Wednesday, August 14, 2013

သူနှင့်ထိုက်တန်သုမင်္ဂလံ

ယနေ့ကမ္ဘာပေါ်မှာ လူသန်းပေါင်း(၇၀၀၀)ကျော်လောက်ရှိပါလိမ့်မယ်။ အသင့်တော်ဆုံးအရာသာ တစ်နေ့သောအခါထင်ရှားကျန်ပေလိမ့်မည်။ အရည်အသွေးမမှီသော လူနှင့်တကွ သက်ရှိသက်မဲ့မှန် သမျှ ပျောက်ကွယ်ပျက်စီး သွားကြရမည်သာဖြစ်ပါသည်။ပညာရှိများ အချိန်မီ အပြင်း အထန် လေ့ကျင့်ပျိုး ထောင်ကာ အနာဂတ်အရေး ယနေ့ကစပြီး လေ့ကျင့်ဖို့သာရှိပေတော့သည်။

တရုတ်တွေတစ်ယောက်နှင့်တစ်ယောက်တွေ့ရင်စားပြီးပြီလား၊ အင်္ဂလိပ်တွေက “Good morning, Good evening” စသည့် ရာသီဥတုစကား၊ Middle East ပါလက်စတိုင်းတွေက တစ်ယောက်နှင့် တစ်ယောက် တွေ့ရင် “ဆလန်မာ လေကွန်”ငြိမ်းချမ်းရေးမင်း အပေါ်ကျရောက်ပါစေ၊ အိန္ဒိယတွေက တစ် ယောက်နှင့် တစ်ယောက်တွေ့ရင်ဘယ်သွားမလို့လဲစသည်ဖြင့် နှုတ်ဆက်ကြတာလဲ အကြောင်းရှိပါတယ်။

အဖြေကတော့ တရုတ်တွေစားပြီးပြီလား မေးတာက စားပြီးရင် ကျန်တာ တွေဆက်လုပ်လို့ရပြီ (အစာ၊ရေစာရှားပါးတဲ့သဘော)။ အင်္ဂလန်၊ အိုင်ယာလန် ၊ ယော့ခ်ချိုင်းယားစသော ဒေသတွေမှာ ရာသီဥတုသိပ်ဆိုးတော့ သူတို့တွေ စကားပြောရင် ရာသီဥတုအကြောင်းအမြဲဦးတည်ပြီး Good morning၊, Good afternoon, Good evening စသည်ဖြင့် အလိုအလျောက်ပါလာခဲ့ပါတယ်။

ရာသီဥတုကောင်းရင်ကောင်းကျိုးချမ်းသာအတွက် ကြိုးစားလို့ရပြီပေါ့။ ပါလက် စတိုင်း ဒေသလို Middle East မှာတစ်ချိန်လုံး စစ်ပွဲတွေနဲ့ သတ်ဖြတ် နေကြတာဆိုတော့ "ဆလန်မာလေကွန်" ငြိမ်းချမ်းရေးရပါစေ စသည်ဖြင့် ငြိမ်းချမ်းရေး စကားကိုဦးစားပေးပြောဆိုကြပါတယ်။

အိန္ဒိယနိုင်ငံသားဟာ တွေ သိပ်ပြီးသူများအကြောင်း စိတ်ဝင်စားတော့တွေ့ရင်ဘယ်သွားမလဲ၊ ဘာသွားလုပ်တာလဲ၊ ဘယ်ကလာတာလဲ မေးတော့တာပဲတဲ့။

ုမြန်မာတွေ ကျပြန်တော့ ကျန်းမာရေး မကောင်းတဲ့ လူမျိုးဖြစ်လို့လားမသိ။ တွေ့ရင် အစ်မရယ် နေကောင်းလား၊ အစ်ကိုကကော နေကောင်းရဲ့လား စသည်ဖြင့် နှုတ်ဆက်ကြ တာဖြစ်ပါလိမ့်မယ်။
တစ်ချို့ လည်း မဂ်လာပါဟု နုတ်ဆက်ကြပါတယ် ကောင်းသော နုတ်ဆက်ခြင်းပါ။

အမှန်မှာ အချင်းချင်းတွေ့ရင်-ယနေ့ကုသိလ်ပြုဖြစ်ရဲ့လား၊ လမ်းလျှောက်ဖြစ်လား-ဟုမေးမြန်းခြင်းသည် အလွန်အကျိုးများပေမည်။

တရုတ်လူမျိုးနှင့် ကုလားလူမျိုးတို့သည် တစ်နေ့သောအခါ ကမ္ဘာပေါ်မှာ ခိုင်ခိုင်မာမာ ကျန်ရစ်မည့်အလားအလာရှိပါတယ်။ သူတို့တွေ လေ့ကျင့်ပျိုးထောင် လာခဲ့ကြတဲ့ ရိုးရာယဉ်ကျေးမှု ဇာတ်၊ စနစ်စသည် တို့ကလည်း ခိုင်ခိုင်မာမာ တည်ရှိနေတာတွေ့ရပါမည်။ ဥပမာ- တရုတ်တွေဟာ Reunion -မိသားစု ပြန်လည်တွေ့ဆုံပွဲကို တရုတ်နှစ်သစ်ကူးကာလမှာ မဖြစ်မနေ လုပ်ဆောင်ကြပါ တယ်။ နိုင်ငံခြားကို ရောက်နေတဲ့ ဆွေမျိုးတွေလဲ လာရောက်စုရုံးကြပါတယ်။ အဲဒီပွဲမှာငယ်ရွယ်သူအပျိုလေးတွေကို ထောက်ပံ့ ချီးမြင့် ပေးတာတွေ၊ အိမ်ထောင် ဃရာဝါသချပေးတာတွေလည်းလုပ်ကြပါတယ်။

ညနေစောင်းမှာဆွေမျိုးထဲကသာယာတဲ့အိမ်တစ်အိမ်မှာစုရုံးပြီး မိသားစု ပြန်လည်ဆုံတွေ့ပွဲ (Reunion) အဖြစ် စားကြသောက်ကြပါတယ်။ အနီရောင် စာအိပ်လေးတွေမှာ ပိုက်ဆံထည့်ပြီး ငယ်ရွယ်သူအပျိုလေးများ၊ အိမ်ထောင် မကျသေးသောသူများကို ချီးမြှင့်လေ့ရှိကြပါ တယ်။ စင်္ကာပူ၊မလေးက တချို့ တရုတ်တွေလည်း သူတို့ဘိုးဘွားများနေထိုင်ခဲ့ရာတရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်စသော နိုင်ငံများကို သွားရောက်လည်ပတ် လေ့ရှိကြပါတယ်။ မိမိသိတဲ့ တရုတ်အမျီုးသမီး တစ်ယောက်ဟာ တရုတ်ပြည်ကို အလည်သွားရင်း သွေးတိုး လာလို့ ရုတ်တရက် ကွယ်လွန်သွားဖူးပါတယ်။

စင်္ကာပူမှ သား၊ သမီးတွေ လေယာဉ်နှင့် နေ့ချင်းလိုက်သွားပြီး တရုတ်ပြည်မှာ မီးသဂြိင်္ုဟ်ကာ အရိုးပြာကိုပြန် ယူလာခဲ့ကြပါတယ်။ ပြီးတော့ အဲဒီအရိုးပြာကို တိုပါယိုး မြန်မာကျောင်းရဲ့ အရှေ့ဖက်ရှိ Tai Pei (တိုင်ပေ) သီလရှင် ဘိုးဘွားရိပ်သာဝင်းရှိ ဘုရားဆောင်တစ်ခုမှာ ထိန်းသိမ်းပြီးထားရှိပါတယ်။

တစ်ချို့ကလဲ တိုင်ပြားကလေး ပေါ်မှာ ဓာတ်ပုံလေးတွေကပ်ပြီး ဘုရားကျောင်းတော်ရှိ မှန်တိုက်ထဲမှာ ထိန်းသိမ်း ထားကြပါ တယ်။ တစ်နှစ်တစ်ခါလောက်တော့ ကျန်ရစ်တဲ့သား၊ သမီးတွေ က မိဘ၊ဘိုးဘွားများရဲ့အရိုးပြာ၊ ဓာတ်ပုံရှိရာ ကိုသွားပြီး ဂါရဝပြုလေ့ရှိကြပါတယ်။ ပါပါ ၊ မာမာနဲ့ခေါ်ပြီး ကောင်းမှုပြု ကြလေ့ရှိကြပါတယ်။ မိမိရင်ထဲမှာ တရုတ်လူမျိုး တို့ရဲ့ မိဘဖြစ်ခဲ့ရသူတွေ ကံကောင်းတယ်လို့ တွေးမိလိုက်ပါတယ်။

စီးပွားရေး၊ လူမှုရေးလောကမှာ အင်မတန်မှစနစ်ကျတဲ့ တရုတ်တွေဆီမှာ လေ့လာလို့မကုန် တာတွေများကြီးပါ။ တစ်ချိန်ကမှားယွင်းတဲ့စနစ်တွေကိုချမှတ်ကျင့်သုံးခဲ့ လို့သာတိုး တက်မှုနောက်ကျခဲ့ကာတရုတ်ပြည်မကြီးမှာလူသန်း တစ် ထောင်ကျော် လောက်လှောင် ပိတ်သွားခဲ့ပြီးကမ္ဘာပေါ်မှာလူဦးရေ အထူထပ်ဆုံးဖြစ် သွားခဲ့ရတယ်။ တကယ်လို့သာ(၁၈)ရာစု(၁၉) ရာစုလောက်က ခေတ်မီတိုး တက်ခဲ့ရင်တရုတ်ပြည်မှာသန်း (၅၀၀)၊ပြည်ပမှာသန်း (၁၀၀၀)ဝန်းကျင်လောက် မြေ သစ်၊ ရေသစ်တည်ထောင်ပြီးသားဖြစ်နေပါလိမ့်မယ်။

(၂၀)ရာ စု ရောက်တော့ ကမ္ဘာဂြိုဟ်မှာရေဆုံးမြေဆုံးတောလည်းပြုန်းခဲ့ပါပြီ။ တရုတ်တွေ ရေသစ်၊ မြေသစ် သိပ်မရလိုက်ကြပေ။စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်လို ကျဉ်းမြောင်းတဲ့ နေရာလေးတွေပဲ ရလိုက်ကြပါတယ်။ဒါတောင်မှတရုတ်တွေဟာ ရွှံ့ကိုရွှေဖြစ်အောင် လုပ်ပြီးခုဆိုရင်ကမ္ဘာ့စီးပွားရေးရဲ့ ဒုတိယအကြီးဆုံးနိုင်ငံအဖြစ် တက်လှမ်းလာနိုင်ခဲ့ သေး တယ်။ အံ့သြစရာတော့အကောင်းသား။ များပြားလှတဲ့ တရုတ်လူမျိုးတွေဟာ စားဝတ်နေရေး အဆင်မပြေတော့ မိသားစုတစ်ခုမှာ ကလေးတစ်ယောက်ပဲ မွေးရမယ်၊
 နှစ်ယောက်မမွေးရဘူး စသည်ဖြင့် ကျင့်သုံးကြည့်ကြပါတယ်။

ဒါပေမယ့် ပြဿနာတစ်ခုတက်ဖူးတာက မွေးတဲ့ကလေးက မိန်းကလေးဖြစ်တော့ လက်မခံ နိုင်ပါ။ တရုတ်ထုံးစံအရ နာမည်ကအစ ဖခင်ဘက် လိုက်ရတယ်။ စီးပွားအမွေ လည်း ဖခင်ဘက်က စီမံအုပ်ချုပ်ခွင့်ရတယ်။ တစ်ဦးတည်းပဲ မွေးခွင့်ရတဲ့ သမီးပိုင်ရှင်တွေဟာ သမက်ဘက်ကို အကုန်လွှဲအပ်ပေးရတော့မလို ဖြစ်လာတယ်။ ဒါကြောင့် သမီးမွေးလာရင် စိတ်ပျက်ကြတယ်လို့ဆို၏။ တစ်ဦးတည်းပဲမွေးခွင့်ရတဲ့ ခလေးဟာ သားလေးဖြစ်ရင်တော့ ဝမ်းသာကြိုဆိုကြတယ်တဲ့။ ဒါကတော့ တစ်ချိန်က အခြေအနေအရဖြစ်ခဲ့ဖူးကြတဲ့ အဖြစ်အပျက်လေးတွေပါ။ သူတို့ဟာ ဝီရိယ၊ ဇွဲ၊ လုံ့လအရမ်းကောင်းပါတယ်။ အားမနာတတ်ဘူး၊ ပြတ်သားတိကျတယ်။ အိမ်ထောင်မပြုခင် လူပျိုဘဝမှာကပင် ကိုယ်ပိုင်စီးပွားရေးလေးတွေ လုပ်တတ်ကြ ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားတွေရဲ့ သူဋ္ဌေးလို့ခေါ်နေကြရတဲ့ တရုတ် လူပျိုတွေမနည်းပါ။ မိမိတို့ မြန်မာတွေက သိတဲ့အတိုင်း နည်းနည်းစားဖို့
 သောက်ဖို့ရှိ လာယင် သိပ်ပြီးဂနာငြိမ်တာမဟုတ်ဘူး။ ဟိုနေ့ကတစ်ယောက်လာပြောသွားတာ မှတ်သားစရာပါ။ ''မြန်မာတွေ ပိုက်ဆံဝင်ပေါက်ရှိလာယင် ထွက်ပေါက်အမြန် စီစဉ်ပေးတတ်ရတယ်။ ဒီလိုမဟုတ်ရင် ဒီပိုက်ဆံတွေ မိမိဘဝမှာလှောင်ပိတ်ပြီး မထင်ထားတဲ့ အပေါက်ကနေ တိုးထွက်သွားတတ်တယ်တဲ့။”

ဒီလိုဘာကြောင့် ဖြစ်ရလဲ ဆိုရင် ထိန်းသိမ်းတတ်တဲ့ စွမ်းရည် မပြည့်ဝလို့လား၊ မျိုးရိုး (Gen) ကြောင့်လား၊ ကျင့်သုံးနေတဲ့ Customs ကြောင့်လားဆိုတာ ဆက်လက်ပြီး လေ့လာကြပါစို့။

ရန်ကုန်မြို့လယ်က ချင်းချောင်ရိပ်သာမှာ မိမိနှင့်ရင်းနီးတဲ့ လူတွေရှိတော့ တစ်နေ့ရောက်သွားသေးတယ်။ ဘာ့ကြောင့်ချင်းချောင်းလို့ ခေါ်ပါ သလဲ။ ချင်းချောင်းဆိုတဲ့ တရုတ်တစ်ယောက်ဟာ မြန်မာပြည်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ရောက်လာပြီး မြန်မာအိမ်တစ်အိမ်မှာ ဘဲကလေးတွေကျောင်းပေးတဲ့ အလုပ်လုပ်ခဲ့ရပါတယ်။

ဒို့မြန်မာတွေလို (EP,Spass,WP) ရတာမဟုတ်ပါ။ ဘဲကျောင်းရင်းနဲ့ ဘဝကိုမြုပ်နှံပြီး အချိန်ကာလ အတိုင်းတာတစ်ခုကြာတဲ့အခါ
 တွေ့မြင်ကြုံကြိုက်ခဲ့တဲ့ ဗဟုသုတတွေကို အခြေပြုပြီးစီးပွားရေး အောင်မြင်အောင် လုပ်နိုင်ခဲ့ရာ ယနေ့ မြင်နေရသေးတဲ့ ချင်းချောင်းနန်းတော် အဆောက်အဦးကြီး ကသူနဲ့သူ့ဇနီး(၄)ဦးနှင့်တကွမိသားစုများ နေသွားခဲ့တဲ့နေရာလို့ တစ်ဆင့်စကား ကြားဖူးပါတယ်။ ဘဲအငှားကျောင်းရာမှ သူဌေးဖြစ်လာသူ တရုတ်သူဌေး နေထိုင်ခဲ့ရာဖြစ်လို့ ချင်းချောင်းရိပ်သာလို့ခေါ်ပါတယ်။

ဒီအကြောင်းကိုပြန် လည်လေ့လာနိုင်ပါတယ်။ စင်္ကာပူမှ ကျားပန်းပရုပ်ဆီ သူဌေးကြီးသည်လည်း စော်ဘွားတစ်ဦးလိုပါပဲ။ ဇနီး (၄)ဦး၊ သူ့၏ညီမိသားစုနှင့်အတူ Haw Par villa မှာနေသွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ချိန်က သက်ရှိထင်ရှားရှိခဲ့တဲ့ ဒိုင်နိုဆော သတ္တဝါကြီးတွေဟာပျောက်ကွယ်သွားပါတယ်။တိရိစ္ဆာန်ရုံမှာပြဖို့ပင် မရလိုက်ကြပါ။ ဆင်နှင့်ကျားအစရှိသော သတ္တဝါတွေဟာလည်း လူသူဝေးရာ တော နက်ကြီး တွေမှာ ရှားရှားပါးပါးပဲကျန်ပါတော့တယ်။

အကြောင်းမှာ သူတို့မှာထိန်း သိမ်းနိုင်တဲ့ ဗီဇစွမ်းရည် လုံလုံလောက်လောက်မရှိကြလို့ပါဘဲ။ ဘာသာစကား (languages) တွေ၊ ကိုးကွယ်တဲ့ဘာသာ(Religions) တွေဟာလည်း လုံလောက်တဲ့ ထိန်သိမ်းနိုင်မှု စွမ်းရည်မရှိလို့ တစ်ချို့ပျောက်ကွယ် သွားခဲ့ကြပြီး တစ်ချို့ကွယ်ပျောက်နေတုန်း၊ တစ်ချို့ကွယ်ပျောက်လတံ့ပါပဲ။ ကမ္ဘာပေါ်တွင် ရက်သတ္တတစ်ပတ်မှာ ဘာသာစကားတစ်ခုလောက် ဆိတ်သုန်း နေတယ်လို့ ဆိုပါတယ်။ နောင်တစ်ချိန်မှာ တရုတ်စကား၊ ဟိန္ဒူစကား၊ အင်္ဂလိပ်စကား စတာတွေပဲကျန်ပါလိမ့်မယ်။

တစ်ချို့ပညာရှင်တွေ အနာဂတ်အတွက် စိတ်ပူမိ တာက ဘာသာစကားယဉ်ကျေးမှု အသေးအသေးတွေ ပျောက်ကွယ် သွားပြီးတဲ့ နောက်ပိုင်း မဟာအင်အားကြီး အနည်းအကျဉ်းကျန်တဲ့ အခါသူတို့ အချင်းချင်း တိုက်ခိုက်လာကြပြီး ကမ္ဘာပျက် သွားနိုင်ပါတယ်တဲ့။ ယခုလက်ရှိ အခြေအနေလို အသေးအသေးဘာသာယဉ်ကျေးမှု၊ လူမျိုးစုလေးတွေ ပျံ့နှံ့စိမ့်ဝင် နေတော့ အကြီးကြီးတွေလည်း ငြိမ်နေကြရပါတယ်။ ဒါကြောင့် အသေးအသေး တွေဖြစ်တဲ့လူမျိုး၊
ဘာသာစကား၊ယဉ်ကျေးမှုတွေ မပျောက်အောင် ထိန်းထားနိုင်ရင် သာဓုခေါ်စရာပါ။

ယနေ့ကမ္ဘာပေါ်မှာ အလျင်အမြန်ကြီးထွား နေသော မွတ်ဘာသာဝင်တွေဟာအရမ်း ထက် မြက်ထူးချွန်သော ဗီဇစွမ်းရည်များဖြင့် ကမ္ဘာတစ်လွှားတိုး တက်ပျံ့နှံ့လာနေပါပြီ။အမေရိကန်နိုင်ငံမှာ သန်း(၁၀) ထက် မနည်း အများစုဟာ ချမ်းသာစွာနေနိုင်ကြတယ်တဲ့။ပြင်သစ်နိုင်ငံမှာ (၄၀)ရာခိုင်နှုန်း ကျော်ဟာသူတို့တွေဖြစ် ကုန်ပြီလို့ကြားလိုက်ရသေးတယ်။ ဟိန္ဒူ ဘာသာ ကတော့ ပျံ့နှံ့ဘို့မလွယ်ပေမဲ့ ထိန်းသိမ်းမှုစွမ်းရည်က သိပ်မြင့်မား ပါတယ်။ ဟိန္ဒူမိဘမှ မမွေးဘဲနှင့် မည်သူမျှ ဟိန္ဒူဘာသာဝင်ဖြစ်မလာနိုင်ပေ။

မိမိတို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရရှိထားတဲ့အခြေအနေကိုပဲ တက်ညီလက်ညီ စည်ပင်ပြန့်ပွားအောင် အမြန်လုပ်ဆောင်ဖို့ပဲရှိတော့တယ်။ ဥပမာ-စင်္ကာပူ၊ မလေး ရှားမှာ မြန်မာကျောင်း(၂၀)ကျော်လောက် တည်ထောင်ဖွင့်လှစ် ထားကြပါ တယ်။ ဒါလေးတွေကို ကျရာတာဝန်ကနေပြီး တတ်စွမ်း သမျှ ပြန်ပွားထွန်းကား အောင်လုပ် နိုင်လျှင် သာဓုခေါ်စရာ ကောင်းပါ သည်။
စင်္ကာပူအရှင်

No comments:

Post a Comment