Thursday, January 29, 2009

ပီယဆေး


ပီယဆေး
ပီိယဆေးလို့ ကြားရင် လူငယ်တော်တော်များများ စိတ်ဝင်စားကြမယ်ထင်ပါတယ်၊ စာရေးသူလည်း ငယ်ငယ်က စိတ်ဝင်စားခဲ့ဘူးတာကို။ မြန်မာမှာလည်း "နုတ်ချို သျှိုတစ်ပါး"စသည် ဆက်ဆံတတ်လျှင် လူချစ်လူခင်ပေါများကြောင်း မိန့်ဆိုလေ့ရှိပါတယ်။

ဟန်ခေတ်က ကိုရီးယားမှာ ဇနီးမောင်နှံစုံတွဲရှိပါခဲ့တယ်။ အမျိုးသမီးနာမည်က “ဟေယန်”လို့ခေါ်ပါတယ်။ သူတို့ဇနီး မောင်နှံ တစ်အိမ်တည်း အတူနေကြပေမယ့်၊ လင်ယောက်ျားရဲ့ ချစ်ခြင်းမေတ္တာကို မရခဲ့ပါဘူးတဲ့။ ဒီလိုအတူနေရာရင်းနဲ့ လင်ယောကျာ်း ချစ်ခြင်းမေတ္တာ ရလေနိုးနိုး စောင့်စားခဲ့တာ နှစ်၊လတွေသာ ပြောင်းသွားခဲ့ပါတယ်။ လင်ယောကျာ်းက သူ့မပေါ်မှာထားတဲ့ မေတ္တာကတော့ ပြောင်းလဲမလာပါဘူး။

ဒီလိုနဲ့ ကြံရာမရ ဟိုမေး ဒီမေးနဲ့ အဆင်မပြေသော အိမ်ထောင်ရေးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တဲ့ နာမည်ကြီး အကြံပေးဆရာရှိကြောင်း ကြားသိရပါတယ်။ ဒီတော့ ဟေယန်ဆိုတဲ့ အမျိုးသမီးလေးက သိပ်ပျော်သွားပါတယ်။ ချက်ခြင်း ဆိုသလိုပါပဲ ဒီဆရာကြီးထံ အရောက်သွားခဲ့ပါတယ်။

အိမ်ထောင်ရေးဆိုင်ရာ အကြံပေးဆရာကြီးတွေ့တော့ ဟေယန် ဆိုတဲ့ အမျိုးသမီးလေးဟာ သူ့ရဲ့ဖြစ်ကြောင်းစုံလင်ကိုတင်ပြခဲ့ပါတယ်။
ဆရာကြီးက..၊ “အိမ်းကောင်းပြီး မင်းတို့အိမ်ထောင်ရေး အဆင်ပြေအောင် ငါကူညီမယ်။ ဒါပေမယ့် ငါလုပ်ခိုင်းတာကိုတော့ ရအောင်ရှာပေးရမယ်လို့”ပြောသတဲ့။ ဒီတော့ အမျိုးသမီးလေးက “ဆရာကြီး ကျန်မတို့ အိမ်ထောင်ရေးအဆင်းပြေမယ်ဆိုရင် “ဘာကိုပဲ ဖြစ်ဖြစ် ရအောင်ရှာပေးပါမယ့်လို့ ဖြေသတဲ့”

ဆရာကြီးက ကောင်းပြီ... ဒီနေ့ကစပြီး မင်း ကျားတစ်ကောင်ဆီက “ကျားမုတ်ဆိတ်”ကို ရအောင်ယူခဲ့ပါလို့ အကြံပေးလိုက်သတဲ့။
စဉ်စားသာကြည့်ပါ...... ကျားတစ်ကောင်းဆီက ကျားမုတ်ဆိတ်ရဖို့ ထားပါဦး။ ကျားတစ်ကောင်နားမှာတောင် ကပ်ဖို့မလွယ်ပါဘူး။
ဒါပေမယ့်.. အမျိုးသမီးလေးဟာ လက်မလျှော့ပါဘူး။ ကျားဘယ်မှာ ရှိသလဲဆိုတာ ဦးစွာပထမ စုံစမ်းပါတယ်။ ရွာနဲ့ဝေးတဲ့ တစ်နေရာ လှိုင်ဂူထဲမှာ ကျားထီးတစ်ကောင်နေကြောင်း သိရပါတယ်။ သတင်းရတာနဲ့ သူမှ တောထဲမှ ကြားနေတဲ့ လှိုင်ဂူကိုသွား ကြည့်ပါတယ်။ လှိုင်ဂူသာတွေ့ခဲ့ပါတယ်။ ကျားတော့ တစ်ကောင်မှ မတွေ့ခဲ့ပါ။

ကျား မတွေ့ရသေးပေမဲ့ သူမ လက်မလျှော့ပါ။ နောက်တစ် နေ့မှာ ကျားစာများ ယူသွားပြီး၊ လှိုင်ဂူနဘေးမှာ ချထားခဲ့ပါတယ်။

မလျှော့သော ဇွဲနဲ့ နေ့စဉ်ရက်ဆက်သွားလိုက်တာ နောက်တော့ လှိုင်ဂူထဲမှ ကျားကြီးနဲ့ ရင်းနှီးသွားပါသတဲ့။
တစ်နေ့မှာ သူမ ကျားကြီးကို “ကျားမုတ်ဆိတ်” ပေးဖို့အကူအညီတောင်းတာ ကောင်းမွန်စွာပဲ ကျားမုတ်ဆိတ် ရခဲ့ပါသတဲ။့
အမျိုးသမီး ၀မ်းသာအားရနဲ့ ကျားမုတ်ဆိတ် ရင်မှာပိုက်၍ ဆရာကြီးထံ အရောက်သွားခဲ့ပါတယ်။
ဆရာကြီးထံရောက်တော့ အမျိုးသမီးလေးက ပင်ပင်ပန်းပန်း ကျိုးစားပြီး ရှာလာရတဲ့ ကျားမုတ်ဆိတ်ကို ဆရာကြီးထံ ၀မ်းသာအားရ ပေးလိုက်ပါတယ်။

ဆရာကြီးက ကျားမုတ်ဆိတ် ရလျှင် ရခြင်း ချက်ခြင်း ဆိုသလိုပဲ မီးဖိုထဲပစ်ချထဲလိုက်ပါသတဲ့။
အမျိုးသမီးလေး သိပ်အံသြသွားပါတယ်။ သူမကျိုးစာ ပမ်းစား ရှာထားတဲ့ ကျားမုတ်ဆိတ် မိဖိုထဲပစ်ထည့်လိုက်တာ မျက်ရကျ မတတ်ဖြစ်ရပါတယ်။

ခဏလောက် တိတ်ဆိတ်ရမှ ဆရာကြီးထံမှ အသံထွက်လာပါတယ်။

“ဟေယန်... မင်း .. ဒီနေ့ကစပြီး လင်ချစ်ဆေး ပီိယဆေး ရခဲ့ပြီး၊ အိမ်ကိုသာ .. ကောင်းကောင်း ပြန်ပေတာ”လို့ ပြောလိုက်သတဲ့။
အမျိုးသမီးလေး ဆရာကြီးဆီက အပြန်လှမ်းမှာ အတွေးကလေးဖြင့် ပြန်လာခဲ့ပါသတဲ့။
ကဲ.......မိတ်ဆွေတို့.... ဆရာကြီးပေးလိုက်တဲ့ “ပီယဆေး” ဆိုတာကို ကိုယ်တိုင်သာ ဖော်ကြပေတော့..............။

No comments:

Followers

My Blog List