Tuesday, February 15, 2011

တပိုတွဲလ ထမနဲပွဲတော်ကို ဇန္နဝါရီနှင့် ဖေဖော်ဝါရီလမှာကျင်းပလေ့ရှိပါတယ်။ မြန်မာလူမျိုးများရဲ့ ရာသီပွဲတော် တစ်ခုဖြစ်ပြီး အင်းဝခေတ်နောက်ပိုင်း ညောင်ရမ်းမင်းလက်ထက်လောက်က စတင်ပြုလုပ်သည်ဟု လေ့လာတွေ့ရှိရပါတယ်။
ထမနဲကို ကောက်ညှင်း၊ ဆီ၊ မြေပဲဆံ ၊ နှမ်း၊ အုန်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ

စသည်တို့ဖြင့် ဒယ်အိုးထဲတွင် ရောသမမွေပြီး ပြုလုပ်ရသော စားဖွယ်တစ်မျိုးဖြစ်ပါတယ်။

လူကြီးလူငယ် ပျော်ပျော်ပါးပါး ဆင်နွဲကြသော ပျော်ရွှင်ဖွယ်ရာသီးပွဲတစ်ခုဖြစ်ပါတယ်။

ရှေးလူကြီးများ ပြောစကားအရ
ကောက်ဦးပေါ်ချိန်တွင် မိမိတို့ ကြိုးပမ်းစိုက်ပျိုးထားသော လယ်ယာမှထွက်သော ကောက်ဦးကို မြတ်စွာဘုရားအား ဦးစွာလှူဒါန်းခြင်း။

မြန်မာနိုင်ငံ တပိုတွဲလသည် အင်မတန်အေးလှသော ဆောင်ရာသီဖြစ်၍ ကလေးငယ်များအာ အအေးမိရောဂါဖြစ်တတ်ရာ ထမနဲကို စားသုံးခြင်းဖြင့် သဘာဝ အအေးဒဏ်မှ ကာကွယ်နိုင်ခြင်း စသည်တို့ကြောင့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုသည့်အတိုင်း မြန်မာများ ယခုထက်တိုင် ကျင်းပရခြင်းဖြစ်သည်။

တချို့ဒေသများတွင် မီးပုံပွဲကျင်းပသည်ဟုလည်း လေ့လာတွေ့ရှိရသည် ဤမီးပုံပွဲတော်ကို ပုဂံခေတ်က စသည်ခဲ့သည်ဟု လေ့လာတွေ့ရှိရသည်။

No comments:

Followers

My Blog List