Wednesday, August 14, 2013

ဗုဒ္ဓနှင့်ဘာသာခြား ဇာဏုသောဏီပုဏ္ဏား

တစ်နေ့သောအခါ  မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်သို့ ဘာသာခြား  ပညာရှိ မင်းအကြံပေးအရာရှိ ဇာဏုသောဏိပုဏ္ဏား ဘုရာထံသို့ရောက်လာသည်။ သူ ရောက်လာခြင်းက မြတ်စွာဘုရားအတွက် ထူးထူးဆန်းဆန်းဖြစ်လို ပုဏ္ဏားကြီးအတွက် ရင်ခုန်စရာ စွန့်စားမှု့ကြီးတစ်ခုဖြစ်သည်။

သူ လာရခြင်း အကြောင်းကတော့ ဗုဒ္ဓ၏ ဂုဏ်သတင်းများ မင်းနန်းတွင်မှာ ဟိုးလေးတကျော်ဖြစ်နေတာရယ်။  သူ့ရဲ့ ဆရာ ကောသလမင်းကြီး ဘုရားထံနေတိုင်းသွာနေသည်ကိုမြင်တွေ့ရ၍ ဘုရားရှင်ကို  သူအထင်ကြီးတာရယ်။ သူရဲ့ဘက်တော်သား အယူဝါဒတူ ပေါက္ခရသတိပုဏ္ဏာတို့၊ ဝေရဉ္စာပုဏ္ဏာတို့ဆိုလျှင် ဘုရားဘက်တော်သား ဖြစ်သွားရုံမျှက ၊ ဆွမ်းဒကာ ၊ဥပကာများပင်ဖြစ်သွားကြတာကို သူအထူးစိတ်ဝင်စားသောကြောင့်ဖြစ်သည်။

ပညာရှိ မင်းအကြံပေး တစ်ယောက်အနေဖြင့် ဘုရားထံကို သွားမှာဆိုတော့ ဘုရားထံရောက်က မေးမြန်းဖွယ်ရာ ပုစ္ဆာများကိုလည်း သူကြိုတင်စဉ်းစာထားပြီးဖြစ်သည်။

သူ ဘုရားထံရောက်ရောက်ခြင်း  ရိုသေမှုကို မပြုသေး ၊ နုတ်ဆက်စကားပြောပြီး။ ‘အကျွုန်ုပ် ဇာဏုသောဏိ’ ဟု စတင်မိတ်ဆက်လိုက်သည်။
‘သိပါတယ်..ပုဏ္ဏား’ လို့ ဗုဒ္ဓက နုတ်ဆက်စကာ ပြန်ဆိုလိုက်သည်။

‘အရှင်ဘုရားထံ မေးမြန်းစရာများရှိ၍ အကျွုန်ုပ်လာခဲ့ခြင်းပါ။ မေးလို့မြန်းလို့များရမလား’

ဗုဒ္ဓက  ဆိတ်ဆိတ်နေခြင်းဖြင့် သူရဲ့ အမေးကို လက်ခံလိုက်သည်။
 အရှင်ဂေါတမ…
•    မင်းတို့ဟာ အဘယ်အရာကို အလိုရှိအပ်ပါကုန်းသလဲ။
•    အဘယ်အလို့ငှာ လေ့လာကြပါသလဲ။
•    အဘယ်လျှင် တည်ရာရှိပါသလဲ။
•    အဘယ်ကို နှလုံးသွင်းကြပါသလဲ။
•    မင်းတို့၏ လိုအပ်ချက်မှာ အဘယ်မှာ အဆုံးရှိပါသလဲ။
ဗုဒ္ဓ။
•    မင်းတို့ဟာ စည်းစိမ်းကို အလိုရှိကြတယ်။
•    ပညာအလို့ငှာ လေ့လာကြတယ်။
•    စစ်သည်ဗိုလ်ပါအပေါင်းလျှင် တည်ရာရှိတယ်။
•    ရေမြေကို အစိုးရခြင်း၌ နှလုံးသွင်းတယ်။
•    မင်းတို့ အဆုံးစွန်သော လိုအပ်ချက်ကား အစိုးရခြင်းဖြစ်တယ်။

ပုဏ္ဏားကြီး မြတ်စွာဘုရားရဲ့ အဖြေကို တော်တော်လည်း သဘောကျသွားသည်။ သူ့ကိုလည်း   တခြားဘာသာရေးခေါင်းဆောင်းများနှင့်မတူ လိုလိုလားလား ဆက်ဆံပြီး မေးခွင့်ပြုသောကြောင့် လည်းနောက်ထပ် မေးခွန်းများမေးရန် စိတ်အားထက်သန် ဒုတိယ မေးခွန်းကို ထပ်မေးလိုက်သည်။

အရှင်ဂေါတမ..
•    ပုဏ္ဏားတို့သည် အဘယ်ကို အလိုရှိပါသလဲ။
•    အဘယ်အလို့ငှာ လေ့လာကြသလဲ
•    သူတို့၏ ဆောက်တည်ရာကား အဘယ်ပါလဲ။
•    သူတို့ အဘယ်ကို နှလုံးသွင်းကြပါသလဲ။
•    သူတို့၏ လိုအပ်ချက်ကား အဘယ်ပါလဲ။
•   
ပုဏ္ဏားတို့သည်…
•    စိည်းစိမ်ကို အလိုရှိကြပါတယ်။
•    ပညာအလို့ငှာ လေ့လာကြပါတယ်။
•    သူတို့၏ ဆောက်တည်ရာကား မန္တာန်သာဖြစ်ပါတယ်။
•    ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကြပါတယ်။
•    သူတို့၏ အဆုံးစွန်သော ရည်မှန်းချက်ကား ဗြဟ္မာဘုံမျှသာဖြစ်ပါတယ်။
ဇာဏုသောဏိပုဏ္ဏားတစ်ယောက် ဘုရားရဲ့အဖြေကို ကြားတော့ တော်တော်လေး အံ့သြသွားပြန်သည်။ သူကိုယ့်သူ မေးမိတာများ မှားသွားပြီးလားလို့ တွေးထင်းလိုက်သည်။ ဗုဒ္ဓက သူတို့အကြောင်း ကကြီးမှအစ အ-အဆုံးထိ အံပြသွားသည်မဟုတ်လား။
ထိုခေတ်က  ပုဏ္ဏာတို့၏ စည်စိမ်းသည် မင်းတို့စည်းစိမ်မမီသော်လည်း မင်းနှင့်ပုဏ္ဏားဆိုတာ အဲဒီခေတ်က စည်းစိမ်ပြိုင်၊ ဂုဏ်ပိုင်ဖက်များ ဖြစ်ကြသည်။

အမျိုးဂုဏ်ပြိုင်ရာ၌ မင်းနှင့်ပုဏ္ဏား မည်သူကမြတ်သည်ဆိုတာကို သမိုင်းနှင့်ချီ၍ နေရာလုသော ခေတ်ဖြစ်ပါသည်။ မင်းမှာ အုပ်ချုပ်သူလူတန်းစားဖြစ်၍  မသိမသာ အရှုံးပေးထာရသော်လည်း ရိုးရာယဇ်ပူဇော်ပွဲမှာ ပညာရှင်ပုဏ္ဏာတို့ အသာစီးရနေသည်။ ဒါကြောင့် မင်းနှင့်တစ်နိုင်ငံလုံးက ယဇ်ကြီး၊ယဇ်ငယ် ပူဇော်ပွဲကို သာထက်ငါသာအောင် အမြဲတမ်းနှလုံးသွင်းထားကြသည်။

ဤတွင်.. မင်းမျိုးနွယ် ဂေါတမက ဗြဟ္မဏဝါဒကို တိုက်ရိုက် မရှုတ်ချသော်လည်း သူ၏ အနတ္တဝါဒ၊ နိဗ္ဗာနဝါဒကတော့ ဗြဟ္မဏဝါဒကို နှိမ့်ချသယောင်ဖြစ်နေသည်။ သို့သော် ပုဏ္ဏားကြီကိုယ်တိုင်းလည်း နိဗ္ဗာန်ဝါဒကို နားမလည်းနိုင်သေး။ သဘောမပေါက်သေး။

ပုဏ္ဏားကြီး ဘုရားနှင့်စကားပြောရာမှာ အပေးအယူ နာလည်းမှုရှိသောကြောင့် ရင်းနှီးလာကာ သူသိလိုသော မေးခွန်းများကို ထပ်မေးပြန်သည်။
အရှင်ဂေါတမ..
•    သူကြွယ်တို့သည် အဘယ်ကို အလိုရှိပါသလဲ။
•    အဘယ်အလို့ငှာ လေ့လာကြပါသလဲ။
•    အဘယ်ကိစ္စကို နှလုံးသွင်းကြပါသလဲ။
•    အဘယ်အရာတွင် အဆုံးရှိပါသလဲ။
ပုဏ္ဏား..
•    သူကြွယ်တို့သည် စည်းစိမ်ကိုသာ အလိုရှိကြပါတယ်။
•    ပညာအလို့ငှာ လေ့လာကြပါတယ်။
•    ကုန်သွယ်မှု အတတ်ပညာသာလျှင် တည်ရာရှိပါတယ်။
•    အလုပ်ကိစ္စ၌ နှလုံးသွင်းခြင်းလျှင် အဆုံးရှိကြပါတယ်။
ဂေါတမသည် လူတို့ကိစ္စအဝဝကိုလည်း တိတိကျကျဖြေသွားတော့ ပုဏ္ဏာကြီး အံသြရပြန်သည်။ ဂေါတမသည်လူကုံတို့ကိစ္စသာ နာလည်နိုင်စွမ်းရှိရာ၏၊ လူမှုအောက်ခြေအရပ်ရပ်ကို နာမလည်နိုင်ရာ ဤသို့တွေး၍  အရှင်ဂေါတမ..
•    မိန်းမတို့သည် အဘယ်အရာကို အလိုရှိဆုံးလဲ။
•    အဘယ်အရာကို လေ့လာကြပါသလဲ။
•    အဘယ်အရာသာလျှင် တည်ရှိကြပါသလဲ။
•    အဘယ်အရာကို နှလုံးသွင်းကြပါသလဲ။
ပုဏ္ဏား…
•    မိန်းမတို့သည်.. ယောက်ျားကို အလိုရှိကြပါတယ်။
•    ဝတ်စားဆင်းယင် အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။
•    သူတို့၏ ထောက်တည်ရာကား သားပေတည်း။
•    သူတို့၏ နှလုံးသွင်းမှုကား လင်တူ မယားမရှိမှုပင်တည်း။
•    သူတို့၏ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။
ယင်းအဖြေများကို ကြားရတော့ ပုဏ္ဏားကြီး ထခုန်မတတ်ဖြစ်သွား၏။ ရှင်ဂေါတမ၊ လူတို့ကိစ္စအဝဝကို နားလည်လှပါ၏။ မှန်လှပါ၏ဟု နှစ်သိမ့်သွား၏။

ပုဏ္ဏားကြီးသည် မင်းနန်းတော်နှင့် နေရာတကာတွင် ဆရာကြီးတစ်ဆူဖြစ်သော်လည်း အိမ်သို့ရောက်အသောအခါ အိမ်သူပုဏ္ဏေးမကြီးက  စိုးပိုင်ချင်သည်။ ဆရာလုပ်ချင်သည်။ သူ့ထက် သူ့သားများကိုသာ အရာရာအားထား အလေးပေးသည်။ အိမ်တွင် သူ ဘုရင်ဖြစ်၏။ ထို့ကြောင့်လည်း “အိမ်ရှင်မ” ဟူသော ဝေါဟာရပေါ်ပေါက်လာခြင်းဖြစ်ပေလိမ့်မည်။

အခြားအကြောင်းများ ရှိပါသေးသည် ပုဏ္ဏားကြီးသည် အသက်အရွယ်ကြီးပြင်း အိုးမင်းလှပြီ ဖြစ်သော်လည်း ပုဏ္ဏေမကြီးက သွားလေရာရာ စိတ်မချ၊ မယားငယ်တို့နှင့် တွေ့လာမည်းကို အမြဲမပြတ် စိုးရိမ်း မယုံသင်္ကာ မကြာခဏ မေးတတ်မြန်းတတ်သည်။
ပုဏ္ဏေးမကြီးသည် အသက်အရွယ်ကြီးပြင်လှပြီးဖြစ်သော်လည်း တန်ဆာဆင်ယင် အလှပြင်းခြင်းမှာတော့ ခေတ်ကာလ ကလေးမတွေ အရှုံးပေးရအောင် ကြေးမုံရှေ့တွင် အမြဲ လိုလို ရှိနေတတ်သည်။

ပုဏ္ဏားကြီး ရှင်ဂေါတမကြီး အဖြေများကို ခေါင်းတညိမ့်ညိမ်နှင့် ကျေးနပ်ဟန်ရှိသော်လည်း ရာနှုန်းပြည့် ယုံကြည်မှုကား မရှိသေး ထို့ကြောင့် ရှင်ဂေါတမ မသိဟု သူယူဆထားသော အခြားကိစ္စကို ထပ်မေးမြန်းပြန်ပါတယ်။
အရှင်ဂေါတမ..
•    သူခိုးတို့သည် အဘယ်ကို အလိုရှိကုန်ပါသလဲ။
•    အဘယ်အလို့ငှာ လေ့လာကြပါသလဲ။
•    အဘယ်အရာတွင် တည်ရှိပါသလဲ။
•    အဘယ်အချက်ကို နှလုံးသွင်းပါသနည်း။
•    အဘယ်ဆန္ဒလျှင် အဆုံးရှိပါသနည်း။
ပုဏ္ဏား..
•    သူခိုးတို့သည် သူတစ်ပါး ပစ္စည်းယူခြင်းကို အလိုရှိကုန်၏။
•    လျှိုဝှက် ပုန်းအောင်းရန်အလို့ငှာ လေ့လာကုန်၏။
•    သူတို့၏ ထောက်တည်ရာကား လက်နက်သာတည်း။
•    မမြင်ကွယ်ရာ၌ အမှိုက်မှောင်ကို နှလုံးသွင်း၏။
•    သူတို့၏ အဆုံးစွန်သော ဆန္ဒကား ဥစ္စာရှင်တို့ မမြင်မသိကြစေလိုခြင်းဖြစ်၏။
ဤအဖြေများကို ကြားရပြန်တော့လည်း ရဟန်းဂေါတမ ၊ အသေးအမွှား သူခိုးအကြောင်းလည်း သိပါလားဟုဆိုတွေးကာ အံသြရပြန်၏။ နောက်ဆုံးတော့ ပညာရှိပီပီ လေးလေးနက်နက် မေးခွန်းများကိုလည်း မေးဦးမှတွေးကာ..
ရဟန်းဂေါတမ..
•    ရဟန်းတို့သည် အဘယ်အရာကို အလိုရှိကြပါကုန်သလဲ။
•    အဘယ်အလို့ငှာ လေ့လာကြပါကုန်းသလဲ။
•    အဘယ်အရာလျှင် တည်ရှိကြပါကုန်သလဲ။
•    အဘယ်အရာကို နှလုံးသွင်းကြပါကုန်သလဲ။
•    အဘယ်မှာလျှင် အဆုံးရှိကြပါကုန်သလဲ။
ပုဏ္ဏား..
•    ရဟန်းတို့သည် ကြုံလာသမျှ သင်္ခါရတွင် သည်းခံမှု ဓမ္မနှင့် သီလစင်ကြယ်မှုကို အလိုရှိကြကုန်၏။ အကြောင်းမူကား ငါဘုရားသည် တပည့်သားရဟန်းတို့အား သီလလျှင် အခြေခံအပ်သော သည်းခံမှုကို အထူးပြု၍ ဟောကြားဆုံးမထားသည်။
•    ရဟန်းတို့သည် လောကုတ္တရာအလို့ငှာသာလျှင် လေ့လာသင်ကြားကုန်၏။
ရဟန်းတို့၏ အသက်ပမာ ဆောက်တည်ရာကား သီလပင်တည်း။

•    သီလစင်ကြယ်၍ သည်းခံမှုကို သတိကပ်၍ နေ့စဉ်ကျင့်သုံး နေထိုင်ရာတွင်လည်း ကြောင့်ကြမှုကင်းအောင် မပြတ်နှလုံးသွင်းသည်။
•    ရဟန်းတို့၏ နောက်ဆုံးပန်းတိုင်ကား.. ရုပ်နာမ်ဒုက္ခတို့ ကင်းငြိမ်းရာ မဟာနိဗ္ဗာန သန္တိသုခပင်ဖြစ်သည်။
ဗုဒ္ဓသည် ပုဏ္ဏားကြီးသိလိုသမျှကို တိတိကျကျ ပြတ်ပြတ်သားသားဖြေသွာခြင်းကြောင့် ဘုရားကို အလွန်လေးစားသွား၏။ ဇာဏုသောဏိပုဏ္ဏားကြီး၊ အတ္တကိုအခြေခံထားသော ဗြဟ္မဏအတွေး အခေါ်များကာ နှလုံးသားတွင် အမြစ်စွဲနေသောကြောင့် သန္တိသုခနိဗ္ဗာန ချက်ချင်း သဘောမပေါက်နိုင်သေးသော်လည်း။ သည်းခံမှုတရားကို လေးစားသည်၊သီလကို ကြည်ညိုသည်။ ပညာကို ရိုသေသည်။

ထို့ကြောင့် ဗုဒ္ဓနှင့်ပုဏ္ဏားကြီးတို့ အမေးအဖြေအပြီးတွင် ဘုရားရှင်းအားချဉ်းကပ်၍ “အရှင်းဘုရား တရာတော်များသည် အံဖွယ်ရှိပါ၏။ နှစ်သက်ဖွယ်လည်းရှိပါ၏။ သို့ဖြစ်ပါ၍ ယနေ့မှစ၍ အကျွန်ုပ်အား အရှင်နှင့်တကွ တရား၊သံဃာ ရတနာသုံးပါးကို ဆည်းကပ်သူ ဥပသကာဟု မှတ်တော်မူပါ” ဟု လျှောက်ထားတော်မူလိုက်သည်။

အတ္တသည် ကြောက်စရာကောင်းအောင် အစွဲအလမ်းကြီးလှ၏။ အတ္တသည် အမှား/အမှန် ဆုံးဖြတ်နိုင်စွမ်းကို တားဆီးပိတ်ပင်ထား၏။ ဇာဏုသောဏိပုဏ္ဏားကြီးသည် ဥာဏ်ထက်မြတ်သော လည်း ဗြဟ္မဏဝါက အတ္တကကြီးစိုးနေသောကြောင့် ဗုဒ္ဓ၏ အနတ္တဓမ္မကို နားမလည်နိုင်အောင် ကာကွယ်တားဆီးထား၏။

ထို့ကြောင့် လောကတွင် ကိစ္စအဝဝကို စဉ်းစားတွေးခေါ်၌ မိမိအတ္တကို ခွါချထားပြီး တွေးခေါ်မှ အဖြေမှန်ကိုရနိုင်၏။ ငါဟူသော အတ္တကို အခြေခံထားသမျှ ၊ နားလည်နိုင်မှု၊သဘောထား တူညီမှုများ  မရနိုင်ပါ။

စာညွှန်း
သိလက္ခန္ဓပါဠိတော်
ဗုဒ္ဓစာပန်းချီ

No comments:

Post a Comment