ့ အခြေခံအုပ်ချုပ်ပုံစနစ်ကို ပြောခဲ့တယ်နော်.. ဒီစာထဲမှာတော့ ကနေဒါလူမျိုး တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစမ်ကိုပြောပါမယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ ဒါပေမယ့် သာဓုတို့ ကျောင်းမှာတွေ့ရတဲ့ ထူးဆန်းတဲ့ စရိုက်တွေကိုပဲပြေပြမယ်နော်။


ကနေဒါနိုင်ငံမှာ အများစုက အဖြူတွေဖြစ်ပေမယ့် တို့လို နိုင်ငံတကာလာတဲ့ တရုတ်၊ ကုလား၊ ရှရှား၊ ၊ ကိုရီယား၊ ဂျပန် စသည် လူမျိုးတွေ အများကြီးပါပဲ။တချို့ ကနေဒီယန်တွေက သိပ်ထူးဆန်းတာပဲဟ - လူတွေမြင်တိုင်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြုံးပြတတ်ကြတယ်။ ဒါပေမယ့် ရှရှားလူမျိုးတွေကတော့ ဒီလိုမဟုတ်ဘူး ၊သူတို့ကတော့ တစ်ခါတစ်ရံ ပျော်စရာ အကြောင်းအရာတွေနဲ့ တွေ့မြင်ရမှ ပြုံးတတ်တယ်ဟ။ ငါ့သူငယ်ချင်း Marianne “မင်းတို့ လူမြင်တိုင်း ဘာလို့ပြုံးတာလဲလို့” မေးတော့ “အဲဒီ အပြုံဟာ လက်ဆောင်တဲ့” ငါအတွက်တော့ တမျိုးကြီးပဲ။


Marianne ဟာ အမြဲတန်းပြုံးနေတာပဲ။ တစ်ခါတစ်ရံ သူစိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင်မှ ခပ်ပြုံးပြုံးပဲ။ “ဟဲ.. Marianne မင်း စိတ်ညစ်တယ်လဲပြောတယ် ဘာလို့ပြုံးနေတာ လဲလို့” ငါကမေးတော့။ ပြုံးစိစိနဲ့ .. မသိဘူးလေတဲ့။


နောက်ထူးဆန်းတာ တစ်ခုကတော့ လူတွေ့တိုင်း “ နေကောင်းရဲ့လား” လို့မေးကြတယ်။ ဒါပေမယ့် သူတို့ ပြန်မဖြေကြဘူးဟ။ သူတို့ နေကောင်းလားလို့ မေးပြီး ထွက်သွားကြတာပဲ။ Marianne ဆို “နေကောင်းလားလို့” ငါကိုတွေ့တိုင်းမေးတယ်။ ငါက တစ်ခါတစ်ရံ “အိမ်.. ငါတော့ ဒီနေ့ နေသိပ်မကောင်းဘူးလို့” ဖြေတော့ သူက မကြားသလိုပဲဟ .. “အိမ်း.. ဒါဆိုလဲ ကောင်းတယ်” တဲ့ သူတို့ သေသေချာချာ နားထောင်ပြီး ပြန်မဖြေချင်ပဲနဲ့ ဘာကြောင့်များ မေးနေမှန်း မသိပါဘူး။


ရှရှားလူမျိုးတွေကတော့ လူတစ်ယောက်ရဲ့ ဒီလိုကျန်းမာရေး ကိစ္စတွေကို မေးလေ့မရှိဘူးဟ။

တစ်ခါတစ်ရံ Marianne က စားသောက်ဆိုင်မှာ သွားစားဖို့ ငါ့ကို ဖိတ်ဖူးတယ်။ စားသောက်ပြီး ကျန်ကျစရိတ်ဖြတ်ပိုင်းလေး ရောက်လာတာနဲ့ သူကစပြီး ကုန်ကျငွေကို တဝက်စီးပေးဖို့ ပြောတော့တာပဲ။ တို့ဆီမှာတော့ ကိုယ်ကဖိတ်ရင် ကိုယ်ကပဲ ပေးကြတာပဲ မဟုတ်လား။


ငါ့ရဲ့သူငယ်ချင်းတွေကတော့ ကနေဒီယန်တွေရဲ့ ဓလေ့ထုံးစံတွေကို သင်ပေးနေတာပဲ။ ပြီးတော့ ငါကို ကနေဒါမှာ ရောက်နေပြီး ကနေဒီယန် တစ်ယောက်လိုနေထိုင်တဲ့။ ငါ့အတွက် ထူးဆန်းတဲ့ အရာရာကို တွေ့တိုင်း သူတို့ကို မေးရတာပဲ ၊ သူလည်းသေချာရှင်းပြပါတယ်။ ဒါပေမယ့် ကနေဒါယဉ်ကျေးမှုကတော့ ငါအတွက်တော့ ထူးဆန်းနေတုန်းပါပဲ။


စာဥရေ..

ရွာမှာဘယ်လိုလဲ.. ရွာမှာတော်တော် ပြောင်လဲကုန်ပြီးလား။ ရွာရိုး နဘေးက သစ်ပင်ကြီးတွေကော ရှိသေးရဲ့လား ။ တို့ကြားရတာကတော့ လေမုန်းတိုင်းတိုက်လို့ သစ်ပင်တွေ ပျက်စီးရ။ မြို့မှာ မီးပုံမှန်မလာလို့ ထမင်းချက်စားစရာ လျပ်စစ်မီးမလာလို့ တို့တောက သစ်ပင်တွေကို ခုတ် ထင်းတွေ ၊ မီးသွေးဖုတ် နေကြတယ်လို့ သတင်းမီဒိယာတွေက ကြားနေရတယ်။


စာဥရေ .. ရွာမှာ သစ်ပင်တွေ မရှိရင်တော့ မင်းတို့ကိုယ်တိုင် ပူလွန်းလွန်လို့ မကြာခင် အမဲခြောက်ဖြစ်ကုန် မယ်နော်။

ရွာသူ ရွာသားများ အေးချမ်းပြီး၊ ရွာကလေးလည်း စိမ်းလန်းစိုပြေပါစေ..။



သတိရလျှက်

သာဓု

ESL Class Essay ကိုဘာသာပြန်ပါသည်။

No comments:

Post a Comment