Saturday, January 17, 2009

မပြီးဆုံးသေးသော မြန်မာ့ ဒီမိုကရေစီတိုက်ပွဲ နောက်သို့ သမင်လည်ပြန်

အဆက် အပိုင်း (၄)
ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၏ မိုက်မဲ့မှု၊ မညီညွတ်မှုတို့ကြောင့် သာစဉ် မြေဆက် ညီအကိုမောင်နှမများ သွေးကွဲနေရပါသည်။ တန်းဖိုးရှိ၍ ပျော်မွေ့ဖွယ်ရာကောင်းလှသော လူဘ၀မှာ တစ်ယောက်နှင့် တစ်ယောက် တစိမ်း ရန်သူတွေ ဖြစ်နေရပါသည်။

ဤကဲသို့ဖြစ်ရခြင်းသည် ၀န်ကြီးချုပ်နှင့် ပြည်နယ်ဝန်များသာက နှစ်ပေါင်း တစ်ရာကျော် အုပ်ချုပ်သွားသော အင်္ဂလိပ်နယ်နယ်ချဲများကြောင့် ဆိုတာလည်း နောင်လာနောင်သားများမှတ်သားရပါသည်။ အာဏာခွဲဝေရာတွင် သူတလူ ငါမင်း မဖြစ်သင့်ပါ။ တိုင်းပြည်ကောင်းစားရေး ညီညွတ်ရေး၊ စီးပွားတိုးတတ်ရေုးကို ဦးစားပေးသင့်ပါသည်။ အိမ်ကြက်ချင်းခွတ်အောင် တိုက်ပေးခဲ့သော နယ်ချဲ့များရဲ့ အကြံဉာဏ်ကို စားရေးသူတို့ရဲ့ ဘိုးဘွားများ နည်းမလည်တာလား အာဏာယူး ခဲ့တာလားမပြောတတ်ပါ။ နောင်လာ နောင်သားများ သင်ခန်းစာယူချိန်တန်ပါပြီ။

မိသားစု စည်လုံးညီညွတ်ရေးသည် မိသားစုထဲမှာသာရှိပါသည်။ မည်သူမှ မိမိမိသားစု ညီညွတ်ရေးမကူညီပါ။ အကြံဉာဏ်သာပေးနိုင်ပါသည်။ တခြားမှ ကူညီ၍ တိုက်ပွဲတစ်ခုအောင်မြင်သည်ထားဦး။ မနိုင်လို့သာခံလိုက်ရသည် စစ်မှန်သော အောင်မြင်ခြင်းမဖြစ်နိုင်ပါ။
ဤနေရာတွင် မြတ်စွာဘုရားကိုယ်တွေ့ဇာတ်လမ်းလေးကို တင်ပြချင် ပါသည်။ ဇေတ၀န်ကျောင်းတော်မှာ အသေးအဖွဲ ဘာမဟုတ်တဲ့ ရေသုံးအိမ်သာ ထဲမှာ ရေခွက်ထဲတွင် ရေကျန်ခဲ့ခြင်းကို အကြောင်းပြု၍ “ရေကျန်သင့်သည်/ မကျန်သင်သည် အငြင်းပွားကာ သုတ္တန်ဆောင်သံဃာဂိုဏ်နှင့် ၀ိနည်းဆောင် သံဃာဂိုဏ် (၂) ဂိုဏ်ကွဲကာ မြတ်စွာဘုရားဆုံးမသော်လည်း နား မထောင်းကြ၍ မြတ်စွာဘုရာ တောထွက်ကာ တစ်ဝါတွင်း ဆိုခဲ့ဖူးပါသည်။

တစ်ယောက်နှင့် တစ်ယောက် အမြင်ကွဲပြားခြင်းကို လက်ခံပါသည်။ အမြင်ကွဲပြားမှာလည်း သေချာဖြစ်ပါသည်။ ဤကဲ့သို့ကွဲပြားသော အမြင်ကို ညှိနှိုင်းရာတွင် င့ါ အမြင်သာမှန်ရမည် စသည်ဖြင့် ငါတစ်ကော ကောရန်မလိုပါ။ အကောင်းဆုံးအဖြေကို စုပေါင်းရှာဖွေရပါမည်။ မင်းသားကြီး မလုပ်ရ၍ ပက်မကြီးထိုးဖောင်မည် ဆိုသော အတွေးခေါ်များ စွန့်လွှတ်သင့်ထင်ပါသည်။

မြတ်စွာဘုရား သံဃာတော်များ ဆုံးမ၍ မရသောကြောင့် ညီညွတ် စွာနေထိုင်နေသော အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်း သုံးယောက် နေထိုင်ရာ တောသို့ရောက်သွားပါသည်။ မြတ်စွာဘုရားက တပည့်အနုဒ္ဓါမင်းတို့ သုံးပါး ညီညွတ်အောင် ဘယ်လိုများနေထိုင်ပါသလဲလို့မေးတော့။ အရှင်အနုရုဒ္ဓါက “မြတ်စွာဘုရား ဘာပဲ လုပ်လုပ် တပည့်တော်ဆန္ဒကြီး ဦးစားမပေးပါ ကျန်သော မိတ်ဆွေများ ဆန္ဒကို လည်းဦးစားပေးပါသည်ဘုရား”လို့ လျှောက်ထားတော့ ကောင်းလေစွဟု မြတ်စွာဘုရားက သာဓုခေါ်တော်မူပါသည်။ ကျန်သော အနုရုဒ္ဓါ မိတ်ဆွေများကို မေးသေားအခါ “မြတ်စွာဘုရား တပည့်တော်များ ဘာပဲလုပ်လုပ် တပည့်တော်များ ဆန္ဒကိုဦးစား မပေးပါ ကျန်သော မိတ်ဆွေများရဲ့ ဆန္ဒကို ဦးစားပေးပါသည် ဟု လျှောက်ထားတော့ မြတ်စွာရားက သာဓုခေါ် တော်မူပါသည်။

ထိုအတူ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်များလည်း အရာရာတိုင်းကို မိမိဆန္ဒဦးစား မပေးပဲ၊ ညီညီညွတ်ညွတ် လက်တွဲကာ တိုက်ပွဲ ၀င်ကြစို့လို့ တိုက်တွန်းပါရစေ။
ဆက်လက်ဖတ်ပါရန်

No comments:

Post a Comment