ဇန္န၀ါရီလ (၂၀) ရက်နေ့က အမေရိကနိုင်ငံ သမ္မတရာထူးအခမ်းအနား ရားထူးအပ်ပွဲ အခမ်းအနားမှာ သမ္မသစ်အိုဘားမားရဲ့မိန့်ခွန်းကို မြန်မာပြည်မှ မျိုးဆက်သစ်များ အားကျ စေဖို့ “မြန်မာ့ ဒီမိုကရေစိတိုက်ပွဲ နောက်သို့သမင်လည်ပြန် ရေးနေရင်းက သူ့ရဲ့ သမိုင်းဝန် မိန့်ခွန်းကို မြန်မာပြန်တင်ပြရတယ်။
မြန်မာပြည့်မှာ မျိုးဆက်သစ်များအားလုံး နိုင်ငံရေးအတွေးအမြင်ကျယ်ပြန့်နိုင်ပါစေ။
မိတ်ဆွေ အမေရိကန်နိုင်ငံသားတို့ ကျန်နော်ဒီနေရာမှာ နိုင်ငံသားတို့ ယုံကြည်စိတ်ချစွာ ပေးအပ်သော၊ ဘိုးဘွားများ အမျှော်အမြင်ကြီးစွာဖြင့် အရာရာကိုစွန့်လွတ်၍ တိုက်ပွဲ ၀င်သွားကြသော နိုင်ငံတော်ရဲ့ အမြင့်ဆုံးတာဝန်ကို နှိမ့်ချစွာဖြင့် ခံယူပါတယ်။ နိုင်ငံတော် တာဝန်ထမ်းဆောင်သွာတဲ့ သမ္မတဘုရှ်၊ စိတ်အား ထက်သန်စွာဖြင့် နိုင်ငံတော် တာဝန်အပြောင်းအလဲကို ကူညီပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
(၄၄) ယောက် အမေရိကန် သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုပြီးပါပြီ။ နိုင်ငံတော်ကြီး ကြီးပွားတိုးတတ်ဖို့နဲ့ ငြိမ်းချမ်းတဲ့ ရေအယဉ်များစီးသွားဖို့ ပြောထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် ကျမ်းသစ္စာဆိုပွဲတိုင်းလိုလို အလွန်းအေးပြီး ဆိုးရွားတဲ့ရာသီမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်တိုင်းမှာ အမေရိကန်ဟာ ဒီအမြင့်ဆုံး အိမ်ဖြူတော်ရုံးကို ကျွမ်းကျင်မှု၊ အမြင်သက်သက်ဖြင့်ယူခဲ့ကြတာမဟုတ်ပါဘူး။ ကျန်တော်တို့ ပြည်သူများရဲ့ မှန်ကန်ယုံကြည်မှု၊ သည်းခံမှုများနဲ့ မူလရင်းမြစ်ဖြစ်တဲ့ ခြေခံအချက်အလက်များကြောင့်ပဲဖြစ်ပါတယ်။
ဒါကြောင့် ယနေ့ အကောင်အထည်ပေါ်ခဲ့ပါပြီ၊ ဒါဟာ နောင်အမေရိကန်မျိုးဆက်သစ်များ အတွက်လည်း ဖြစ်စေရမယ်။
ကျန်တော်တို့ဟာ ယခု အခက်အခဲ အကြပ်အတည်းများထဲကို ရောက်နေတယ်ဆိုတာ ကောင်းစွာ နားလည်ရပါမယ်။ ကျန်တော်တို့အမေရိကန်လူမျိုးတွေဟာ အနှောက်အယှက် အဖျက်အဆီးများ၊ မုန်းတီးမှုများစွာဖြင့် စစ်ပွဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ စိပွားရေးကလည်း တကယ့်အခက်အခဲ့ အကြပ်အတဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒီလိုရွေးစရာလမ်းမရှိအောင် ခက်ခဲနေသော်လည်း၊ မျိုးဆက်သစ်များအတွက် ပြန်လည်ပြုပြင်ရပါမယ်။ အိမ်တွေ အသိမ်းခံရတယ်။ အလုပ်တွေပြုတ်တယ်။ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတယ်။ ကျန်းမာရေး စရိတ်တွေလည်း မြင့်တတ်လာတယ်။ ပညာသင်ကျောင်းတွေမှာလည်း လိုအပ်မှုတွေ အများကြီးပါပဲ။ နေ့စဉ်မြင်တွေ့နေရတဲ့ သက်သေ အထောက်အထားများအရ ကမ္ဘာကြီးကို ခြောက်လှန့်နေတဲ့ ရန်သူတွေကို ခုခံကာကွယ်ဖို့ ကျန်တော်တို့ရဲ့ စွမ်အင်တွေကို မြင်တင်ဖို့လိုပါပြီ။
ဒါတွေဟာ နိုင်ငံတော်အကြပ်အတည်း အခက်အခဲရဲ့ အဓီကအချက်တွေပါပဲ။ အတိုင်းအတာအားဖြင့်နည်းပေမယ့်၊ နိုင်ငံအ၀ှမ်း ယုံကြည်မှုအားကျဆင်းလာတာတွေ ၊ မမြင်ရတဲ့ ခြိမ်းခြောက်မှုတွေကတော့မနည်းလှပါဘူး။ မျိုးဆက်သစ်များအတွက် နှိမ့်ကျတဲ့ အမြင်တွေကို ဖြစ်စေပါတယ်။
ယနေ့ကျန်တော် နိုင်ငံသားတွေကို ပြောချင်ပါတယ်။ ယနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်ပါပဲ။ ဒီအခက်အခဲတွေဟာ ပြင်းပြင်ထန်ထန်ဖြစ်သလို များလည်းများပါတယ်။ ဒီအခက်တွေကို အလွယ်အကူဖြေရှင်းဖို့မလွယ်သလို အချိန်တိုအတွင်းမှာလည်း မဖြစ်နိုင် ပါဘူး။ ဒါပေမယ့် အမေရိကန်လူမျိုးများဟာ ဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုတာ ကျန်တော်သိပါတယ်။
ဒီနေ့ ကျန်တော်တို့ ကြောင်ရွံခြင်းကင်းသေား မျှော်လင့်ချက်များ၊ သဘောထား ကွဲလွဲမှုများကိုကျော်လွှား၍ စည်းလုံးညီညွတ်ခြင်းပန်းတိုင်ကို ခိုင်ခိုင်မာမာ ရွေးချယ်ကာ ဒီနေရာကို စုရုံးလာကြပါပြီ။
ဒီနေ့ ကျန်တော်တို့ရဲ့ နိုင်ငံရေးကို အခက်အခဲဖြစ်စေတဲ့ ဝေဖန်မှုတွေ,လွဲမှားစွာ ကတိပေးထားမှုတွေ, ပြစ်တင်ရှုတ်ချမှုတွေ, လွှဲမှားတဲ့ ယုံကြည်မှုတွေ ပြီးဆုံးသွားပါပြီးဆိုတာ ကျန်တော် ကြေညာလိုက်ပါတယ်။
ကျန်တော်တို့ မျိုးဆက်သစ်တွေအတွက် ကျန်ရစ်စေခဲရ့ပါမယ်။ ဒါပေမဲ့ စာအုပ်ထဲမှာပါတဲ့ ကလေးဆန်တဲ့ အရာအာလုံးကို ဘေးဖယ်ထားဖို့၊ အချိန်တန်ပါပြီ။ ဘုရားသခင် ကတိပေးခဲ့တဲ့ လူသားချင်းညီးမျှရေး, လွတ်လပ်ရေး, ပျော်ရွင်မှုအားလုံးကို လူသားတိုင်း ခံစားနိုင့်ခွင့်ရှိရေး ဆိုတဲ့ အဖိုးတန်သော ဓမ္မလက်ဆောင်ဖြစ်တဲ့ မြင့်မြတ်တဲ့ အတွေးအခေါ်များကို မျိုးဆက်သစ် များဆီလက်ဆင့်ကမ်းဖို့ ခိုင်မာတဲ့ စိတ်ဓာတ်များ ပြန်လည်တည်ဆောင်ဖို့ အချိန်တန်ပါပြီ။
ကြီးကျယ်ခမ်းနားကလှတဲ့ ကျန်တော်တို့ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရာမှာ ကျန်တော်တို့ နာလည်ထားဖို့က ကြီးကျယ်ခမ်းနားခြင်းဆိုတာ ဘယ်တော့မှ အလိုလိုရတာနဲ့အရာမဟုတ်ပါဘူး။ ဒါကို ရအောင် လုပ်ယူရပါမယ်။ ကျန်တော်တို့ရဲ့ ခရီးလမ်းဟာ ဘယ်တော့မှ ဖြတ်လမ်းနည်း မဟုတ်သလို၊ အနည်းစုအတွက်လည်း ချထားခြင်း မဟုတ်ပါဘူး။ အလုပ်ကို ပေါ့ပေါ့လုပ်ချင်သူတွေ၊ ချမ်းသားခြင်းနဲ့ ကျော်ကြားမှုကို နှစ်သက်သူများ ကြောက်ရွံတုန်လှုပ်စွာဖြင့် လျှောက်လမ်းရမယ့် လမ်းခရီလည်း မဟုတ်ပါဘူး။ ဒီလမ်းခရီဟာ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းလိုသူများ၊ ပြုလုပ်လိုသူများ အတွက်ပွဲပါပဲ။ ဒါပေမဲ့ မကြာခဏဆိုသလို တိုးတတ်ဖွင့်ဖြိုးမှုနဲ့ လွတ်လပ်မှုကို ကြာရှည်ခိုင်မာစွာ သယ်ဆောင်လာတဲ့ အမျိုးသား/ အမျိုးသမီးများအ ပေါ်မှာ ယုံမှာသံသယရှိနေသေး ကြပါတယ်။
ငါတို့အတွက်... သူတို့ရွေးချယ်လိုက်ပါပြီ၊ သူတို့ရဲ့ အနည်ငယ်သော လောကီပိုင်ဆိုင်မှုနဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ဘ၀သစ်ကိုရှာဖွေခဲ့ကြပါပြီ။
ငါတို့အတွက်.... သူတို့က ခက်ခဲပင်ပန်းကြီးစွာလုပ်ပြီး နောက်မှနေ၍ သည်းခံခြင်း များစွာဖြင့် ချီနှောင် ရိုက်နှက်ခံကာ မြေကြမ်းပေါ်မှာ စိုက်ခဲ့ပြီပါပြီ။
ငါတို့အတွက်..... သူတို့ တိုက်ပွဲဝင်ကာ “ကွန်ကော့, ဂတ်တီဘာ, နော်မတီ,နှင့် ခေဆန်”လို ဒေသတွေမှာ အသက်ပေး စတေး ခဲ့ကြပါပြီ။
အဲဒီအချိန်က အမျိုးသမီး/အမျိုးသားမျာဟာ ခက်ခဲစွာ ဘ၀ကိုစွန့်လွတ်ပြီး၊ သူတို့ရဲ့လက်များ ကြမ်းတမ်းသည့်အထိ ကြိုးစားခဲ့ကြရပါတယ်။ ဒါကြောင့် ကျန်တော်တို့ဘ၀ ကောင်းမွန်စွာ နေထိုင်ရပါတယ်။ အမေရိကဆိုတာ ကျန်တော်တို့အသီသီး ရည်မှန်းချက် ပန်းတိုင်များဟာ ပိုမိုကြီးမားတယ်၊ ပေါ်ပေါက်လာတဲ့ ကွဲပြားခြားနားမှု၊ ပိုင်ဆိုင်မှု အဖွဲစည်းများ ပိုမိုကြီးမားတယ်ဆိုတာ သူတို့မြင်ခဲ့ကြပါတယ်။
ဒီခရီးလမ်းကိုဖြင့် ယနေ့ကျန်တော်တို့ စတင်ရတော့ပါမယ်။ ကျန်တော်တို့ သိပ်အဖိုးတန်တဲ့, စွမ်းအားအပြည့်ဖြင့် လူမျိုးများ ကမ္ဘာပေါ်မှာကျန်ခဲ့ပါပြီ။ ကျန်တော်တို့ရဲ လုပ်သားများဟာ အကြပ်အတည်း အခက်အခဲကြားမှာ လုပ်ဆောင်နိုင်စွမ်တွေ မနည်းခဲ့ပါဘူး။ ကျန်တော်တို့ရဲ့ စိတ်ဓာတ်တွေရဲ့ ဖန်တီးမှုတွေမနည်းခဲ့သလို, ကျန်တော်တို့ ကုန်ထုတ်လုပ်မှု, ၀န်ဆောင်မှု တွေဟာ ပြီခဲ့တဲ့ သတင်းပတ်၊ လ၊ နှစ်တွေထက် မနည်းခဲ့ပါဘူး။ ကျန်တော်တို့ လုပ်ဆောင်နိုင်စွမ်းတွေဟာ တောင့်တင်းခိုင်မာစွာ ကျန်ခဲ့ပါပြီ။ ဒါပေမယ့် ကျန်တော်တို့ဟာ။ ကျဉ်းမြောင်တဲ့ စိတ်ဓာတ်တွေ ထိမ်သိမ်းဖို့၊ မနှစ်မျို့ဖွယ် ဆုံးဖြတ်ချက်များ ဘေးဖယ်ထားဖို့ အချိန်ကြရောက်လာပါပြီ။ ဒါတွေအားလုံး ကျော်လွန်ပြီးဆုံးခဲ့ပါပြီ။ ယနေ့ရပ်တည်ဖို့က ကျန်တော်တို့ဘ၀ကို ကိုယ်တိုင်မြင့်တင်ကြပါစို့။ ကိုယ်တိုင် ယုတ်ညံ့သောအဖြစ်မှ ရုန်းထွက်ကြပါစို့၊ ကျန်တော်တို့ကိုယ်တိုင်း အမေရိကန်ပြည်ထောင်စုကြီးကို ပြည်လည် တည်ဆောက်ကြပါစို့။
ကျန်တောတို့် နိုင်ငံနေရာအနှံကိုကြည့်လိုက်ပါ၊ လုပ်စရာတွေ အများကြီးပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး ပြည်လည်နိုးထလာဖို့ ကျန်တော်တို့လုပ်ရပါမယ်။ အလုပ်တွေဖန်းတီးပေးရုံ သာမက တိုးတတ်လာဖို့အတွက် အခြေခံအုဋ္ဌ်မြစ်သစ်တွေ ပြည်လည်ချထားရပါမယ်။ ကျန်တော်တို့ လမ်းတွေ၊ တံတာတွေ ဆောက်ရမယ်။ လျှပ်စစ်ဓာတ်အားလှိုင်တွေ၊ လျှင်မြန်မှန်ကန်တဲ့ ကွန်ပျုတာ စနစ်တွေ ကျန်တော်တို့အတူတကွ လေ့လာစီစစ် ကူညီထောက်ပံ့ရပါမယ်။ ကျန်တော်တို့ မှန်ကန်တဲ့နေရရာမှာ သိပ္ပံပညာကို အသုံးပြုကာ ခေတ်မှိ ကောင်းမွန်တဲ့ ကျန်းမာရေး စနစ်တွေပြောင်လဲပြီး ကုန်ကျစရိတ်လည်း သတ်သာစေရပါမယ်။ သဘာဝနေ၊ လေတို့ရဲ့စွမ်အင်းကို အသုံချပြီး လိုအပ်နေတဲ့ လောင်စာဆီ ကားတွေ စက်ရုံတွေအတွက် အသုံးပြုရပါမယ်။ ကျန်တော်တို့ ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေကို ပြန်လည်ပြုပြင်ပြီး ခေတ်သစ်ရဲ့ တောင်းဆိုမှုတွေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ ဒါတွေအားလုံး ကျန်တော်တို့လုပ်နိုင်ပါတယ်။ ကျန်တော်တို့ ဒါတွေအာလုံးကို လုပ်မှာပါ။
No comments:
Post a Comment