Friday, March 27, 2009

လပ်နေသော ကွက်လပ်ကလေးများ











လပ်နေသော.....ကွက်လပ်ကလေးများ




၂၀၀၉-ခု ဖေဖော်ဝါရီလောက်က စာရေးသူ ကိစ္စတစ်ခ်ုဖြင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ကို ရောက်ခဲ့ပါတယ်။ မြန်မာတို့ဓလေ့အရ ဗုဒ္ဓဘာသာဝင်များ ဘုန်းတော်ကြီးဆိုရင် စိတ်ရင်း စေတနာမှန်ဖြင့် ကြည်ညိုတတ်ကြပြီး ဆွမ်းကွမ်း လိုလေသေး မရှိအောင် လှူဒါန်းကြ၍ စာရေးသူ ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ပီတိဖြစ်ရပါတယ်။

စာရေးသူဟာ  မြန်မာဗုဒ္ဓဘာသာ အိမ်များသို့ဆွမ်းစားကြွသည့်အခါ မိဘများမှ ဦးတော်လုပ်၍ ခရီးဦးကြိုဆိုကြ၊ ဆွမ်းများလှူဒါန်းကြသော်လည်း ကနေဒါတွင် မွေးဖွားသော ကလေးငယ်များက   နှုတ်ဆက်စကားပင် မဆိုတတ်ကြပေ။ ဘုရားရှိခိုးများ ရလားဆိုတာ ကတော့ မေးဖို့ပင်လိုမည့်မထင်ပါ။

ဤသို့ဖြစ်ရခြင်းကို စာရေးသူအနေ့ဖြင့် မိဘများကို အပြစ်မတင်လိုပါ။ မိဘများမှာ ဘ၀ရပ်တည်ရေး အတွက် တနေကုန်အလုပ်လုပ်ကြရပြီး။ နေခင်းအလုပ်လုပ်သူများက ညမှာ အနားယူ၍။ ညအလုပ် လုပ်သူများက နေပိုင်းမှာ အိပ်စက်အနားယူရပါသည်။ ထိုပြင် အိမ်တွင်း ကိစ္စနှင့် ၀မ်းရေးကိစ္စကိုလည်း မိဘများပင် ဆောင်ရွတ်ရသည့်မဟုတ်ပါလား?

စာရေးသူတို့ ဘုန်းတော်ကြီးများ မိုင်းပေါင်းထောင်းသောင်းမက ဝေးသော မွေးရပ်မြေ မှ “သာသနာအရေး ဒို့အရေးဆိုပြီး” ကြွေးကြော်သံများဖြင့်ထွက်လာခဲ့ကြပြီး။ ဒါဟာ..ငါတို့ တာဝန်ပဲလိုခံယူကာ။ ကလေးများအာ သင့်တော်သော အိမ်မှာ စုဝေးစေ၍ မြန့်မာရိုးရာ ဘုရားရှိခိုးများနှင့် မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့ပါတယ်။

(၂) ကြိမ်မျှ ဘုရားရှိုခိုးများ သင်ကြားပေးပြီး ကလေးများ “နမော တဿ ” စသော ဘုရားရှိခိုးများ   ကောင်းကောင်းရနေပြီဖြစ်ပါသည်။ နောက်ဆုံးနေ့တွင် ထိုင်ဝမ်းမှကြွ လာသော ဆရာတော်ဦးနန္ဒအား စာရေးသူသင်ထားသော ဘုရားရှိခိုးဖြင့် ကလေးများ စုပေါင်း၍ ကတော့ကြပါတယ်။ စာရေးသူ ကလေးများ ပျော်ရွှင်စွာဖြင့် ဆရာတော်အား ဖူးမျှော် ကတော့ခြင်းကို မြင့်တွေ့ရ၍ အထူးပဲ ၀မ်းသာကြည်နှုးမိပါတယ်။။ ငယ်စဉ်က ကြားဖူးသော “ တပည့်မရှား.. တစ်ပြားမရှိ... ပီတိကိုစား အားရှိပါ၏” ဆိုသော စကားပုံးကို အဓိပ္ပါယ် ပေါက်မိပါတယ်။

ကလေးများကန်တော့ပြီးတော့ ဆရားတော်က.. “သားတို့ ..သမီးတို့ သာဓု.. သာဓု... သာဓု very good တဲ့။ ဒီထက်မြင့်တဲ့ The Best ဖြစ်အောင်ကြိုးစားကြလို့ ” ဆုပေးလိုက်ပါသည်။ ကလေးများမှာလည်း “မှန်ပါဘုရား” ဟု ကတိက၀တ်ပေး၍ သုံးကြိမ်းကန်တော့ကြပါတယ်။


ဆရာတော်နှင့် စာရေးသူတို့ မနက်ဖန်ပြန်မည်ဟု သိတော့ ကလေးငယ်များမှ “ဆရာတော်များ ပြန်ကြွသွားလျှင် တပည့်တော်များကို ဘယ်သူ စာသင်ပေးဦးမှာလဲ? ဘုရားလို့ လျှောက်ထားပါသည်။ ဆရာတော်က “အိမ်း... နောက်လည်း လာသင်ပေးမှာပေါ့ လို့မိန့်ကြားခဲ့ပါတယ်။

ကလေးငယ်များမှ မိဘများကို ဦးဇင်း ဘယ်ချိန်ပြန်လာပြီး စာသင်မှာလည်း မေးကြောင်းပြော၍ “သြော်... လိုနေသော ကွက်လပ်များ အများကြီးပါလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။

စာရေးသူသည် လိုနေသော ကွက်လပ်များမှာ အနည်ငယ်ကိုသာ ဖြည့်နိုင်ခဲ့ပါသည် ကွက်လပ်လေးများ အများကြီး ကျန်ရှိနေပါသေးတယ်။ စာရေးသူ တစ်ယောက်ထည်းလည်း ကနေဒါတနိုင်ငံလုံးရှိ မြန်မာမိသားစုများ၏ ကလေများကို တစ်နေရာတည်းမှာ ဆောင်ရွက် မပေးနိုင်ပါ။ နိုင်ငံတိုင်းတွင် ရောက်နေသော သာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်များနှင့် စွမ်းနိုင်သော ပုဂ္ဂိုလ်များ လက်လှမ်းမှီ သလောက် ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါတယ်။

ထို့အတူ ဘုရားရှိခိုးတတ်ယုံမျှဖြင့် ပြီးပြည်စုံပြီဟု မဆိုလိုပါ။ ကလေးများ လေ့လာစရာ သင်ကြားပေးစရာ ကျန်းရှိပါသေးတယ်။

စွမ်းနိုင်သော ပုဂ္ဂိုလ်များ ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

၂၀၀၈-ခု ဒီဇင်္ဘာလက စားရေးသူ စက်စကာတွန်း မြန်မာကျောင်းတွင် သီတင်းသုံးပါတယ်။ ကလေးငယ်များအား ဘုန်းတော်ကြီးမှ ဓမ္မစကြာရွတ်ဖတ်နည်းမျာ သင်ကြားပေးပါတယ်။ Christmas အလုပ်ပိတ်ရက်တွင် သီရိလင်္ကာမိသားစုများ ဘုန်းတော်ကြီးကျောင်းကို လာရောက် ကတော့ကြပါတယ်။ သူတို့ထဲမှ Language School မှ ကျောင်းဆရာမ များလည်း လာရောက်ကတော့ရာ စာရေးသူ စက်စကာတွန်သို့ ခေတ္တမျှ ရောက်နေကြောင်းသိသောကြောင့် သူတို့ကလေးများကိုလည်း ဘာသာရေး ယဉ်ကျေးမှုများ သင်ပေးရန်တောင်းပန်လျှောက်ထား၍ သင်ကြားပေးခဲ့ရပါသည်။ ကလေးများလည်း ပျော်၍ လူကြီးများလည်း ၀မ်းသာပီတိဖြစ်ကြပါတယ်။

ကျောင်းဆရာမများမှ ငယ်ရွယ်စဉ်အခါမှ စ၍ စိတ်ကောင်းထားဖို့၊ ကူညီတတ်ဖို့၊ မာန မရှိဖို့ စသော ကိုယ်ကျင့် စာရိတ္တများကို ဇာတ်တော်များဖြင့် သင်ကြားပေးသည့် အတွက် အထူးကျေးဇူတင်ကြောင်း ကလေးများအတွက်လည်း အကျိုးရှိကြောင်းလျှောက်ထားပါတယ်။

ဗုဒ္ဓ၏ရည်ရွယ်ချက်မှာ ဤကဲ့သို့ ဗုဒ္ဓတရားတော်များကို လက်ဆင့်ကမ်းခြင်းသည် သူရဲ့သာသနာ အင်ပါယာချဲ့ထွင်ခြင်း၊ နယ်ချဲ့ခြင်းမဟုတ်ပါ။ သူတော်ကောင်းတရားများ၊ လောက ချမ်းသာရေး တရားတော်များ လူမျိုးမရွေး၊ ဘာသာမရွေး ကျင့်သုံး ခံစားနိုင်ရန်ဖြစ်ပါတယ်။

စာရေးသူလည်း ထို့အတူပင် ဤကဲ့သို့ ကိုယ်တတ်စွမ်းသမျှ ကလေးများကို နေရာမရွေး သင်ကြားပေးနေခြင်းဟာ  ကလေးများ အနာဂတ် ကောင်းမွန်ရေး အတွက် အဓိက ရည်ရွယ်ပါတယ်။
သို့အတွက် လိုအပ်နေသော ကွက်လပ်လေးမျာကို တတ်နိုင်သော စွမ်းနိုင်သော ပုဂ္ဂိုလ်များ ပါဝင်ဖြည့်ပေးကြပါလို့ တိုက်တွန်းရင်းဖြင့်.......

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါ နေသို့ လင်းစေသော်....

No comments:

Followers

My Blog List