Friday, January 16, 2009

မပြီးဆုံးသေးသော မြန်မာ ဒီမိုကရေစီတိုက်ပွဲ နောက်သို့ သမင်လည်ပြန်

ပြည်ထောင်စုမှု ဆွေးနွေးပွဲ သုံးသပ်ချက်အပိုင်း (၃)
ဒီလို နည်းကောင်းလမ်းကောင်းများ ရှာဖွေတဲ့အခါမှာ ပြည်မသားတွေကော ပြည်နယ်သားတွေပါ မျက်ခြေမပျက်သင့်တဲ့ အချက်ကြီး တစ်ချက်ကို ကျန်တော တင်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာ မဟုတ်ပါဘူး။ ကျန်တော်တို့ရှာ ဖွေမယ့်နည်းလမ်းတွေဟာ...
တရာမျှတရေး
လွတ်လပ်ရေး
ညီမျှရေး ဆိုတဲ့ လောကပါလတရား (၃)ပါနဲ့ ပြည်စုံနေတဲ့ နည်းလမ်းတွေ ဖြစ်ရမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရေ...
ယခု”နအဖ” လုပ်ပုံကတော့ လောကပါလတရား တစ်ပါးမှတောင် မရှိဘူးထင်ပါရဲ့ နိုင်ငံတကာကကော၊ ကုသမဂ္ဂ ငြိမ်းချမ်းရေကိုယ်စာလှည်များ အခေါက်ခေါက်သွား၍ ဆွေးနွေးကြပါရဲ့ ဘာမှ ပြည်သူများ ကျေနပ်လောက်တဲ့ အဖြေမရသေးပါ။
တစ်လောက RFA မှာ ဆရာတော် နှစ်ပါးဆွေးနွေတာ ကြားလိုက်ပါရဲ့ မြတ်စွာဘုရားရဲ့ လောကပါလတရား ပျောက်ဆုံးနေရော့လာတဲ့ မြန်မာနိုင်ငံက စာတတ် ပေတတ် ဘုန်းတော်ကြီးလည်း “ဆင်နဲ့ယုံ“ ပုံပြင်ထဲကလို ယုံကလေးနှာစေနေသည်ထင်ပါရဲ့။

ဆရာတော်ကတော့ ဓမ္မကအနိုင်ရမယ် ညီညွတ်ကြပါလို့ ဓမ္မပုံပြင်လေးနဲ့ ပြောသွာလေရဲ့ လောလောဆယ်တော့ အဓမ္မက အနိုင်ရနေသေးတယ်ဗျို့။

လူကြီးမင်းများခင်ဗျား.... ကျန်တော် နိဂုံးမချုပ်ခင် ပြည်ထောင်စုကြီး စတင်တည်ထောင်လာခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အခုအခါမှာ စိတ်ဝမ်းပွဲပြားနေကြတဲ့ ပြည်ထောင်စု ခေါင်းဆောင်တွေနဲ့ ပြည်မသားတွေ ပြည်နယ်သားတွေအားလုံး နိုင်ငံရေး သံဝေဂရကြဖို့အတွက် ကျန်တော် (၁)နှစ် လောက်တုန်းက ကြည့်ခဲ့ဖူးတဲ့ “ယမနေမယ်” ပြဇာတ်လေးကို ကျန်တော် ဒီနေရာက တင်ပြလိုပါတယ်။

ရှေးတုန်းက “ဘရုတ်သုက္ခတိုင်းပြည် ဆိုတာရှိပါတယ်။ အဲဒီတိုင်း ပြည်ကြီးရဲ့ “ငါတကော”နယ်က ဒူလာဘို၊ “ငါတဗိုလ်” နယ်က အိုးလေလေ့ “ငါတလူ”နယ်က ငတွတ်ကြီး၊ “ငါတမင်း”နယ်က ဗြောင်နောင့် ဗြောင်နောင် “ငါ့မြင်းငါ့စိုင်း”နယ်က ဘုရင် ဘုနောင်- တတ်ဗိန် ဆိုတဲ့ ပညာသင် (၅) ဦးဟာ တက္ကသိုလ်ဆရာကြီး “ဦးဂျမ်းထိ” ဆီမှာ ပညာသွားသင်ကြပါတယ်။
အဲဒီလိုပညာသင်တဲ့အခါ
ပညာတော်သင် ”အိုလေလေ့”က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။
ပညာတော်သင် “ငတွတ်ကြီး”က ပန်းချီပညာမှ တဖက်ကမ်းခတ် တတ်ပါတယ်။
ပညာတော်သင် “ဗြောင်နောင့် ဗြောင်နောင်”က အရုပ်ကို အသက်သွင်းပေးတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ် တတ်ပါတယ်။
ပညာတော်သင် “ဘုရင် ဘုနောင် တတ်ဗိန်”က လေးအတတ်မှာ တဖက်ကမ်းခတ် တတ်ပါတယ်။
ပညာတော်သင် “ဒုလာဘို” ကတော့ ဘာပညာမှ မတတ်ပါဘူး။
အဲဒီတော့ တက္ကသိုလ်ဆရာကြီး “ဦးဂျမ်းထိ” က ဘာပညာမှ မတတ်တဲ့ “ဒုလာဘို”ကို “ယမနေသား” သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံး အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။

လမ်းရောက်တဲ့အခါ “ယမနေသား”ကို တက္ကပြန် “အိုလေ့လေ”က မိန်းမပျိုအရုပ်ထုလိုက်ပါတယ်။ တက္ကသိုလ်ပြန် “ငတွတ်ကြီး”က အင်မတန် လှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဆေးချယ်လိုက်ပါတယ်။ တက္ကသိုလ်ပြန် “ဗြောင်နောင့် ဗြောင်နောင်” က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျို ရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလည်းဖြစ်လာပါတယ်။

အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက် တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ၀ိုင်းပြီးလုကြပါတယ်။ အဲဒီလို သူတို့ လုနေတုန်း “၀ဠာယက္ခ” ငှက်ဆင်တစ်ကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ “ယမနေမယ်” ငှက်ကလေးဟာ ငှက်ဆင်နောက်ပါသွားရှာပါတယ်။

အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကပြန် “ဘုနောင် တတ်ဗိန်က” လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီးသေပြီး “ယမနေမယ်လေး” ပြန်ကျလာ ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေမတည့်တာနဲ့ အသက်သွင်းပေးတဲ့ သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူက ဆေးတွေ ပြန်ခြစ်၊ ပန်းပုဆရာလည်း အရုပ်ကို ဖျက်နဲ့ လုပ်လိုက်ကြတာ အင်မတန်လှပတဲ့ “ယမနေမယ်လေ”ဟာ ခုတ်ရာ ထစ်ရာတွေ၊ ခြစ်ရာ ဖဲ့ရာတွေပြည့်နေတဲ့ သစ်သားတုန်း အပေါစားကြီး ဖြစ်သွားရရှာပါတယ်။

တက္ကသိုလ်ပြန်တွေ မိုင်မဲတာကြောင့် “ယမနေမယ်” အပျိုချောလေးဟာ ကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါးစားကြီး ပြန်ဖြစ်သွားရသလို အချုပ်အချာအာဏာပိုင်တဲ့ ကျတော်တို့တိုင်းပြည်ဟာ ကျတော်တို့အာလုံးရဲ့ မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘ၀ကို ပြန်ရောင်မသွားရလေအောင် ကျန်တော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစာကြပါစို့....။

ဝန်ကြီးချုပ်ခင်ဗျာ.........
အပြောတော့ ကောင်းပါရဲ့ ၀န်ကြီးချုပ်နှင့် ပြည်နယ်အသီသီး လွှတ်တော်ကိုယ်စလှည်များ မိုက်မဲ့မှုကြောင့် အင်မတန်လှပတဲ့ မြန်မာနိုင်ငံ တ်ာကြီး “ဗိုလ်နေ၀င်း” ဆိုတဲ့ ငှက်ဆင်က အနှစ် (၂၀) ကျော် ယခုလက်ရှိ “ဗိုလ်သန်းရွှေ”ဆိုတဲ့ ငှက်ဆင်ကြီးကလည်းအနှစ် (၂၀) ကျော် အလစ်သုတ်လို အင်မတန်လှပတဲ့ တိုင်းပြည်ကြီးလည်း ၀န်ကြီးပုံခိုင်းတဲ့ “ယမနေမယ်” မိန်မပျိုလေးထက် ပိုဆိုးနေပြီဗျို....။
မှတ်ချက်။ ။နာမည် ဥပမာ အသုံးအနှုံးများ ရိုင်းစိုင်းက တောင်းပန်ပါသည် ၀န်ကြီးချုပ်ပြောသော ပုံပြင်ထဲကအတိုင်း ပြန်လည်းသုံးနှုံးပါသည်။

No comments:

Post a Comment