Monday, March 24, 2014

ကုသိုလ်ဆိပ်

ကုသိုလ်ဆိပ်
★★★★★
အမေက..
ငါ့သား ..မင်းတို့နိုင်ငံခြားမှာ
အလှူဒါန၊ ပြုလုပ်ကြဖို့
ကျောင်းကန်ဘုရား ရှိရဲ့လားတဲ့။
ဒီတော့  ကျနော်က ‘အင်း..’ ဟူ၍သာ
အမေစိတ်ချမ်းသာအောင် ဖြေဆိုလိုက်မိ။

ကျနော်စကား ၊အားမရတော့
ထပ်၍တစ်ခါ မေးမြန်းတာက
ငါ့သား..မင်းတို့နိုင်ငံခြားမှာ..
ကိုယ်ကွယ်ဖို့ရာ
ဘုန်းကြီးရဟန်းများ ရှိရဲ့လားတဲ့

ဒီတစ်ခါတော့
ကျနော်တစ်ယောက် အင်း မလုပ် ၊အဲ မလုပ်
အမေ့စကား အထပ်ထပ်ကြားရင်းနဲ့
နေအိမ်ကို ဘုန်းကြီးကျောင်းလုပ်
ဗုဒ္ဓဆင်းတုတော်ကို  ဧည့်ခန်းမှာ ပူဇော်ထားတဲ့
 မြို့ကြီးက ဇရပ်သာသာ
ဘုန်းကြီးကျောင်းလေးကို  လှမ်းမြင်လိုက်မိပါ၏။
*************
မှတ်ချက်။ ။ ‘ကုသိုလ်ဆိပ်’ မှ ‘ဆိပ်’ သည်..၊ “မြစ်ဆိပ်၊ဆိပ်ကမ်း” တို့မှ ‘ဆိပ်ကိုယူထားခြင်းဖြစ်ပါသည်’
ဆိပ် = နေရာ၊ဌာန
မြန်မာပြည်ကျေးလတ်ဒေသမှ မြစ်ဆိပ်သည်၊ ရွာသူ/ရွာသားနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ သောက်ရေ၊ သုံးရေး၊ ချိုးရေ နေရာဌာနဖြစ်သကဲ့သို့ ပြည်ပတိုင်းပြည်မှာ
 ရောက်နေကြတဲ့
 မြန်မာလူမျိုးများမှာလည်း  အိမ်ကို ဘုရားကျောင်းလုပ်၊
ဧည့်ခန်းမှာ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကာ ၊အဖြစ်လုပ်ထားရတဲ့ အိမ်ကျောင်းများဟာ ၊ မြစ်ဆိပ်နှင့်သဏ္ဍန်တူသည်ကို
 ဖော်ညွှန်းချင်လို့ ကုသိုလ်ဆိပ်ဟု
အမည်ပေးထားခြင်းဖြစ်ပါသည်။

စာရေးသူဆိုလိုရင်းမှာ…၊ ပြည်ပရောက်နေသော
 မြန်မာလူမျိုးများအတွက် ၊
 စေတီ၊ဘုရားကျောင်းကန်များ
လိုအပ်နေသေးကြောင်းရည်ညွှန်းပါသည်။

No comments:

Post a Comment